ရခိုင်အရေးအခင်း မတိုင်မီ ဘီဘီစီသတင်းဌာနကနေ မြန်မာနိုင်ငံ မြေပုံပေါ်က ရခိုင်ပြည်နယ်နေရာမှာ ရိုဟင်ဂျာအမှတ်အသားကို ထည့်သွင်းဖော်ပြခဲ့ လို့ ပြည်တွင်းရော ပြည်ပ cမှာပါ ပြင်းပြင်းထန်ထန် ကန့်ကွက် ခဲ့ကြတာကို အားလုံးမှတ်မိကြပေ လိမ့်မည်။
သိပ်မကြာခင်မှာပင် ကျောက်နီမော်ရွာသူ မသီတာထွေးကို အဓမ္မကျင့်ပြီး ရက်ရက်စက်စက် သတ်ဖြတ်ခဲ့မှုကို အကြောင်းပြု၍ ကျူးကျော်ဝင်ရောက် နေထိုင်သူ ဘင်္ဂလီတို့နှင့် ဌာနေ ရခိုင်တိုင်းသားတို့အကြား လူမျိုးရေးအဓိကရုဏ်းဖြစ်ခဲ့သည်။
ရခိုင်အရေးအခင်းဖြစ်နေစဉ် အချိန်မှာပင် ပါမောက္ခ ၀ါကာအူဒင်ကို ဗွီအိုအေသတင်းဌာနမှူး ဦးသန်းလွင်ထွန်းကနေ အင်တာဗျူးလုပ်ပြန်သည်။ ”ရိုဟင်ဂျာဆိုတာ အများထင်သလို ဘင်္ဂလားဒေ့ရှ်က ဘင်္ဂလီမဟုတ်ကြောင်း၊ ကိုယ်ပိုင်ယဉ်ကျေးမှုနှင့် စကားရှိကြောင်း အတူယှဉ်တွဲနေထိုင်လို့ ဖြစ်နိုင်ကြောင်း ”စသည်ဖြင့်… စီကာပတ်ကုံး ရှင်းပြခဲ့သည်။
ပါမောက္ခ၀ါကာအူဒင်ရဲ့ ဆိုလိုရင်းကို အနှစ်ချုပ်ကြည့်လျှင် ရိုဟင်ဂျာ ကို တိုင်းရင်းသားအဖြစ် အသိအမှတ်ပြုပေးရေးကို တောင်းဆိုသွားသည်ဟု သတ်မှတ်နိုင်သည်။ တမင်ပွဲလှန့်ပြီး ဖျာဝင်ခင်းသည့် လုပ်ရပ်မှန်း သိသာလွန်းသည်။
များမကြာမှီမှာပင် တောင်ကုတ်တွင် တဗ်လီဂ်ဂျမာအတ်သား ၁၀ဦး သတ်ခံရပြီးနောက်ပိုင်းတွင် ဘာသာရေးအဓိကရုဏ်း အသွင်အဖြစ် ပြောင်းလွဲသွားပြီး နေရာတော်တော် များများသို့ ကူးဆက်ပြန့်ပွားခဲ့သည်။
မြန်မာနိုင်ငံတွင်ဖြစ်ပွားခဲ့သည့် အဓိကရုဏ်းတို့နှင့်ပတ်သက်၍ မီဒီယာတို့၏ တင်ပြပုံတို့မှာ အကောင်းဘက်ထက် အဆိုးဘက်ကိုသာ တွန်းပို့နေသည်ဟု အထက်တွင် တင်ပြခဲ့သည့်တို့နှင့်အတူ ၂၀၁၃၊ ဇူလိုင်လ (၁)ရက်နေ့ထုတ် တိုင်းမဂ္ဂဇင်းရဲ့ မျက်နှာဖုံးပါ The Face Of Buddhist Terror ဆောင်းပါးတို့က သက်သေပြနေသည်။
ကျောက်နီမော်အရေးအခင်းသည် ယနေ့ဖြစ်ပွားနေသည့် ဘာသာရေးအဓိကရုဏ်း၏ မီးစတစ်စဟု သုံးသပ်နေမှုများသည် အတိုင်းအတာတစ်ခုထိတော့ မှန်ကောင်းမှန်ပါလိမ့်မည်။ အခြားတဖက်မှာတော့ ကျောက်နီမော်အရေးအခင်း မဖြစ်ခဲ့လျှင်လည်း ပြဿနာ တစ်ခုခုကို အကြောင်းပြု၍ ဖြစ်ကိုဖြစ်လာပါလိမ့်မည်။
စစ်အာဏာရှင်ဆန့်ကျင်ရေးနှင့်အတူ ဘင်္ဂလီတို့၏လှုပ်ရှားမှုသည်လည်း အရှိန်ကောင်းခဲ့သည်။ ရိုဟင်ဂျာနာမည်ကိုသုံး၍ မြန်မာနိုင်ငံအတွင်းမှ တိုင်းရင်းသားတစ်ခုသဖွယ် နိုင်ငံတကာအ၀န်းအ၀ိုင်းသို့ ထိုးဖောက်ခဲ့သည်။
လူ့အခွင့်အရေး လက်နက်ကို ကျည်အပြည့်ထည့်၍ တွေ့သမျှ NGO တွေကို မလွတ်တမ်း ပစ်တော့သည်။
ဘယ်လောက်ထိအောင် အခြေအနေဆိုးခဲ့သလဲဆိုလျှင် မလေးရှား ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးအပါအ၀င် တချို့NGO တွေမှာ ရိုဟင်ဂျာကို ရခိုင်တိုင်းရင်းသားအဖြစ် နားလည်ထားကြသည်အထိ ဖြစ်ခဲ့ရသည်။
”မြန်မာအခက် ဘင်္ဂလီအချက်”လို့ ဆိုရလောက်အောင် ဘင်္ဂလီတွေဟာ ဆယ်စုနှစ် ငါးခုကျော် မြန်မာ့နိုင်ငံရေးအကျပ် အတည်းကာလကို ကောင်းကောင်းအသုံးချနိုင်ခဲ့သည်။ မီဒီယာအား လူ့အခွင့်အရေးဓါးနဲ့ မြန်မာနိုင်ငံကို ပါးပါးလှီးလာခဲ့သည်။
ဘင်္ဂလီတို့၏ နောက်ဆုံးလက်နက်သည် ဂျီဟတ်စစ်ဆင်နွှဲ၍ မြန်မာနိုင်ငံကို အပြီးသတ် ၀ါးမြိုရေးပင်ဖြစ်သည်။
ပထ၀ီအနေအထားကြောင့် ဖြစ်လာမည့် ဤစစ်ပွဲတွင် အနိုင်ရလိုသူသည် ပထ၀ီနိုင်ငံရေး သဘောတရားအရ လူဦးရေကို ထည့်သွင်းစဉ်းစားကြမည် အမှန်ပါ။
ရိုဟင်ဂျာဦးရေကို အမျိုးမျိုး ခန့်မှန်းကြသည်။ တချို့က သိန်းဂဏန်း၊ တချို့ကတော့ သန်းဂဏန်း။
ကျွန်တော်အနေဖြင့် ကိုယ်တွေ့ အဖြစ်အပျက်ကို လက်ကိုင်ထားလို့ ”ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာရှိတဲ့ ဘင်္ဂလီအရေ အတွက်ဟာ ရိုဟင်ဂျာအရေအတွက်ပါ” လို့ပဲ ပြောချင်ပါသည်။
မလေးရှားမှာ တရားမ၀င်နေထိုင်မှုဖြင့် ၂၀၀၄ ခုနှစ်၊ ဇွန်လထဲမှာ ကျွန်တော် အဖမ်းခံခဲ့ရဖူးသည်။ ရိုဟင်ဂျာအယောက်(၇၀)ခန့်နှင့်အတူ လင်းခေး camp မှာ တစ်လတာ နေထိုင်ခဲ့စဉ်ကာလနှင့် အဆင့်ဆင့် ပြောင်းလဲကာ နေထိုင်ခဲ့ရသည့် ထိုင်း လ.၀.က အချုပ်ခန်း အပါအ၀င် နောက်ဆုံး မလေးရှားကို ပြန်တက်ခဲ့သည့် ခရီးတစ်လျှောက်လုံး ရိုဟင်ဂျာနှင့် ဘင်္ဂလားဒေ့ရှ်က ဘင်္ဂလီတို့အကြောင်း သိခွင့်ရခဲ့သည်။
မလေးရှားမှာ တရားမ၀င် နိုင်ငံခြားသား မြောက်များစွာရှိသည့်အနက် မြန်မာနှင့် အင်ဒိုနီးရှားနှစ်နိုင်ငံက လွဲလို့ ကျန်နိုင်ငံသားအားလုံး အဖမ်းခံရပြီဆိုလျှင် မိမိနိုင်ငံကနေ လေယာဉ်လက်မှတ် ပို့ပေးသည်အထိ ထောင် တို့၊ camp တို့ထဲမှာ နေကြရသည်။ တချို့ဆိုလျှင် နှစ်နဲ့ပါချီပြီး စောင့်ကြရသည်။ အင်ဒိုနီးရှားတွေကိုတော့ ရေ လမ်းကနေတဆင့် အင်ဒိုနီးရှား လ.၀.က တွေ လက်ထဲကို လွှဲပြောင်းပေးကြသည်။
ကျွန်တော်တို့ မြန်မာတွေမှာတော့ ဘဘဗိုလ်ချုပ်ကြီးတွေရဲ့ တာဝန်မဲ့မှုကြောင့် ထိုင်း လ.၀.က လက် ထဲကိုသာ လွှဲပြောင်းခံရပြီး ..ထိုင်း လ.၀.က မှတဆင့် ၀က်တင်တဲ့ကားနဲ့ ၀က်တွေလိုတင်ပြီး ရနောင်းရဲစခန်းကို ပို့ သည်။ ပြီးမှ ရနောင်းရဲစခန်းကနေ စစ်ဆေးပြီးသူတွေကိုသာ ရနောင်းနဲ့ ကော့သောင်းကြားက ပင်လယ်ထဲမှာ စောင့်နေတဲ့ လူပွဲစားတွေ လက်ထဲကိုအပ်ကြသည်။ (များသောအားဖြင့် မလေးရှားနဲ့ ထိုင်းနယ်စပ်မှာပဲ ပစ်လေ့ရှိသည်။)
မည်သို့ပင် ခက်ခဲသည်ဆိုစေကာမူ ရည်မှန်းချက်မပြည့်သေးလို့ မလေးရှားကိုပြန်တက်လိုသူ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတွေအတွက်တော့ ရွေးချယ်စရာ လမ်းကြောင်းတစ်ခု ဖြစ်လို့နေသည်။ သည်တော့ လမ်းကြောင်းသိထားတဲ့ ဘင်္ဂလားဒေ့ရှ်တွေကတော့ အဖမ်းခံရပြီဆိုတာနဲ့ သူတို့ကို သူတို့ ဘူးရ်မား(မြန်မာ)လို့ စာရင်းပေးကြသည်။
မြန်မာဆိုတော့ မြန်မာတွေရှိတဲ့အဆောင်ကို ရဲကပို့လိုက်သည်။ မြန်မာမဟုတ်ဘဲ မြန်မာတွေနေတဲ့ အဆောင်ထဲကိုရောက်လို့လည်း စိတ်ပူစရာလိုပါ။ ရိုဟင်ဂျာတွေ အမြဲရှိနေသည့်အတွက် အဆင်ပြေကြသည်။ ဘာစကားပြောလဲဆိုတာ မသိပေမယ့် ရိုဟင်ဂျာပြောတဲ့စကားကို ဘင်္ဂလားဒေ့ရှ်တွေက နားလည်ကြသည်။
မိတ်ဟောင်းဆွေရင်းပမာ ရင်းရင်းနီးနီးရှိကြသည်။ ဘယ်သူက ရိုဟင်ဂျာ ...ဘယ်သူက ဘင်္ဂလားဒေ့ရှ် ဆိုတာ ဗမာစကားမပြောသ၍တော့ အမှန်တကယ် မခွဲခြားတတ်ပါ။
တချို့ ဘင်္ဂလားဒေ့ရှ်တွေဆိုလျှင် ဗမာစကားကိုပင် အတော်အတန်ပြောတတ်နေသည်ကို တွေ့ခဲ့ရသည်။ အထူးအဆန်းတော့ မဟုတ်ပါ။ မြန်မာ ...လို့စာရင်း ပေးထားသည့် ဘင်္ဂလားဒေ့ရှ်တိုင်း ..camp ထဲ ရောက်သည်နှင့် ဗမာစကားကို မဖြစ်မနေ သင်ကြရသည်။
အနိမ့်ဆုံးတော့ ထိုင်း လ.၀.က တွေ မေးလေ့ မေးထရှိသည့် နာမည်၊ အဖေနာမည်၊ အသက်၊ နေရပ် စသည့် မေးခွန်းလေးခုကို မဖြစ်မနေ သင်ကြရသည်။ (ထိုင်း လ.၀.က တွေ မြန်မာလို အနည်းအကျဉ်း တတ်ကြသည်။)
အဖမ်းခံရတာများနေသည့် ဘင်္ဂလားဒေ့ရှ်တွေဆိုလျှင် ရိုဟင်ဂျာတွေထက် ဗမာစကားကို ပိုလို့တောင် ပြောတတ်ကြသေးသည်။
အဲသည်တော့ ပါမောက္ခ၀ါကာအူဒင် ပြောသလို ရိုဟင်ဂျာဆိုတာ ဘင်္ဂလားဒေ့ရှ်က ဘင်္ဂလီမဟုတ်ပါဘူး ...ဆိုတာကို ယုံတဲ့သူတွေရှိရင် ၊ မလေးရှားမှာ တရားမ၀င်နေထိုင်မှုနဲ့ အဖမ်းခံကြည့်ကြပါ..လို့ အကြံပေးချင်ပါသည်။
ရိုဟင်ဂျာဆိုသူတွေဟာ ခေသူတွေ မဟုတ်ဘူးဆိုတာကို သိသာစေတဲ့ နောက်ထပ်အချက်တွေ ရှိသေးသည်။ မလေးရှားတွင် သြဇာကြီးမားသော NGO တစ်ခုဖြစ်သည့် TENAGANITA အဖွဲ့ကို တည်ထောင်သူ tenaganita ဆိုသည့် အဖွားကြီးကို အသေကပ်ထားရုံ သာမက ၀န်ကြီးချုပ် မဟာသီဟာ မိုဟာမက်အထိကိုတောင် ချဉ်းကပ်နိုင်သူတွေဆိုတာ မမေ့သင့်ပါ။
tenaganita ကလူ့အခွင့်အရေး သမားဆိုတော့ လူ့အခွင့်အရေးရှုထောင့်ကနေ ရိုဟင်ဂျာအရေးကို ကုလသမဂ္ဂထိ ပေါက်အောင် အခိုင်အမာရပ်တည်ပေးခဲ့သလို အာဏာရပါတီရဲ့ ၀န်ကြီးချုပ်ဖြစ်တဲ့ မဟာသီကလည်း အာဏာစက်နဲ့ သူအနား မယူခင်လေးမှာ.. ရိုဟင်ဂျာ ၁၀၇၀၀ ကို နိုင်ငံသားအဖြစ် လက်ခံပေးဖို့ လက်အောက်ခံ ငယ်သားတွေကို မှာကြား သွားလေသည်။
မဟာသီကတော့ ဘာသာတူတာက တစ်ကြောင်း၊ သနားတာက တစ်ကြောင်း၊ လူအခွင့်အရေး လေးစားတာကို ပြချင်တာ တစ်ကြောင်း ...အကြောင်းကြောင်းတွေကြောင့် နိုင်ငံသားပေးဖို့ ခိုင်းခဲ့ဟန်တူသည်။
သို့သော်လည်း သိကြသည့်အတိုင်း ရိုဟင်ဂျာတချို့ရဲ့ စရိုက်က ဝေဖန်စရာ ဖြစ်လောက်အောင်ကိုပင် ဖြစ်ခဲ့ရသည်။ လူသတ်၊ ဓါးပြတိုက်၊ လုယက်၊ ဆေးပစ်မှု တို့ကြောင့် နိုင်ငံသားပေးမည့် အစီအစဉ်ကို ၀န်ကြီးချုပ်သစ် ဘာဒါဝီ လက်ထက်၌ သောင်မတင် ရေမချ ဖြစ်ခဲ့ရသည်။
ရိုဟင်ဂျာတွေကို မလေးရှားအစိုးရက လွတ်လွတ်လပ်လပ် နေခွင့်ပေးတာဟာ ဘာသာတူတာ ကြောင့်လို့ ပြောလျှင် ရနိုင်ပါသည်။ ဒီအချက်ကို ရိုဟင်ဂျာတွေက ကောင်းကောင်း အသုံးချတတ်ကြသည်။
ဒီကနေ့ မလေးရှားမှာ မြန်မာတွေ အသတ်ခံနေရသည့် ကိစ္စသည် မြန်မာနိုင်ငံတွင်းက ပဋိပက္ခတွေကို တန်ပြန်သည့် လုပ်ရပ်ဆိုတာကို လူတိုင်းနားလည်ထားကြသည်။
သို့သော်လည်း မလေးအစိုးရ၏ ကိုင်တွယ်ပုံတို့မှာ မြန်မာအစိုးရကဲ့သို့ မဟုတ်သည့်တိုင် အကြမ်းဖက်သူတွေကို မဖမ်းဆီးနိုင်သေးတာဟာ တမင်လွှတ်ထားနေသ လားလို့တောင် ထင်စရာဖြစ်နေသည်။
အထက်ပါအချက်တို့ကို ကြည့်ခြင်းအားဖြင့် ရိုဟင်ဂျာ(ခေါ်) ဘင်္ဂလီတို့နောက်မှာ မီဒီယာ၊ လူ့အခွင့်အရေးသမား၊ OIC အဖွဲ့၏ ဆုံးဖြတ်ချက်အတိုင်း အကောင်အထည်ဖော်ပေးနေရသည့် ကိုယ်ပိုင်သြဇာ မရှိသည့် ကမ္ဘာ့ကုလသမဂ္ဂနှင့် မွတ်ဆလင်နိုင်ငံတချို့ ရှိနေသည်မှာ ငြင်းစရာမလိုအောင် ခိုင်မာနေသည်။ သိုသော်လည်း ထိုအချက်တို့ဖြင့် မြန်မာနိုင်ငံကို မခြိမ်းခြောက်နိုင်ပါ။
မြန်မာနိုင်ငံသည် အချုပ်အခြာအာဏာပိုင်နိုင်ငံ တစ်နိုင်ငံဖြစ်သည်။ မြန်မာနိုင်ငံကို မည်သည့်နိုင်ငံ၊ မည်သည့်အဖွဲ့ကမှ ခြိမ်းခြောက် အကျပ်ကိုင်လို့ မရပါ။ မြန်မာနိုင်ငံ၏ အနာဂတ်အရေးကို မြန်မာနိုင်ငံသားတွေ ကိုယ်တိုင် လွတ်လွတ်လပ်လပ် ဆုံးဖြတ်ပါလိမ့်မည်။
မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသည့် ဘာသာရေးအဓိကရုဏ်း ကြီးထွားလာရခြင်း၏ အဓိကကျသော အချက်မှာ မြန်မာ-မွတ်ဆလင်ဘာသာဝင် အများစုနှင့် မြန်မာ-ဗုဒ္ဓဘာသာဝင်အများစုတို့သည် ဘင်္ဂလီလူမျိုးနှင့် မွတ်ဆလင်ဘာသာကို ခွဲခြားမမြင်နိုင်ခြင်း၏ ဆိုးကျိုးရလဒ် တစ်ခုသာဖြစ်သည်။
ဘင်္ဂလီတို့သည် နှစ်ပေါင်းများစွာ အတူတကွ နေထိုင်လာခဲ့ကြသော မွတ်ဆလင်ဘာသာဝင်တွေနှင့် ဗုဒ္ဓဘာသာဝင်တို့၏ ညီညွတ်မှုကို ဖြိုလှဲပစ်ခဲ့သည်။ ဘင်္ဂလီနှင့် မွတ်ဆလင်ဘာသာကို ခွဲမရလေအောင် ဘာသာရေး မှိုင်းတိုက်ခဲ့သည်။
တဖက်တွင်လည်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခကို နိုင်နိုင်နင်းနင်း မကိုင်တွယ်သည့် အစိုးရ၏ အားနည်းချက် တို့က သဘောထား တင်းမာသူ အာဏာရှင်ဟောင်းတို့အတွက် စနစ်ဟောင်းသို့ပြန်သွားရန် ဖြတ်လမ်းတစ်ခု သဖွယ်ဖြစ်နေသည်။ မည်သို့ပင်ဖြစ်စေကာမူ ဖြစ်ပေါ်လာမည့် အခြေအနေအားလုံးအတွက် တာဝန်အရှိဆုံးမှာ အစိုးရပင်ဖြစ်သည်။
စက်တင်္ဘာ (၁၁)တိုက်ခိုက်မှုနှင့် ဘာလီဗုံးခွဲမှုတို့ကဲ့သို့ အစ္စလာမ်မစ်အကြမ်းဖက်အဖွဲ့တို့၏ ရက်စက်ကြမ်းကြုတ်မှုတို့ကြောင့် အစ္စလာမ်ဘာသာအပေါ် ကမ္ဘာ့ပြည်သူတွေ နည်းတူ.. မြန်မာပြည်သူတွေလည်း စိုးရိမ်ခဲ့ကြသည်။
လွတ်လပ်လာသည့် မီဒီယာလောကနှင့်အတူ ယှဉ်တွဲပါလာသည့် လူမှုကွန်ယက်တို့ကြောင့် ကမ္ဘာတလွှားမှ အစ္စလာမ်မစ်အကြမ်းဖက်အဖွဲ့တို့၏ ရက်စက်မှုများ၊ ဂျီဟတ်စစ်ပွဲမှာကျရှုံးခဲ့ရသည့် ဗုဒ္ဓဘာသာထွန်းကားခဲ့သည့် နိုင်ငံတချို့ အစ္စလာမ်နိုင်ငံဖြစ်သွားခဲ့ရသည့် သမိုင်းနောက်ခံများကို ပိုမိုသိခွင့်ရလာသည့်အတွက် ဗုဒ္ဓဘာသာဝင် မြန်မာနိုင်ငံသားတို့၏ ဘာသာတရားအပေါ် စိုးရိမ်စိတ်သည် ဘင်္ဂလီနှင့် မွတ်ဆလင်ဘာသာကို ခွဲခြား၍ မမြင်နိုင်သည်အထိ စိုးရိမ်ရေအမှတ်ကို ရောက်ခဲ့ရသည်။
လွတ်လပ်ရေးခေတ်မှသည် ယနေ့အချိန်ထိ မြန်မာ-မွတ်ဆလင် နိုင်ငံရေးခေါင်းဆောင်တချို့၏ မြန်မာနိုင်ငံအတွက် စွန့်လွှတ်အနစ်နာခံခဲ့မှုတို့ကြောင့် မြင့်မြတ်လှသည့် ဂုဏ်ပုဒ်ကို ကျူးကျော်လာသူ ဘင်္ဂလီတို့ကြောင့် မညှိုးနွမ်းလိုပါ။
အစ္စလာမ်ဘာသာဝင် မြန်မာနိုင်ငံသားများခင်ဗျာ ...
ကျွန်တော်ဟာ ဗုဒ္ဓဘာသာဝင် ဗမာလူမျိုးတစ်ဦးဖြစ်ပါသည်။ သိုသော်လည်း ဘာသာတရားတိုင်းသည် လူသားတိုင်းအတွက် ငြိမ်းချမ်းမှုကိုသာ ပေးသည်ဟု ယုံကြည်ထားသည့်အတိုင်း ဘာသာရေးအရ မည်သည့်ဘာသာကိုမှ စော်ကားပုတ်ခတ်လိုခြင်း အလျင်းမရှိပါ။
သို့သော်လည်း မြန်မာနိုင်ငံ၏ အနာဂတ်ကို ခြိမ်းခြောက်နေသည့် ဘင်္ဂလီခေါင်းဆောင်တို့၏ မိုက်မဲမှုကို တားဆီးလို၍သာ ဘင်္ဂလီတို့၏ လုပ်ရပ်တွေကို ဆန့်ကျင်သည့်အနေဖြင့် ဘင်္ဂလီနှင့် မွတ်ဆလင်ဘာသာကို ခွဲခြားပြနေသူ တစ်ဦးသာ ဖြစ်ပါသည်။
လူ့အသက်ပေါင်းများစွာပေးပြီး စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ခဲ့တာဟာ ဒီမိုကရေစီအတွက်ပါ။ သို့ပေမယ့် ဒီကနေ့ ကျွန်တော်တို့နိုင်ငံသားတွေ ရရှိနေသည့် ဒီမိုကရေစီဆိုတာဟာ အိမ်သာကြို အိမ်သာကြားကို ဖြတ်တိုက်လာတဲ့ လေနဲ့အတူပါလာသည့် တောစံပါယ်ရနံ့လိုပါပဲ။
တောစံပါယ်ရနံ့ထက် မစင်နံ့ကသာ ပိုကဲလို့နေချေသည်…။ မလူးသာ မလိမ့်သာ အခြေအနေကြောင့် မပေးချင် ပေးချင်နဲ့ ပေးခဲ့ရတဲ့ ဒီမိုကရေစီကနေ ပြည့်ဝသည့် ဒီမိုကရေပန်းတိုင်ကို လျှောက်လှမ်းနိုင်မှသာလျှင် ပေးဆပ်ခဲ့သူတို့၏ ကျေးဇူးကို တန်ဖိုးထားရာရောက်ပေမည်။
ဒီမိုကရေစီကို လိုလားသူတိုင်းသည် မတူညီမှုတွေကို နားလည်မှုအပြည့်ဖြင့် လက်ခံရပေလိမ့်မည်။
ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံအဖြစ် လိုလားလျှင် မတူကွဲပြားသည့် အယူအဆ၊ ဓလေ့၊ ကိုးကွယ်ယုံကြည်မှု စတာတွေကို လက်ခံရပေလိမ့်မည်။
ခရစ်ယာန်၊ မွတ်ဆလင်၊ ဟိန္ဒူ၊ ဗုဒ္ဓဘာသာ မည်သည့်ဘာသာပင်ဖြစ်ပါစေ ...အတူတကွ ယှဉ်တွဲနေထိုင်ရန် မဖြစ်နိုင်စရာအကြောင်းမရှိပါ။
သို့သော်လည်း မြန်မာနိုင်ငံ၏ အချုပ်အခြာ အာဏာကို ထိပါးလာသူဆိုလျှင် မည်သည့် လူမျိုး၊မည်သည့်ဘာသာပင်ဖြစ်ပါစေ ပြတ်ပြတ်သားသား ဆန့်ကျင်ရပါလိမ့်မည်။
ဘင်္ဂလီလူမျိုးတို့အနေဖြင့်လည်း အထက်တွင်ဖော်ပြခဲ့သည့် မြန်မာ-မွတ်ဆလင် နိုင်ငံရေးခေါင်းဆောင် တို့၏ မြင့်မြတ်လှသော စိတ်နေသဘောထားနှင့် ဂုဏ်ပုဒ်ကို အားကျအတုယူသင့်ပါသည်။ ပထ၀ီအနေအထားကိုမူတည်၍ နိုင်ငံသားအက်ဥပဒေတို့သည် တစ်နိုင်ငံနှင့် တစ်နိုင်ငံ မတူညီနိုင်ပါ။ မြန်မာနိုင်ငံ၏ နိုင်ငံသားအက်ဥပဒေသည် မြန်မာနိုင်ငံ၏အချုပ်အခြာအာဏာကို ကာကွယ်ပေးထားသည့် ဥပဒေဖြစ်သလို၊ ဆော်ဒီအာရေဗျနိုင်ငံ၊ အမေရိကန်နိုင်ငံတို့၏ နိုင်ငံသားအက်ဥပဒေသည်လည်း ထိုနိုင်ငံတို့၏ အချုပ်အခြာအာဏာကို ကာကွယ်ပေးထားသည့် ဥပဒေသာဖြစ်ပါလိမ့်မည်။
ထို့အတွက်ကြောင့် ဘင်္ဂလီလူမျိုးတို့အနေဖြင့် မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို အမှန်တကယ်ကာကွယ်လိုသည့် ဆန္ဒရှိပါက မြန်မာနိုင်ငံ၏ နိုင်ငံသားအက်ဥပဒေ၏ အဆုံးအဖြတ်အတိုင်း ငြိမ်းချမ်းသော နည်းဖြင့်သာ နိုင်ငံသားအဖြစ် ရယူစေလိုပါသည်။
သို့သော်လည်း ဘင်္ဂလီအများစုတို့မှာ ”မြန်မာနိုင်ငံတော်အလံကိုပင် အလေးမပြုနိုင်”ဟု တုန့်ပြန်မှုမှာ နိုင်ငံသားအဖြစ် အသိအမှတ်ပြုဖို့ဆိုတာဝေးစွ ။ဒုက္ခသည်အနေဖြင့် လက်ခံထားသည့်အတွက်ကိုပင် မြန်မာ နိုင်ငံကို အထူးပင် ကျေးဇူးတင်ရပေလိမ့်အုံးမည်။
အိမ်နီးချင်းနိုင်ငံဆိုသည်မှာ အကောင်းဆုံးမိတ်ဆွေဖြစ်သလို အနီးဆုံးရန်သူလည်း ဖြစ်သည်။ “ သစ်ပင်မှန်က အမြစ်နှင့်မကင်း၊ တိုင်းပြည်မှန်က စစ်နှင့်မကင်း” ဟူသည့် ဆိုရိုးစကားအတိုင်း ရခိုင်နှင့် ဘင်္ဂလားတို့ သည် အတိတ်သမိုင်း၌ စစ်ခင်းခဲ့ကြဖူးသည်။
နှစ်စဉ်ကြုံတွေ့ နေရသည့် သဘာဝဘေးအန္တရာယ်၊ မြေနေရာနှင့်မမျှတအောင် ထူထပ်သိပ်သည်းလွန်းသည့် လူဦးရေတိုးပွားမှုတို့ကြောင့် မြန်မာနိုင်ငံတွင်းသို့ စိမ့်ဝင်လာသည့် ဘင်္ဂလီအရေးအပေါ် လျစ်လှူရှုမှု၊ ရေပိုင်နက်ကိစ္စတို့အပြင် ဘင်္ဂလားဒေ့ရှ်အစိုးရ၏ စစ်အင်အားတည်ဆောက်နေမှုနှင့် ဘင်္ဂလီတို့၏ ရိုဟင်ဂျာတိုင်းရင်းသားအဖြစ် သဲသဲမဲမဲ တောင်းဆိုနေမှုတို့က ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ ဘင်္ဂလီ ဘာလဲ…ဘယ်လဲ လို့ မေးရပေလိမ့်မည်။
အကယ်၍ မလွှဲမရှောင်သာ ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာ စစ်ဖြစ်ခဲ့ပါလျှင် ” နိုင်ငံတော်အလံကိုတောင် အလေးမပြုနိုင်သည့် ရိုဟင်ဂျာဆိုသူတွေ ဘယ်ဘက်ကနေ ရပ်တည်ကြမလဲ” ဆိုတာ စာဖတ်သူတို့အတွက် မေးခွန်းတစ်ခုအဖြစ် ချန်ခဲ့ပါရစေ…။
(ထွန်းထွန်းနိုင်)
မှတ်ချက်။ ။ ဘင်္ဂလီ(ရိုဟင်ဂျာ)တွေအပေါ် ပုဂ္ဂိုလ်ရေး မုန်းတီးမှု လုံးဝမရှိပါ။ လူ့အခွင့်အရေး သမားတွေအနေနဲ့ ကျွန်တော့်ကို လူသားမဆန် သူလို့ ဝေဖန်လာခဲ့မယ်ဆိုရင်လည်း အမျိုးသား လုံခြုံရေး ဖြစ်နေ သည့်အတွက် ဂရုမစိုက်နိုင်ပါ။
သို့သော်လည်း အပြစ်ကင်းစင်သည့် အဖြူရောင်နှလုံးသားပိုင်ရှင် ကလေးငယ်တွေအပေါ်မှာတော့ လူမျိုး၊ ဘာသာ၊ ရန်သူ၊ မိတ်ဆွေ မခွဲခြားဘူးဆိုတာ အန္တရာယ်ကြားမှာ ခရီးသွားရင်း ကျွန်တော်ကူညီခဲ့ဖူးသည့် ဘင်္ဂလီမိသားတစ်စုနှင့် ကျွန်တော်အကြောင်းကို အလျင်းသင့် လျှင် ရေးသား ပါဦးမည်။
(ထွန်းထွန်းနိုင်)