Thursday, November 21, 2013

Urinary Incontinence in Women အမျိုးသမီး ဆီးမလုံခြင်း

Posted by drmyochit Thursday, November 21, 2013, under | No comments

ကလေးတိုင်းဟာ အသက် ၅-၆ နှစ်ဆိုရင် ဆီးကို ထိန်းနိုင်လာကြပြီ။ သွားရမဲ့နေရာကြမှသာ ဆီးသွားတတ်လာမယ်။ တလထဲမှာ ၂ ခါလောက် အိပ်ရာထဲရှူပါရင် Bed wetting (Enuresis) ခေါ်တယ်။ စိတ်ဖိအားများရင်၊ ကြောက်စိတ်ဝင်ရင် လူကြီးတွေထဲက အမျိုးသမီးတွေပိုဖြစ်ကြတယ်။ ဆီးလမ်းကြောင်း တည်ဆောက်ထားပုံ၊ ကလေးမွးဖွါးရတာ၊ သွေးဆုံးတာ၊ ဆီးလမ်းပိုးဝင်တာတွေကြောင့် ပိုများရတယ်။ သန်းပေါင်းများစွာ အမျိုးသမီးတွေမှာ ဖြစ်နေကြတယ်။ အာရုံကြောထိခိုင်ရင် ကျားရော မပါဖြစ်တယ်။ ဆီးလမ်းကိုထိန်းပေးနေတဲ့...

အကာကွယ်မဲ့ လိင်ဆက်ဆံပြီး နောက်ပိုင်း အင်္ဂါမှာ အဖုလေးတွေ ပေါက်လာလို့ (အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါရန်)

Posted by drmyochit Thursday, November 21, 2013, under | 1 comment

မေး။ ။ HIV သွေးစစ်ရင် သုံးလ တခေါက် ခြောက်လ တခေါက်စစ်ရင် ပိုသေချာတယ်လို့ ကြားဖူးပါတယ်။ အဲ့မှာ ကျွန်တော် သိချင်တာလေးရှိလို့ပါ။ လွန်ခဲ့တဲ့ ဖေဖဝါရီလ ၂၀ ရက် လောက်က ကျွန်တော် တရုတ်ပြည် ခရီးသွားပြီး မိတ်ဆွေတွေနဲ့ အရက်သောက်ပြီး နောက် KTV က အမျိုးသမီးနဲ့ အကာကွယ်မဲ့ အတူ နေမိပါတယ်။ အဲ့ဒီနောက် မေလ ၁၀ ရက်လောက် မြန်မာပြည်ကို ပြန်ရောက်ပါတယ်။ ကျွန်တော် မြန်မာပြည် ပြန်ရောက်ပြီး ချက်ချင်း သွေးစစ်ပါတယ်။ မေလ ၁၃ ရက်နေ့မှာ ပိုးမရှိဆိုတဲ့ အဖြေရပါတယ်။ ဒါပေမယ့်...

မိဘကောင်းတစ်ယောက် (ကလေးရှိသူတိုင်းသိထားသင့်ပါတယ်)

Posted by drmyochit Thursday, November 21, 2013, under | No comments

လူ့ဘ၀ရဲ့ အသက်အရွယ်အပိုင်းအခြားတွေ အများကြီးထဲမှာ မိဘတစ်ယောက်အနေနဲ့ ဘ၀ကိုဖြတ်သန်းရတဲ့အချိန်ဟာ အနည်းဆုံးပျမ်းမျှ ဘ၀သက်တမ်းတစ်ဝက်လောက်တော့ ရှိပါတယ်။ နို့စို့ဖို့၊ ငိုဖို့၊ ရှုးပေါက်ဖို့ကလွဲပြီး ဘာမှ ရေရေရာရာ မသိသေးတဲ့ ရင်သွေးလေးကို လူပုံအလယ်မှာ ထည်ထည်ဝါ၀ါ ရပ်တည်နိုင်အောင်၊ အသိဉာဏ်ဖွံ့ဖြိုးထက်မြက်လာအောင် ပြုစုပျိုးထောင်ပေးရတာ တကယ်မလွယ်ပါဘူး။များမြောင်လှတဲ့မိဘ၀တ္တရားတွေကိုထမ်းဆောင်ရင်းနဲ့ ကိုယ့်ရင်သွေးလေးက ကျန်းမာပျော်ရွှင်ထက်မြက်တဲ့ ကလေးတစ်ဦး ဖြစ်လာခြင်းဟာ...

အမျိုးသား၏အသားအရေနှင့် အမျိုးသမီးများ၏အသားအရေကွာခြားမှု

Posted by drmyochit Thursday, November 21, 2013, under | No comments

အမျိုသားများနှင့် အမျိုးသမီးများတွင် မျက်နှာတွင် အမွှေးအမျှင်များအပြင် အခြားသော မျက်နှာအနေအထားခြားနားမှုများ ရှိကြသည်။ Androgen (testosterone) တိုးမြှင့်မှုက အရေပြားထူထဲမှုကို ပို၍ ဖြစ်စေသည်။ သို့ဖြစ်၍ အမျိုးသားများ၏အရေပြားသည် အမျိုးသမီးများ၏အရေပြားထက် (၂၅%) ပို ၍ထူသည်။ အခြားအကြောင်း တစ်ခုကလည်း အမျိုးသားတို့၏ မျက်နှာပြင်အသားအရေသည် ပို၍မာကြော ကြမ်းတမ်းကြသည်။ Sebum (oil) နှင့်ယင်း၏ ထုတ်လုပ်မှုများမှာလည်း ကွဲပြားမှု ရှိကြသည်။ လူပျိုပေါက်ဝင်ပြီးနောက်ပိုင်း...

သဘာဝခေါင်းရန်းပန်း ဆံကေသာအားဖြည့်ဆေး

Posted by drmyochit Thursday, November 21, 2013, under | No comments

No. 92 (၁)သုံးစွဲပြီးပါက ဆံပင်အရင်းမှအဖျားအထိ အားဖြည့်ပေးသည်။အရွယ်မတိုင်မီ ပေါက်သော ဆံပင်ဖြူများကို ဖုံးစေသည်။ (၂)ဆံပင်အက်ကွဲ၊ပြတ်တောက်ခြင်း၊ ကျွတ်ခြင်းများကို သက်သာစေသည်။ ခေါင်ရန်းပန်းမှ ဤအားဖြည့်ဆေးကိုပြုလုပ်ပုံမှာ (၁)ရေ (၄၅၀-၅၀၀) ml  ကို မီးနည်းနည်းနှင့်တည်ပါ။ (၂)အခြောက်ခံထားသောခေါင်ရန်း ပွင့်(၂၀-၃၀)ပွင့်ကို ထည့်၍ ပြုတ်ပါ။ (၃)ပူလာလျှင် မီးမျှင်းမျှင်းနှင့်ဆက်တည်ပါ။သို့သော် တပွက်ပွက်ဆူလာသည်အထိ မထားပါနှင့်။ အနည်းငယ်ဆူပြီး အငွေ့ထွက်လာလျှင်...

ဒူးမှအရွတ်များကို အားဖြည့်သည့် အစားအစာများ

Posted by drmyochit Thursday, November 21, 2013, under | No comments

ဒူးနာနေသူများ၊ အဆစ်နာသူများ၊ အရိုးပွသူများ၊ လေးဖက်နာသမားတို့အတွက် အရွတ်များ အားကောင်းစေရန် အရွတ်များ ပျော့ပြောင်းစေဖို့ စားသုံးသင့်သည့် အစားအစာများကို ဖော်ပြရလျှင် (၁) အိုမီဂါ (ဒ) ဖက်တီးအက်ဆစ် ယင်းက အရွတ်များကို ပျော့ပြောင်းစေသည်။ ဥပမာအားဖြင့် ဥများ၊ နှမ်းကြတ်စေ့၊ သစ်ကြားသီး၊ ရေအေးငါးများဖြစ်သည့် တူနာ၊ ဆယ်လ်မွန်တို့ဖြစ်သည်။ (၂)ဗီတာမင်စီ သည်အရွတ်များကို ကျန်းမာစေပြီး အင်တီအောက်ဆီးဒင့်ဓာတ်ကိုလည်း ရရှိစေသည်။ ဓာတ်တိုးဆန့်ကျင်မှုကြောင့် ဖြစ်ပေါ်လာသော...

သွေးတွင်းအချိုဓာတ် ကျဆင်းသည့် လက္ခဏာများ

Posted by drmyochit Thursday, November 21, 2013, under | No comments

No. 92 (၁) မိမိကိုယ်ကို ထိန်းချုပ်နိုင်စွမ်းကင်းမဲ့ခြင်း သွေးတွင်းအချိုဓာတ်ကျလာသည်နှင့် စိတ်မတည်ငြိမ်တော့ပေ။ စိတ်လှုပ်ရှားခြင်း၊ ဒေါသထွက်လွယ်ခြင်း၊ ဆတ်ဆတ်ထိမခံဖြစ်လာခြင်း၊ မျက်ရည်ကျခြင်းအထိ ဖြစ်ပေါ်လာတတ်သည်။ (၂) မူးဝေခြင်း သွေးတွင်းအချိုဓာတ်ကျလျှင် ဆာလောင်မှုဖြစ်ပေါ်ပြီး မူးဝေလာတတ်သည်။သကြားပါဝင်သည့် အချို ရည်မုန့်တစ်ခုခုစားခြင်းဖြင့် သက်သာစေနိုင်သည်။ “ (၃) ရုတ်တရက် ကတုန်ကရင်ဖြစ်ခြင်း ချက်ချင်းဆိုသလို ခြေတုန်လက်တုန်ဖြစ်လာတတ်သည်။ သို့သော် ကတုန်ကရင်ဖြစ်တိုင်း...

မျက်နှာပြင် ချက်ချင်းဝင်းလက် တောက်ပြောင်လိုပါလျှင်

Posted by drmyochit Thursday, November 21, 2013, under | No comments

Health Updates Journal No. 92 စိုထိုင်းသည့် ရာသီဥတုတွင် မျက်နှာကလေး ၀င်းလက်နေစေရန် ပြုလုပ်နိုင်သည်။ လိုအပ်သောပစ္စည်းများမှာ (၁)မင်သော်ရွက် (၂)နနွင်းအနည်းငယ် (၃)ကြက်သီးနွေးရေနွေး တို့ဖြစ်သည်။ (၁)မင်သော်ရွက်ကို ချေ၍လည်းကောင်း၊ ထောင်း၍လည်းကောင်း ပျော့ဖတ်ဖြစ်အောင် လုပ်ရပါမည်။ ပြီးလျှင် နနွင်းအနည်းငယ်နှင့်သမ အောင်ရောပါ။ (၂) မျက်နှာကိုကြက်သီးနွေး ရေနွေး နှင့်ဆေးကြောပြီး ကနဦးက ပျော့ဖတ်ကို မျက်နှာတစ်ပြင်လုံးကို လိမ်းလိုက်ပါ။ (၃) ၁၅ မိနစ်ခန့်ထားပြီး...

“မူးယစ်ဆေးသုံးတဲ့သူတွေကို မေးကြည့်ပါ သူတို့လည်း ဒုက္ခကို တော်တော်လေးခံစားရပါတယ်”

Posted by drmyochit Thursday, November 21, 2013, under | No comments

မြန်မာနိုင်ငံမူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်းစီမံချက်အကြံပေး စိတ်ကျန်းမာရေး ဆရာဝန်ကြီး ဒေါက်တာမောင်မောင်လွင်နှင့် တွေ့ဆုံမေးမြန်းခြင်း မြန်မာနိုင်ငံက လူငယ်တွေမှာ မူးယစ်ဆေးသုံးစွဲနေကြတဲ့အနေအထားတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာပြီးတော့ သုံးစွဲမှုနှုန်း ကလည်း မြင့်တက်လာတာတွေ့ရတဲ့အတွက်မြန်မာနိုင်ငံ မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်းကို သွားရောက်တွေ့ဆုံ မေးမြန်း ဖြစ်ခဲ့ပါတယ်။ မေး။ လက်ရှိ မြန်မာနိုင်ငံမှာမူးယစ်ဆေးဝါး သုံးစွဲမှုနဲ့ ပတ်သတ်ပြီး သိချင်ပါတယ်။ ဖြေ။...

ဘဝဆန္ဒတွေ ပြည့်ဝစေဖို့အတွက် အမြဲတမ်း ပြုကျင့်သင်တဲ့ အချက် ( ၁၈ ) ချက်

Posted by drmyochit Thursday, November 21, 2013, under | 1 comment

လူတစ်ယောက်မှာ အစားအသောက်နဲ့ ပတ်သက်ပြီး ကြိုက်၊ မကြိုက်ရှိသလို အမြဲတမ်း ပြုကျင့်ဖို့ သင့်၊ မသင့် ဆိုတာတွေလည်း ရှိပါတယ်။ ဘဝမှာ အမြဲတမ်း ပြုကျင့်သင့်တဲ့ အရာတွေ အများကြီးရှိနေပေမယ့် တကယ်ပြုကျင့်ထိုက်တဲ့ အရာကတော့ မရှိသလောက် ရှားပါတယ်။ သူငယ်ချင်းတို့ ဘဝမှာ တောက်ပဖို့၊ ပျော်ရွှင်စိတ်ချမ်းသာဖို့၊ ဘဝဆန္ဒတွေ ပြည့်ဝစေဖို့အတွက် အမြဲတမ်း ပြုကျင့်သင်တဲ့ အချက် ( ၁၈ ) ချက်ကို ဖေါ်ပြပေးလိုက်ပါတယ်။ ၁။ စိတ်ကို တည်ငြိမ်အောင်ထားပါ။ ဘဝဆိုတာ အမြဲတမ်းလိုလိုပဲ...

သမ္မတ၏ အမျိုးသမီး ကိုယ်ရံတော်

Posted by drmyochit Thursday, November 21, 2013, under | No comments

ခန်းမကြီး အပြည့် အစီအရီ ထိုင်နေသော လူထု ပရိသတ် အလယ်တွင် မီးခိုးရင့်ရောင် ၀တ်စုံ ဖြင့် ပိန်ပိန်ပါးပါး၊ အရပ်ခပ်မြင့်မြင့်နှင့် အမျိုးသမီး သည် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် ၁၂ ပေခန့် အကွာ တွင် တစ်ဦးတည်း မတ်တတ် ရပ်နေသည်။ သူ့မျက်လုံး များက ပတ်ဝန်းကျင် ကို မျည်ခြည် မပြတ် အကဲခတ် နေသည်။ လက်မောင်း တစ်ဖက်စီ တွင် မြန်မာ နိုင်ငံ အလံနှင့် အထူး တပ်ဖွဲ့၏ အတိုကောက် (STF) တံဆိပ် တို့ တပ်ဆင် ထားပြီး ၄င်းကို စေ့စေ့ စပ်စပ် လေ့လာ ကြည့်လျှင် ခါး နောက်ဘက် တွင်...

ဆီးဂိမ်း နိုင်ငံတကာ အားကစားသမားများ အတွက် ၀န်ဆောင်မှု ၁၈ မျိုး ပေးမည်

Posted by drmyochit Thursday, November 21, 2013, under | No comments

မြန်မာနိုင်ငံတွင် ကျင်းပမည့် ၂၇ ကြိမ်မြောက် ဆီးဂိမ်းတွင် နိုင်ငံတကာ အားကစား သမားများ အတွက် ဝန်ဆောင်မှု ၁၈ မျိုးကို ၂၄ နာရီ ဆောင်ရွက်ပေး သွားရန် စီစဉ်ထားကြောင်း သိရသည်။ “နိုင်ငံစုံကနေ လာတဲ့ချိန်မှာ ကိုးကွယ်ယုံကြည်မှုဆိုင်ရာ အခက်အခဲမဖြစ်အောင် ဘာသာစုံ ဝတ်ပြုနိုင်အောင် စီစဉ်ထားပါတယ်။ အစ္စလမ်ပဲ ဖြစ်ဖြစ်၊ ဟိန္ဒူပဲ ဖြစ်ဖြစ်၊ ဘယ် ဘာသာဝင်မဆို ဆုတောင်းဝတ်ပြုနိုင်အောင် စီစဉ်ပေးထားပါတယ်။ ဘာသာကြီး ၄မျိုး ဝတ်ပြုနိုင်အောင် လုပ်ပေးထားတယ်”ဟု နေပြည်တော် အားကစားရွာ...

လူ၎ဦး ဒဏ်ရာရစေခဲ့သည့် တရားမ၀င် ကျွဲရိုင်းကို ပစ်ခတ်ဖမ်းဆီး၍ ကျွဲပိုင်ရှင်ကို အရေးယူ

Posted by drmyochit Thursday, November 21, 2013, under | No comments

ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်မြို့၌ စိတ်ရိုင်းဝင်နေသော ကျွဲတစ်ကောင်က ရပ်ကွက်များအတွင်း ၀င်ရောက် သောင်းကျန်းခဲ့သည့်အတွက် ဒေသခံ ၄ ဦးဒဏ်ရာရရှိခဲ့၍ ရဲတပ်ဖွဲ့ဝင်များမှ ကျွဲကိုပစ်ခတ်ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။ လပွတ္တာမြို့မှကျွဲမှောင်ခိုတစ်ဦးသယ်ဆောင်လာသည့်ကျွဲ ၉ ကောင်ထဲမှ ကျွဲတစ်ကောင်သည်နိုဝင်ဘာ ၁၈ ရက်နေ့ နံနက် ၆ နာရီဝန်းကျင်တွင် သိမ်မြို့ကျောက်ပုံစက်လှေဆိပ်၌ကုန်းပေါ်တင်နေစဉ် လွတ်ထွက်သွားပြီးပုသိမ်မြို့အမှတ် ၃၊ အမှတ် ၆၊ အမှတ် ၈၊ အမှတ် ၁၂၊ အမှတ်...

ဆာဂျရီ အလှပြုပြင်နည်းနဲ့ သဘာဝလွန်အလှတရား ဆိုးကျိုးကောင်းကျိုးများ

Posted by drmyochit Thursday, November 21, 2013, under | No comments

လူသားတို့ရဲ့ မျက်နှာပြင်ကို အစားထိုးခွဲစိတ်ကာ သဘာဝလွန် အလှတရားတစ်မျိုးဖြစ်ပေါ်စေတဲ့ ပလပ်စတစ်ဆာဂျရီအလှပြုပြင်နည်း တစ်မျိုးဖြစ်ပြီး ကမ္ဘာ့အနှံ့အပြားမှာ လည်း ခေတ်စားနေပါတယ်။မူလ သဘာဝ လူသားမျက်နှာကို ခွဲစိတ်ပြုပြင်မှုတွေကို သုံးစွဲကြသူတိုင်းမှာ ဆိုးကျိုးကောင်းကျိုးတွေရရှိခံစားစေမှာဖြစ်ပါတယ်။ဆာဂျရီ အ လှပြုပြင်နည်းတွေကို ကမ္ဘာကျော် အနုပညာရှင်တွေအပြင် ကိုရီးယားနိုင်ငံ အတွင်းမှာပါ ခေတ်ရေစီးကြောင်းနဲ့ အတူ ကျယ်ပြန့် လာတာတွေ့ရပါတယ်။ ဒါကြောင့် မျက်နှာပြင်ခွဲစိတ်ကာ...

ခေါင်းမပါလည်း ကြက်တို့က အသက်ရှင်နိုင်

Posted by drmyochit Thursday, November 21, 2013, under | No comments

Miracle Mike လို့အမည်ပေးထားတဲ့ ကြက်က သက်သေပြသွား ပါတယ်။ ခေါင်းမပါပဲနဲ့ တစ်နှစ်ခွဲတိတိ အသက်ရှင်လျက် ကျန်းကျန်းမာမာ အသက်ရှင်နေထိုင်သွားပါတယ်။ ထူးခြားအံ့သြစွာပါပဲ။ ဘယ်သူမှ မယုံဘူးလို့ဆိုတဲ့ အတွက် ဆေး တက္ကသိုလ်တွေထိတောင် သယ်ဆောင်ပြီး သက်သေကပြခဲ့ပါတယ်။ ၁၉၄၅ ခုနှစ် ဧပြီလက Colorado ပြည်နယ်Fruita မြို့  က လယ်ခင်းတစ်ခု မှာ မွေးဖွားပါတယ်။ တစ်နေ့တော့ ပိုင်ရှင်ဖြစ်သူက ခေါင်းဖြတ်လိုက်ချိန်မှာ ပုဆိန်သွားအနည်းငယ် လွဲပြီး ဦးနှောက် Sterm နဲ့ နားတစ်ဖက်က ကျန်ခဲ့...

Pages 381234 »

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်