Friday, May 10, 2013

ဟိုပန်တွင် ကန့်ကွက်၍ ၀င်မရသည့် မင်းကိုနိုင် သီပေါတွင် ဘာပြောခဲ့သလဲ

Posted by drmyochit Friday, May 10, 2013, under | No comments



ဟိုပန်မြို့မှ ဒေသခံများ ကန့်ကွက်ခဲ့သည့် မင်းကိုနိုင်တို့အဖွဲ့သည် သီပေါမြို့သို့ ရောက်သည့်အခါ ပြည်သူ အ ကျိုး အတွက် ဘာတွေ ပြောမည် ထင်သနည်း။ မပြောပါ။ အစိုးရ မကောင်းကြောင်းသာ ပြောသည်။ ပုဒ်မ ၄၀၁ ကို ရည်ညွှန်းပြီး ပြောသည်။ လက်မခံပါဟု ဆိုသော်လည်း ထောင်ထဲပြန်နေမည်ဟု မပြောခဲ့ပါ။ ၈၈ ပွင့် လင်း လူ့အဖွဲ့အစည်းဆိုတာ နယ်တကာလှည့်ပြီး ဘာတွေပြော၊ဘာတွေ လုပ်နေလဲ ဆိုတာ သိစေဖို့ DVB က ဖော်ပြထားတဲ့ မင်းကိုနိုင်၏ သီပေါရောက်စကားကို ဖော်ပြပေးလိုက်ပါတယ်။ ၄င်းတို့ ကိုယ်ကျိုး မထိခိုက်စေရန်နှင့် အစိုးရကို  အပုပ်ချရန် မှ တပါး အခြားမပါပေ။
============================== 

ပုဒ်မ ၄၀၁ နဲ့ပတ်သက်လို့ ကျွန်တော်တို့ကို လွှတ်တဲ့အချိန်မှာ ထောင်ထဲရှိနေတဲ့ အချိန် လက်မှတ် မထိုး ခိုင်း ခဲ့ဘဲေ ထာင်အပြင်ရောက်မှ ခင်ဗျားတို့ကို ပုဒ်မ ၄၀၁ နဲ့လွှတ်တာလို့ အပြင်ရောက် မှပြော တာဖြစ် တယ်။ ကျွန်တော်တို့ သဘောမတူဘူးဆိုတာကို ဆိုလိုချင်တာပါ၊ နံပါတ် ၁ လုံးဝသဘော မတူဘူး၊ အကြွေး ကျန် တဲ့ကိစဟာ လုံးဝမရှိသင့်ပါဘူး၊ ဘာကြောင့်လဲ အမျိုးသားပြန်လည်သင့်မြတ်ရေးလို့ အသံကောင်း ဟစ် ထား တယ် ဆိုရင် ဒါမလိုတဲ့ကိစ္စဖြစ်ပါတယ်။

အမျိုးသားပြန်လည်သင့်မြတ်ရေးပြောတယ်၊ တစ်နိုင်ငံလုံး လက်တွဲပီးတော့ ဒီမိုကရေစီလုပ်ရမဲ့အချိန်မျိုးမှာ ၄၀၁ အရ အကြွေး သတ်မှတ်ပီးတော့ ပြန်ပီးပစ်ဒဏ်အနေနဲ့ပေးချင်းဟာ နံပါတ်၁ လုံးဝ သဘော မတူနိုင် ဘူး။ လုံးဝလက်မခံနိုင်သလို ဒီပုဒ်မအရ ကျန်ရှိနေတဲ့ ဒီအကြွေးမှန်သမျှကို ဖယ်ရှားတောင်းဆိုတယ်” လို့ ရှမ်းပြည် မြောက် ပိုင်းခရီးစဉ် မှာ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်က သီပေါ မြို့သူမြို့ သား များ ကို ပြောကြား။

From: OPPOSITEYES

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်