Sunday, April 14, 2013

နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် ဇနီး ဒေါ်ခင်ခင်ဝင်း မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန် ရေသဘင်ပွဲတော် ပါဝင်ဆင်နွဲ

Posted by drmyochit Sunday, April 14, 2013, under | No comments



နေပြည်တော် ဧပြီ ၁၄

နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် ဇနီး ဒေါ်ခင်ခင်ဝင်း တို့သည် ယနေ့ (အတာသင်္ကြန် အကျနေ့) နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် မြက်ခင်းပြင်၌ ကျင်းပသည့် ၁၃၇၄ ခုနှစ် မြန်မာ့ရိုးရာ ယဉ်ကျေးမှု မဟာသင်္ကြန်ရေသဘင် ပွဲတော်၌ ပါဝင်ဆင်နွဲကြသည်။

နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် ဇနီး ဒေါ်ခင်ခင်ဝင်း တို့သည် နံနက် (၉) နာရီ (၁၅) မိနစ်တွင် နိုင်ငံတော်သမ္မတအိမ်တော် မြက်ခင်းပြင်ရှိ သမ္မတအိမ်တော်ဝင်း မိသားစု မဟာသင်္ကြန် ရေကစားမဏ္ဍပ်သို့ ရောက်ရှိလာကြရာ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးများနှင့် နိုင်ငံတော် သမ္မတရုံး မိသားစုများက အောင်စံပယ်ပန်းကုံးများဖြင့် ဂါရဝပြု ကြိုဆိုကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတနှင့်ဇနီး၊ ဒုတိယသမ္မတ ဦးဥာဏ်ထွန်းနှင့်ဇနီး ဒေါ်ခင်အေးမြင့်၊ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီး ဒေါ်သန်းသန်းနွယ် တို့က တက်ရောက် လာကြသူများနှင့် အနုပညာရှင် များအား အတာရေ ဖြင့် ပက်ဖျန်းကြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတနှင့် ဇနီးတို့သည် ဒုတိယသမ္မတနှင့်ဇနီး၊ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် ဇနီး၊ ပြည်ထောင်စုဝန်ကြီးများ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီး များနှင့် ၎င်းတို့၏ ဇနီးများ၊ မိသားစုများနှင့်အတူ ခါသင်္ကြန်အဆိုအက များဖြင့် သီဆိုကပြဖျော်ဖြေမှုကို ကြည့်ရှုအား ပေးကြသည်။

အဆိုပါ ရေကစားမဏ္ဍပ်တွင် ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံခေတ်ပေါ် တေးဂီတ အဖွဲ့၊ ယဉ်ကျေးမှု ဝန်ကြီးဌာန အနုပညာဦးစီးဌာနနှင့် ကာကွယ်ရေး ဝန်ကြီးဌာန နှင့် နေပြည်တော်တိုင်း စစ်ဌာနချုပ်တို့မှ ယိမ်းအဖွဲ့ဝင်များနှင့် တေးသံရှင်များ၊ ရုပ်ရှင် အနုပညာရှင်များနှင့် တေးသံရှင်များက ခါသင်္ကြန် တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေ တင်ဆက်ကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတက ခါသင်္ကြန်အဆိုအကများဖြင့် ဖျော်ဖြေကြသည့် ရုပ်ရှင်အမေများအဖွဲ့အား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ပြီး ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။

ယင်းနောက် နိုင်ငံတော်သမ္မတနှင့် ဇနီးတို့သည် တက်ရောက်လာကြသူများနှင့် မြန်မာ့ရိုးရာ မဟာသင်္ကြန် ရေသဘင်ပွဲတော်အား အတူတကွ ဆင်နွဲကြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတနှင့်ဇနီး၊ ဒုတိယသမ္မတနှင့်ဇနီး၊ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် နှင့်ဇနီး၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းညွန့်နှင့် ဇနီးတို့က သီဆိုကပြဖျော်ဖြေကြ သည့် ယိမ်းအဖွဲ့ဝင်များနှင့် အနုပညာရှင်များအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြပြီး အခမ်းအနားကို ရုပ်သိမ်း လိုက်သည်။ 




From:myanmar express

ငွေငန်းဖြူနှင့် အပြိုင် သင်္ကြန်လည်နေသော ဗိုလ်ချုပ်ကြောင့်..........

Posted by drmyochit Sunday, April 14, 2013, under | No comments




 သို့….ဗိုလ်ချုပ်

ငါတို့ မြန်မာပြည်ဝယ် မိဘတိုင်းကကွယ်.. ဗိုလ်အောင်ဆန်းလို သူရဲကောင်းတွေ မွေးရမယ် ဆိုတဲ့ သီ ချင်းလေး က ကျွန်တော်တို့ နားထဲမှာ တကယ်ကို စွဲထင်နေပါတယ် ဗိုလ်ချုပ်။ ကိုယ်တိုင်က ဗိုလ်ချုပ်လို သူ ရဲကောင်း မဖြစ်နိုင်ပေမယ့် မြင်းစီးကြေးရုပ်ကြီး အထက်မှာ ခပ်မတ်မတ် ရှိနေတဲ့ ဗိုလ်ချုပ် ကြေးရုပ်ကြီးတွေ မြင် တိုင်း ကြက်သီး ထခဲ့ဖူးပါတယ်။ ဓားကို ထောက်လို့ ရပ်နေတဲ့ တည်ကြည်ပြတ်သားဟန် အပြည့်နဲ့ ဗိုလ် ချုပ် ရုပ်ထု တွေကို မြင်တိုင်းလဲ တိုင်းပြည် အတွက် ဗိုလ်ချုပ်ပေးဆပ်မှုတွေကို ဦးညွှတ်ဂါရ၀ ပြုလျှက်ပါပဲ..

ဗိုလ်ချုပ်တို့ ၁၉၄၇ ဇူလိုင် ၁၉ မှ ကျဆုံးသွားတဲ့ အချိန်ကစပြီး ၄၂ အကြာမှာတော့ ကျွန်တော်တို့ ချစ်တဲ့ ဗိုလ် ချုပ် ကို ကျွန်တော်တို့ နေရာအနှံ့မှာ ပြန်ပြီး တွေ့လာခဲ့ကြတယ်။ နေရာအနှံ့မှာ သမီးရဲ့ မဲဆွယ်ပွဲကို လိုက်ပြီး ကူညီပေးနေရတဲ့ ဖခင်ကောင်း တစ်ယောက်ကိုလည်း မြင်တွေ့နေခဲ့ရတယ်။ နိုင်ငံရေး သမားတွေ အ သုံး ချချင်တဲ့ စကားလုံးတွေကို ပြောပြော မပြောပြော ဗိုလ်ချုပ်ပြောခဲ့တယ် ဆိုပြီး လုပ်စားနေလို့ ဗိုလ် ချုပ် နာမည် ကို ရင်းနှီးသထက် ပိုပြီး ရင်းနှီးခဲ့ရတယ်။ နောက်ဆုံး တိုင်းပြည်ကြီး က ခွဲထွက်ဖို့ ကြိုးစားနေတဲ့ လက် နက်ကိုင် အဖွဲ့တွေကတောင် ဗိုလ်ချုပ်ကို အသုံးချနေကြတာ မြင်ရတော့ ဗိုလ်ချုပ် ရုပ်ထုတွေ မြင် တိုင်း ကျွန်တော် စကား တစ်ခွန်း တိုးတိုး ပြောမိတယ်။ ဗိုလ်ချုပ်တော့ လူမရှိတော့မှ အသုံးချခံနေရပြီ လို့။

အစိုးရ သစ် မတိုင်ခင်က ဗိုလ်ချုပ်ပုံကို တီရှပ်လုပ်ဝတ်၊ ရောင်းတန်းဝင် ဈေးကွက်ပစ္စည်းတွေ ဖြစ်အောင် လုပ်ကြပြီး နိုင်ငံရေး အမြတ်ထုတ်ခဲ့ကြတယ်။ လုပ်တဲ့အလုပ်က မင်းမဲ့စရိုက် ဆူပူဖို့၊ အကာအကွယ် ယူတာ က ဗိုလ်ချုပ် ဓာတ်ပုံ တီရှပ်နဲ့ အသုံးအဆောင်တွေ ဖြစ်နေတယ်။ နောက်ဆုံးတော့ ကျွန်တော်တို့မှာ တပ် မတော် စစ်ကြောင်း၊ တပ်ခွဲတွေမှာ အောင်ဆန်း စစ်ကြောင်း၊ အောင်ဆန်းတပ်ခွဲ ဆိုတာတွေ တွေ့ရတော့မှ ရဲရင့်ပြတ် သား ကိုယ်ကျိုးစွန့်တဲ့ ဗိုလ်ချုပ် ပုံရိပ် အစစ် အတွက် ဂုဏ်တင့်နိုင်ခဲ့ကြရတယ်။

တစ်နှစ်ထက် တစ်နှစ် ဗိုလ်ချုပ်ကို အသုံးချလာကြတာတွေက ဒီ ၂၀၁၃ ဆိုတဲ့ကာလမှာတော့ အထူးခြားဆုံး ဖြစ် ခဲ့ပြီ ဗိုလ်ချုပ်ရေ။ ရိုက်လို့ မကုန်၊ ရောင်းလို့ မလောက် ပါတီကြီး တစ်ခုရဲ့ ရန်ပုံငွေတွေကို ဗိုလ်ချုပ်က ရှာပေး ခဲ့တယ်။ ပလက်ဖောင်းပေါ်မှာ၊ ကားတွေပေါ်မှာ၊ နေရာတကာမှာ ဗိုလ်ချုပ် ဖြစ်နေခဲ့ပြီ။ ဒါတွေထက် ပိုပြီး ထူးခြားတာကတော့ ကားကြီးရဲ့ ရှေ့မှာ ခန့်ခန့်ကြီး ထိုင်စီးလာတဲ့ ဗိုလ်ချုပ် သင်္ကြန် လည်နေ ပါရော့လား။ ကျွန်တော်တို့ရဲ့ အမျိုးသားခေါင်းဆောင်ကြီး၊ လွတ်လပ်ရေးကို အရယူပေးခဲ့တဲ့ တပ်မတော် သား ကြီး တစ်ယောက် သင်္ကြန်ကားရဲ့ ရှေ့ဆုံးမှာ ငွေငန်းကြီး တစ်ကောင်နဲ့ အပြိုင် သင်္ကြန်လည်နေ ပါပေါ့ လား ဗျာ။

ဗိုလ်ချုပ်ရေ။ အမြင့်မြတ်ဆုံးသော ဘုံဘ၀ကနေ ဒါတွေကို မမြင်ပါစေနဲ့လို့ ဆုတောင်းနေမိပါတယ်ဗျာ။
 
 
 
From:opposite eyes 


တောင်သူလယ်သမား အကျိုးစီးပွား ကာကွယ်သည့် ဥပဒေ အချိန်မီ မပြဋ္ဌာန်းနိုင်ပါက နိုင်ငံတည်ငြိမ်အေး ချမ်းမှု မရှိနိုင်ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်းပြောကြား

Posted by drmyochit Sunday, April 14, 2013, under | No comments



တောင်သူလယ်သမား အကျိုးစီးပွား ကာကွယ်သည့် ဥပဒေအား အချိန်မီ ပြဋ္ဌာန်းနိုင်ရေး ဆွေးနွေးပြော ကြားနေသည့်ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦး ရွှေမန်းအား ဧပြီလ ၁၀ရက်က တွေ့မြင်ရစဉ်
----------------
တောင်သူလယ်သမား အကျိုးစီးပွား ကာကွယ်သည့် ဥပဒေအား အချိန်မီ မပြဋ္ဌာန်းနိုင်ပါက နိုင်ငံ တည်ငြိမ်အေးချမ်းမှု မရှိနိုင်ကြောင်း ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားခဲ့ သည်။

အဆိုပါ ပြောကြားချက်အား ဧပြီလ ၁၀ရက်နေ့က ရန်ကုန်မြို့ရှိ ကုန်သည်စက်မှု အသင်းချုပ်ရုံးတွင် တောင် သူ လယ်သမားများ၏ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်သည့် ဥပဒေရေးဆွဲ ညှိနှိုင်းရေး အစည်း အဝေး တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

''မြန်မာ နိုင်ငံရဲ့ အခြေခံ အကျဆုံး လုပ်ငန်းတွေဖြစ်တဲ့ စိုက်ပျိုးရေး လုပ်ငန်းနဲ့ မွေးမြူရေး လုပ်ငန်းတွေ အဆင်ပြေသလား ကြည့်လိုက်ရင် အဆင်မပြေကြပါဘူး။ သာမန်ကြည့်ရင် သူတို့ အဆင်မပြေတာ ဆိုပေ မဲ့ နိုင်ငံနဲ့ ဆိုင်တဲ့ ပြဿနာပါ။ သူတို့ ဆင်းရဲနေမယ်ဆို ဖွံ့ဖြိုးတိုးတက်ပြီး အေးချမ်းတဲ့နိုင်ငံ ဖြစ်မလာနိုင် ပါဘူး''ဟု သူရဦးရွှေမန်းက သုံးသပ် ပြောကြားသည်။

ဆွေးနွေးပွဲသို့ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင် အဖွဲ့ဝင်များ၊ စိုက် ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဝင်များ၊ စီးပွားရေးနှင့် ကုန်သွယ်လုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေး ကော်မတီဝင်များနှင့် တောင်သူလယ်သမား၊ အလုပ်သမားနှင့် လူငယ်ရေး ရာကော် မတီဝင်များ တက်ရောက်ခဲ့ပြီး ၀န်ကြီးဌာနများမှ တာဝန်ရှိသူများနှင့် ဆန်စပါးလုပ်ငန်း အသင်းချုပ်၊ မြန် မာနိုင်ငံ တောင်သူလယ်သမား အသင်းတို့မှ တက်ရောက် ဆွေးနွေးခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ တ၀န်းတွင် ဖြစ်ပွား နေသည့် လယ်ယာမြေသိမ်းဆည်း ခံရမှုများကြောင့် လယ်သမားအများ စု မှာ ဘ၀ရပ်တည်ရေး ခက်ခဲမှု ရှိ နေသည့်အပြင် ထိုက်သင့်သည့် ကာလပေါက်ဈေး လျော်ကြေးငွေ မရရှိမှု၊ စီမံကိန်းကြောင့် ဖြစ်ပေါ် လာသည့် ဆိုးကျိုးများကြောင့် ဘ၀ရပ်တည်ရန် ခက်ခဲမှုစသည့် ဖြစ်ရပ် များအပြင် စိုက် ပျိုးချေးငွေ မလုံ လောက်မှုကြောင့် ပြင်ပမှ အတိုးနှုန်း မြင့်မားစွာ ရှာဖွေစိုက်ပျိုးရမှုများ ဖြစ် ပေါ်နေ သည့် အပြင် ရာသီဥတု ဖောက်ပြန်မှုများကြောင့် အကြွေးပတ် လည်ဝိုင်းသည့် အနေအထားတွင် ရှိနေေ ကြာင်း သိရသည်။

တောင်သူလယ်သမား အကျိုး စီးပွား ကာကွယ်သည့် ဥပဒေတွင် အဓိက အချက် ၃ ချက်အား ဥပဒေ အကြမ်း တွင် ထည့်သွင်းထားပြီး အဆိုပါ အချက်များမှာ လုံလောက် သည့် ချေးငွေ ရရှိရန်၊ လက်မှုလယ် ယာ မှ စက်မှုလယ်ယာသို့ပြောင်းလဲ ရာတွင် စက်မှုဆိုင်ရာရင်းနှီးမြှုပ်နှံ မှုများ ထောက်ပံ့ပေးရန်၊ ဈေးကွက် ရရှိရေးနှင့် သင့်တော်သည့် ဈေးနှုန်း သတ်မှတ်ပေးနိုင်ရန် စသည့် အချက် များဖြင့် ရေးဆွဲထားကြောင်း သိ ရသည်။

''ချေးငွေ တိုးမြှင့်ရနိုင်ဖို့ အတွက် ဘဏ်တွေငွေကြေးဆိုင်ရာကော် မတီတွေ ညှိနှိုင်းဖို့ လိုသလို၊ စက်မှု လယ် ယာပြောင်းဖို့ ဈေးကွက် ရရှိဖို့လည်း စီးပွားကူးသန်း၊ လယ် ဆည် တို့ ပါဝင် စဉ်းစားလုပ် ဆောင် ဖို့လိုတယ်။ မွေးမြူရေးသမား တွေအတွက် အဆင်ပြေအောင် လည်း မွေးရေ၀န်ကြီးဋ္ဌာနက ပါဝင် ကူညီဖို့ လိုတယ်။ ဒီကိစ္စသုံးခုကို ပေါင်းစဉ်းစားနေရင် လယ်သမား တွေ ဒုက္ခရောက်သွားနိုင်သလို ဥပဒေလည်း ပေါ် လာနိုင်မှာ မဟုတ်ဘူး။ ဒါဆိုရင် လယ်သမား ပြသနာ ကနေ၊ နိုင်ငံတော်ပြသနာအထိဖြစ် သွားနိုင်တယ်'' ဟု သူရဦးရွှေမန်းက ဆက်လက်ပြောသည်။

လယ်သမားအကျိုးစီးပွားကာ ကွယ်နိုင်ရေးဥပဒေတွင် လယ်သမား များအနေဖြင့် စိုက်ပျိုးသီးနှံ၊ စပါး များ အား လွတ်လပ်စွာ စိုက်ပျိုး ရောင်းချနိုင်ခွင့် ပါဝင်သင့်ကြောင်း မြန်မာနိုင်ငံ တောင်သူလယ်သမား အသင်း ဥက္ကဋ္ဌဒေါက်တာစိုးထွန်းက ဆွေးနွေးခဲ့ပြီး တောင်သူလယ်သမား အလုပ်သမားနှင့် လူငယ်ရေးရာ ကော်မတီ မှလည်း စီမံကိန်းအပါအ ၀င်ရာသီဥတုကြောင့် ပျက်စီးသွား သည့် လယ်ယာမြေများအား အာမ ခံပေးနိုင် သည့် အချက်အလက်များ ထည့်သွင်းပေးရန် တင်ပြခဲ့သည်။

အဆိုပါ တောင်သူလယ်သမား အကျိုးစီးပွားကာကွယ်သည့် ဥပဒေအား လွှတ်တော်အတွင်း တင်ပြ ဆွေးနွေးနိုင် ရန် အမြန်ဆုံးရေးဆွဲရန် လိုအပ်ကြောင်းလည်း သူရဦးရွှေမန်း ကပြောသည်။

လွန်ခဲ့သည့် လအနည်းငယ် အတွင်း ဦးပိုင်၊ အော့ချက်စသည့် ကုမ္ပဏီများမှ လုပ်ကိုင်သည့် စီမံကိန်း များကြောင့် လယ်ယာမြေများ အသိမ်းဆည်းခံရသည့်အပြင် ထိုက် သင့်သည့်လျော်ကြေး မရရှိသဖြင့် စစ်ကိုင်း တိုင်း မုံရွာခရိုင်ရှိ လက်ပံ တောင်းတောင်စီမံကိန်းတွင် သပိတ် စခန်းများ ဖွင့်လှစ်ခဲ့မှု အပေါ် အ ကြမ်း ဖက် နှိမ်နင်းမှုနှင့် မအူပင် မြို့နယ်၊ မလက်တိုကျေးရွာအုပ်စု အစရှိသည့် နေရာများတွင် ဆူပူမှုများ ဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့ဝင်များနှင့် လယ်သိမ်းခံ ပြည်သူများ အကြားအဓိကရုဏ်းများလည်း ဖြစ်ပေါ် ခဲ့ကြောင်း သိရသည်။




From:opposite eyes

နေမျိုးဇင် ဟီလာထနေသည်

Posted by drmyochit Sunday, April 14, 2013, under | No comments



Nay Myo Zin : အောင်မငီး
အေးလိုက်တာဟယ်
နင်ကလဲ အဟီး

သမီး ဆိုး :  ကဲနေတယ်နော်
ဟွန်းးးးး
မနာလိုဘူး
တမီးချိုးကျတော့ အမေကြီးကားမှာ
ငုတ်နဲ့စောင့်နေရတယ်
သူကတော့ ဟီလာရီ ကလင်တန်လုပ်နေတယ်
ဟီလာထနေတယ် ..
အတော့်ကို ပျော်နေတယ်မလား

Nay Myo Zin : ကဲနေတာမဟုတ်ပါဘူးဟယ်
နင်ကလဲ အဟီး




Nay Myo Zin : ညီမ လို့ မပြောရဘူး အကုန်သိနေတာပါပဲလား

သမီး ဆိုး : သိတယ်ကိုကြီး

သမီးက ကိုကြီးကိုချစ်လည်းချစ်တယ်

လေးလည်းလေးစားတယ် 
 
 
သမီး ဆိုး : ကိုကြီးဆီလာရင်
ဘယ်အချိန်တွေ လာရမလဲ
အဆင်ပြေမလဲ

Nay Myo Zin : ဖုန်းသာ ကြိုဆက်လိုက်ပါ
အားနေတယ်

သမီး ဆိုး : appointment လုပ်ရမလား
ဖုန်းနံပတ်ပေးထားပါ
သမီးကို ရွှေသက်လို့ပဲခေါ်ပါ ကိုကြီး
အိမ်နာမည် ရွှေသက်ပါ

Nay Myo Zin : ဟုတ်

0949328559 ပါ
 




် From:myanmar express 




 

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်