Friday, May 10, 2013

တောင်ကိုးရီးယားသမ္မတက မြောက်ကိုးရီးယားရန်စမှုများအောင်မြင်မည် မဟုတ်ဟုပြောကြား

Posted by drmyochit Friday, May 10, 2013, under | No comments



ဝါရှင်တန်၊ မေ ၉။

ဗုဒ္ဓဟူး နေ့က ပြုလုပ်သည့် အမေရိကန် လွှတ်တော်တွင် ပြုလုပ်သည့် တွေ့ဆုံ ပွဲတွင် တောင် ကိုးရီးယား သမ္မ တ ပါခ်ဂျင်ဟီးက ကိုးရီးယား ကျွန်း ဆွယ်၏ အနာဂတ်သည် ငြိမ်းချမ်းရေးဆောင်ရွက်ရာတွင် အမေရိ ကန် ၏ ပါဝင် ပတ်သက်မှု အပေါ် မူတည် နေကြောင်း ပြောကြားသည်။

မစ္စပါခ်က မြောက်ကိုးရီးယားနှင့် မကြာခင်အထိ တင်းမာမှုများရှိပြီး နှစ်နိုင်ငံပြန်လည်ပေါင်းစည်းရေး ယနေ့ တိုင် ဝေးနေ မြဲဖြစ်သော်လည်း ဖြစ်နိုင်ခြေ ရှိကြောင်း ပြောကြားသည်။

“မြောက်ကိုးရီးယားဟာ ရန်စမှုတွေ၊ ခြိမ်းခြောက်မှုတွေ ဆက်လက်ထုတ်ပြန်နေတယ်၊ တောင် ကိုးရီးယား အစိုးရ အနေနဲ့ ပြင်းထန်စွာ တုံ့ပြန်ပါ တယ်။ ဒါပေမယ့် တည်တည်ငြိမ်ငြိမ်နဲ့ပါ၊ ကျွန်မတို့ဟာ အသင့် အနေ အထား ကို အမြင့်ဆုံး အဆင့်မှာ ထားရှိ ပါတယ်”ဟု ပြောကြားသည်။

အမေရိကန်နှင့် တောင်ကိုးရီးယားတို့ ခိုင်မာသည့် ဆက်ဆံရေးဖြစ်နေသ၍ မြောက် ကိုးရီးယား ရန်စမှု များသည် မအောင်မြင်နိုင်ကြောင်း တောင်ကိုးရီးယားသမ္မတက ဆက်လက်ပြောကြားသည်။

မတ်လနှင့် ဧပြီလအတွင်းတွင် မြောက်ကိုးရီးယားဘက်မှ အမေရိကန်နှင့် တောင်ကိုးရီးယားတို့အား နျူ ကလီး ယား စစ်ပွဲ တိုက်ခိုက်မည်ဆို သည် အထိ ခြိမ်းခြောက်မှုများထုတ်ပြန်ပြီး တင်းမာမှု တိုးလာ စေခဲ့ သည်။

မကြာမီက မြောက်ကိုးရီးယားတို့သည် အရှေ့ဘက်ကမ်းခြေရှိ ၎င်းတို့၏ဒုံးကျည်နှစ်ကို ပြန်လည် ရုတ်သိမ်း သွားရာ တင်းမာမှုပြေလျော့သည့် အခြေအနေဖြစ်နေသည်။

တောင် ကိုးရီးယား သမ္မတက ၎င်းကဲ့သို့လုပ်ဆောင်ခြင်းသည် ငြိမ်းချမ်းရေးဆောင်ရွက်ချက်များအပေါ် သက် ရောက်မှု မရှိကြောင်း ပြောကြား သည်။

“နှစ်ဖက် ယုံကြည်မှု ဟာ ငြိမ်းချမ်းရေးလမ်းကြောင်း လို့ ကျွန်မအခိုင်အမာယုံကြည်ပါတယ်၊ နျူ လက်နက် တပ်ဆင် ထား တဲ့ မြောက်ကိုးရီးယားကို တောင်ကိုးရီးယားတို့ ဘယ်တော့မှ လက်ခံမှာမဟုတ်ဘူး”ဟု တောင် ကိုးရီးယားသမ္မတက ပြောကြားသည်။

၎င်း၏ ယခုမိန့်ခွန်းသည် အိမ်ဖြူတော်တွင် အမေရိကန်သမ္မတနှင့် တွေ့ဆုံပြီး နောက်ရက်တွင် ပြောဆိုခြင်း ဖြစ် သည်။

သမ္မ အိုဘားမား ကလည်း တွေ့ဆုံပွဲအပြီး သတင်းထောက်များနှင့် တွေ့ဆုံပွဲတွင် မြောက်ကိုးရီးယား၏ မကြာ ခင်က ရန်စမှုများသည် တောင်ကိုး ရီးယားနှင့် အမေရိကန်ဆက်ဆံရေးကို ပိုမိုနီးကပ်လာစေကြောင်း ပြောကြား ခဲ့သည်။

“အမေ ရိကန်နဲ့ တောင် ကိုးရီးယား တို့ကတော့ ညီညွတ်မှုမြဲညီညွတ်ပြီးတော့ မြောက်ကိုးရီးယားကတော့ အထီး ကျန်မြဲဖြစ်မှာပါ” ဟု ၎င်းက ဆို သည်။

Ref:CNN
From: မြန်မာ့ခေတ် 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်