Thursday, November 21, 2013

“မူးယစ်ဆေးသုံးတဲ့သူတွေကို မေးကြည့်ပါ သူတို့လည်း ဒုက္ခကို တော်တော်လေးခံစားရပါတယ်”

Posted by drmyochit Thursday, November 21, 2013, under | No comments


မြန်မာနိုင်ငံမူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်းစီမံချက်အကြံပေး စိတ်ကျန်းမာရေး ဆရာဝန်ကြီး ဒေါက်တာမောင်မောင်လွင်နှင့် တွေ့ဆုံမေးမြန်းခြင်း

မြန်မာနိုင်ငံက လူငယ်တွေမှာ မူးယစ်ဆေးသုံးစွဲနေကြတဲ့အနေအထားတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာပြီးတော့ သုံးစွဲမှုနှုန်း ကလည်း မြင့်တက်လာတာတွေ့ရတဲ့အတွက်မြန်မာနိုင်ငံ မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်းကို သွားရောက်တွေ့ဆုံ မေးမြန်း ဖြစ်ခဲ့ပါတယ်။

မေး။ လက်ရှိ မြန်မာနိုင်ငံမှာမူးယစ်ဆေးဝါး သုံးစွဲမှုနဲ့ ပတ်သတ်ပြီး သိချင်ပါတယ်။

ဖြေ။ အခုလက်ရှိ မူးယစ်ဆေးဝါးသုံးစွဲမှုနဲ့ ပတ်သတ်ပြီးပြောရမယ်ဆိုရင်တော့ နဲနဲခွဲခြားပြီးပြောရမှာပေါ့။ ကျွန်တော်တို့ နိုင်ငံမှာ မူးယစ်ဆေးဝါးနဲ့ပတ်သတ်ပြီးပြောရမယ်ဆိုရင်တော့ ကမ္ဘာပခြားနိုင်ငံများနည်းတူ ပထမဆုံးကတော့ဘိန်းပေါ့ အဲဒါတော့ ပြဿနာ အန္တရာယ်ရှိတဲ့ အမျိုးအစားတစ်ခုပါ။ ဒါပေမယ့် ဘိန်းက စတင်ခဲ့ပေမယ်လို့ ကြီးမားတဲ့ အန္တရာယ်ကြီးဖြစ်လာရအောင်တော့ သိပ် အကြီးကျယ်ကြီးတော့ မရှိခဲ့ဘူး။ ဘိန်းစားတယ် ဘိန်းစားပြီးတော့ ကုသပေးရတယ်ဆိုတာမျိုးပဲ ရှိခဲ့ပေမယ့်လို့ ထူးထူးခြားခြား လေးကတော့ ၁၉၇၀ လောက်မှာ ကျွန်တော်တို့ မြန်မာနိုင်ငံကို ဘိန်းဖြူ နံပါတ်၎ ပေါ့ အရင်တုန်းကတော့ နံပါတ်၃ပေါ့ ဘိန်းညို စပေါ်လာတယ်။ ပေါ်လာပြီးတဲ့အခါမှာအထူးသဖြင့် လူငယ်ထုကြားမှာ ၇၀ လောက်ကနေ နှစ်နှစ်လောက်အတွင်းမှာ အရမ်း အန္တရာယ်ကြီးမားတဲ့ ရောဂါသဏ္ဍာန်ဖြစ်သွားတယ်။ ဘိန်းဖြူအန္တရာယ်သိပ်ကြီးခဲ့ပါတယ်။ အဲတော့မှ ကျွန်တော်တို့နိုင်ငံက အားလုံးကဝိုင်းဝန်းပြီးတော့ ကုသရေးတွေ ပြန်လည်ပြုစုရေးတွေနဲ့ ပတ်သတ်ပြီးတော့ တိကျတဲ့ဥပဒေတစ်ခု လုပ်ခဲ့ပါတယ်။ အဲဒါက ၁၉၇၄ မူးယစ်ဆေးဝါးဘေးဆိုတဲ့ဥပဒေ။ အရင်တုန်းကတော့ ဘိန်းအက်ဥပဒေတွေဘာတွေရှိပါတယ်။ အဲတုန်းက အဓိကသုံးတာ ဘိန်းဖြူပါပဲ။ အဲဒါက ၈၈ခုနှစ်လောက်အထိကိုပဲ မြန်မာနိုင်ငံမှာ သုံစွဲတဲ့ဘိန်းအမျိုးအစားမှာ ဘိန်းဖြူဖြစ်ပါတယ်။ ဒါပေမယ့် နောက်ပိုင်ကြတော့ ဘိန်းဖြူသုံးစွဲတဲ့သူနည်းသွားပါတယ်။ ဒါနည်းသွားပေမယ့်လို့ မူယစ်ဆေးဝါးအနေနဲ့ စိတ်ကြွရူးသွပ် ဆေးလို့ခေါ်တဲ့ ATS လိုဟာမျိုးတွေ နဲနဲ များလာပါတယ်။ ဒါပေမယ့် အခုနောက်ပိုင်းမှာ ပြန်ကြည့်လိုက်ရင် ၉၆ နောက်ပိုင်းမှာ စိတ်ကြွရူဒးသွပ်ဆေး ရာဘ၊ ရာမဒါတွေသုံးစွဲမှုများလာပေမယ့် ၂၀၁၁ လောက်ကစပြီးဘိန်းဖြူ ပြန်လည်ဖမ်းမိတဲ့သတင်းတွေ ဘိန်းမဲ ဘိန်းဖြူ ပြီးတော့ တစ်ဖြားဟာတွေပေါ့ စိတ်ကြွဆေး၊ ဆေးခြောက်စသည်ဖြင့် ဘိန်းအမျိုးအစား မူးယစ်ဆေဝါးတွေကို ဖမ်းမိတဲ့သတင်းတွေဟာ ၂၀၁၁ လောက်ကစပြီးအခု ၁၂/၁၃ ဆိုရင် နေ့တိုင်းလိုလိုမပါတဲ့နေ့ မရှိပါဘူး။ အခုရက်ပိုင်းအတွင်း ဆိုရင်တောင်မှ တာချီလိတ်လိုနေရာမျိုးမှာ မိုးကောင်းလိုနေရာမျိုးမှာ ကချင်ပြည်နယ် ရှမ်းပြည်နယ် နယ်စပ်ဒေသ ဒါတွေတင် မကပါဘူး ဗမာပြည်တွင်း မြို့တွေမှာပါ ဘိန်းဖြူတွေ စိတ်ကြွဆေးတွေကို တော်တော်များများ ဖမ်းဆီးမိတဲ့သတင်းတွေ ပါနေ ပါတယ်။ ဒါကြောင့်မို့လို့ အဲဒီ့လို ဖမ်းဆီးရမိတာများတယ်ဆိုရင် ရောက်ရှိလာတာများလို့ပါ။ ဈေးနှုန်းအရကြည့်မယ်ဆိုရင်လည်း ကျတယ်။ လူငယ်တော်တော်များများက ပြန်သုံးလာကြတယ်။

မေး။ ဘိန်းဖြူသုံးတဲ့ သူက ဘိန်းဖြူပဲ သုံးတယ်လို့ ကြားဖူးပေမဲ့ ဘိန်းဖြူရော ဆေးပြားကို တွဲသုံးလာတဲ့ သူတွေလည်း ရှိတယ်လို့ သိရတော့ ဘယ်လိုကြောင့်ပါလဲ။

ဖြေ။ အဲဒါလည်းပဲ ဆေးစွဲတဲ့သူတွေရဲ့ သဘာဝအနေအထားအရ ကြည့်မယ်ဆိုရင်တော့ နည်းနည်းလေးထူးခြားပါတယ်။ ဟိုတုန်းက ဆိုရင် ဘိန်းဖြူသုံးတဲ့သူသည် ဘိန်းဖြူကိုပဲ သုံးတယ်။ ဆေးခြောက်သုံးတဲ့သူသည် ဆေးခြောက်ပဲသုံးတာများတယ်။ အရက်သောက်တဲ့သူက အရက်ပဲသောက်တယ်။ မရောကြဘူး သီးသီးသန့်သန့်ရှိတယ်။ ဒါပေမယ့် နောက်ပိုင်းဘယ်လိုဖြစ် လာလဲဆိုတော့ ဆေးဝါးရမှုအခက်အခဲရှိလာတဲ့အခါကြတော့ မူးဖို့အတွက်ကို ဘိန်းဖြူရရင် ဘိန်းဖြူ၊ ဆေးခြောက်ရရင် ဆေးခြောက်၊ အရက်ရရင်အရက် တစ်ခါတစ်ခါကြတော့လည်း အဲလိုတွေပေါ့အကုန်ရောပြီးသုံးကြတာပေါ့၊ အစားထိုး သုံးခြင်းအားဖြင့် ပေါ်လီဒရိုက်တွေ ဖြစ်သွားတယ်။ တစ်ချို့ကြတော့လည်းပဲ အခုခေတ်အခြေအနေအရကြပြန်တော့ တစ်ခါတစ်ခါ ဘိန်းဖြူကို သုံးတယ်ဖြတ်တယ်။ ဖြတ်တဲ့အခါကြတော့ အာသာရှိနေတယ်။ အဲဒီ့တော့ ဘိန်းဖြူလောက်တော့ မဆိုးဘူးဆိုတဲ့ ဒိုင်ရာဇီပင်ကို သုံးလိုက်တယ်။ ဒါပေမယ့် ဒိုင်ရာဇီပင်က သိပ်အဆင်မပြေတဲ့အခါကြတော့ အရက်ကိုလည်း သောက်ပြန်တယ် ဒီလိုပေါ့။ တကယ်တမ်းဆို ဘိန်းဖြူနဲ့ စိတ်ကြွဆေးဆိုတာ သက်သက်ဆီ၊ ဘိန်းဖြူက လူတွေကိုငြိမ်ပြီးတော့ ဇိမ်ရှိစေတယ်။ စိတ်ကြွဆေးက တက်ကြွစေတယ်။ ဒီနှစ်ခုကိုမတွဲဘူး။ အခုအခါတွေက ထူးဆန်းတာပေါ့နော် ခေတ်နောက်ပိုင်း ဆန်းတာတွေပေါ့ ဘိန်ဖြူ သုံးလိုက်တယ်။ စိတ်ကြွဆေးပါ သုံးလိုက်တယ်။ သူတို့ပြောတဲ့အနေအထားအရတော့ ဘိန်းဖြူက ငြိမ်တဲ့အချိန် စိတ်ကြွ ဆေးက တက်တဲ့အချိန် ဒီနှစ်ခုတွေ့လိုက်တဲ့ အချိန်လေးကို ကြိုက်သွားကြတယ် ဒီလိုလေးတွေ တော်တော်တော့ ထူးဆန်းတဲ့ အတွေ့အကြုံလေးတွေတော့ ဒါကြောင့်မို့လို့ အဲလို တွဲသုံးတာလေးတွေလည်း ရှိပါတယ်။

မေး။ သုံးစွဲသူအများစုကတော့ ဘယ်အသက်အရွယ်တွေပါလဲ။

ဖြေ။ လူငယ်တွေအဓိကပေါ့နော် လူဘကြီးလဲပါပါတယ်။ သူကတော့ နယ်စပ်ဒေသရယ်လို့မှမဟုတ်ပါဘူး ဆေးဝါးရရှိဖို့လွယ်တဲ့ နေရာမျိုးတွေမှာကြတော့ အပေါင်းသင်းကြောင့်ပဲဖြစ်ဖြစ် ဈေးနှုန်းအရလဲ သုံးနိုင်တဲ့ အခြေအနေရှိလာတဲ့ အခါကြရင် လွယ်လင့် တကူ သုံးတတ်ကြတယ်။ ဒီလိုသုံးတတ်တာကြတော့ ဘယ်ဒေသမှာပဲဖြစ်ဖြစ် ဖြစ်တတ်ပါတယ်။ ဒါတွေကာကွယ်ဖို့ဆိုတာ တော်တော်လည်း ခက်ပါတယ်။ ခက်ပေမယ့်လို့ နံပါတ် ၁ အနေနဲ့ကတော့ ဘာပဲပြောပြောအခြေခံက ပညာပေးမှုပေါ့။ မူးယစ်ဆေးဝါအန္တရာယ် အသိပညာပေးတာပေါ့နော်။ ဒါတင်မဟုတ်ပဲနဲ့ စိတ်ကိုစွဲလမ်းစေတဲ့ ဆေးများဆိုပြီးတော့ မူးယစ်ဆေးဝါး လို့တော့ မသတ်မှတ်တော့ ဥပမာအလွယ်ကူဆုံးပြောရင် အရက်ပေါ့နော်။ နောက်ပြီးတော့ အခုခေတ်မှာ လူငယ်တွေသုံးနေတဲ့ ကော်၊ ဓာတ်ဆီ၊ ရေနံဆီ၊ အရောင်တင်ဆီရှုတာမျိုး လေးတွေပေါ့ အဲလိုဟာမျိုးလေးတွေကြတော့ အားလုံးစွဲလမ်းတတ်တယ်။ ဘိန်းဆိုတာမျိုးကြတော့ ညင်သာစွာနဲ့ ထိရောက်စွာ ပညာပေးရမှာ။ ကျောင်းတွင်ဆို ကျောင်းတွင်းကလူတွေ ကျောင်းပြင်ပ လူငယ်တွေ။ မူယစ်ဆေးဝါးလို့ မသတ်မှတ်ပေမယ့် စွဲတတ်တဲ့ဆေးဖြစ်တဲ့ အရက်လည်း တော်တော်ပြဿနာတတ်တယ်။ အရက်ရော စောစောကပြောတဲ့ ကော်လိုဟာမျိုးတွေကိုရော ပညာပေးမှုတွေ ပြုလုပ်ရမှာပါ။ နောက်တစ်ဆင့်ကတော့ ကုသမှုပါ။ ဒီအသိုင်းအဝိုင်း(၃)ခုစလုံးကတော့ တာဝန်ရှိပါတယ်။ မူးယစ်ဆေးဝါးဆိုတာ တော်တော်ကြောက်စရာကောင်းပါတယ်။ ယေဘုယ ပြောရင်တော့ တော်တော်ဒုက္ခပေးတဲ့အရာဖြစ်ပါတယ်။ သုံးစွဲသူကိုယ်တိုင်ကိုလည်း မေးကြည့်ပါ၊ သူတော်တော်ဒုက္ခရောက် ပါတယ်။ တော်တော် ခံစားရပါတယ်။ လူမှုရေး၊ စီးပွားရေး၊ ကျမ်းမာရေး အနီးစပ်ဆုံးသူတို့မိသားစု ခံစားရပါတယ်။ သူတို့ ရပ်ကွက်၊ သူတို့မြို့နယ် နောက်ဆုံးသူတို့နိုင်ငံ အားလုံးခံစားရတယ်။

မေး။ အသင်းရဲ့ လက်ရှိဆောင်ရွက်ချက်တွေကို သိချင်ပါတယ်။

ကျွန်တော်တို့ MANA (မြန်မာနိုင်ငံမူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်းအနေနဲ့ကတော့ ၁၉၉၄ ဇွန်လ(၂၆)ရက်နေ့ကတည်းက စတင်ဖွဲ့စည်းပြီးတော့ မူးယစ်ဆေးဝါးနဲ့ပတ်သတ်လို့ ဆန့်ကျင်တဲ့လုပ်ငန်း။ ဒါပေမယ့်လို့ ဆန့်ကျင်တဲ့လုပ်ငန်း ဆိုတဲ့နေရာမှာ ဖမ်းဆီးနှိမ်နှင်းတာမျိုးမဟုတ်ဘူး။ သုံးစွဲနေတဲ့လူတွေကူညီဖို့ မဖြစ်သင့်တာတွေမဖြစ်လာဖို့ ပညာပေးဖို့ ဆိုတာတွေကို အငြိမ်းစား ကျမ်းမာရေး၊ ပညာရေး၊ ပြည်ထဲရေး၊ လူမှုဝန်ထမ်းက လူကြီးတွေကစုစည်းပြီးတော့ စတင်ဆောင်ရွက်ခဲ့တာဖြစ်လို့ မြန်မာနိုင်ငံရဲ့ မူးယစ်ဆေးဝါးဆန့်ကျင်ရေးလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်တယ်။ လူငယ်တွေကို အဖွဲ့အစည်းများ ဖွဲ့စည်းပြီးတော့ မူးယစ် ဆေးဝါးတားဆီးရေး၊ ကာကွယ်ပညာရေးလုပ်ငန်းများကိုဆောင်ရွက်တယ်။ ထို့အတူပဲ မူးယစ်ဆေးဝါးသုံးစွဲပြီးတော့မှ အခု လူကောင်းဖြစ်နေပြီးဖြစ်တဲ့ အဖွဲ့အစည်းဖွဲ့စည်းပေးပြီးတော့မှ မူးယစ်ဆေးဝါးကာကွယ်ရေးလုပ်ငန်းတွေကို ဆောင်ရွက်နေ ပါတယ်။

မေး။ ထိရောက်တဲ့ ကာကွယ်တားဆီးရေးလုပ်ငန်းတွေကို ဘယ်လိုများဆောင်ရွက်သင့်တယ်လို့ မြင်ပါသလဲ။

ဖြေ။ အမျိုသားရေးအသွင် လုပ်ရတယ်ဆိုတာ တကယ်ကြီးမားတဲ့အန္တရာယ်။ အဲဒါကိုကာကွယ်တဲ့အခါ တစ်ဦးတစ်ယောက်နဲ့ မရပါဘူး။ နံပတ်တစ်အနေနဲ့ကတော့ မိသားစုအသိုင်းအဝိုင်းအနေနဲ့ကတော့ စောစောကပြောသလို ဆေးကုတာ ဘာညာ လုပ်နိုင်တယ်။ သူတို့ကို ကူညီဖို့ကြတော့ လူမှုရေးအဖွဲ့အစည်းက လိုလာပါတယ်။ အစိုးရက ကုသပေးမယ် ဒီလိုပညာပေး လုပ်ငန်းတွေလုပ်သလို သူတို့ တစ်ယောက်တစ်ဦးထဲနဲ့ လုပ်လို့မရဘူး။ NGO တွေ ပရဟိတအဖွဲ့အစည်းတွေ တော်တော်များများ လည်း အခု လုပ်နေပါတယ်။ အဲဒီ့အဖွဲ့အစည်းတွေအားလုံးက ဒီကိစ္စတွေကို ပူးပေါင်းဆောင်ရွက်ရပါမယ်။ ဒါအပြင်ကိုပဲ ငြိမ်ချမ်းရေး အဖွဲ့အစည်းတွေနဲ့ ဒေသအသီးသီးက အဖွဲ့အစည်းတွေကလည်း သူတို့အဖွဲ့အစည်းတွေမှာ တကယ်တန်းပြော ရရင် ဒီလိုဟာတွေကို လက်မခံပါဘူး။ တစ်ချို့အဖွဲ့တွေဆိုရင် အင်မတန်ပြင်းထန်စွာ အရေးယူဆောင်ရွက်ပါတယ်။ ဒီသုံးခုက ပူးပေါင်းဆောင်ရွက်မယ်ဆိုရင် အောင်မြင်စွာ ဆောင်ရွက်နိုင်မှာပါ။

မြစ်မခမှပြန်လည်မျှဝေသည်...

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်