Thursday, November 21, 2013

ဘဝဆန္ဒတွေ ပြည့်ဝစေဖို့အတွက် အမြဲတမ်း ပြုကျင့်သင်တဲ့ အချက် ( ၁၈ ) ချက်

Posted by drmyochit Thursday, November 21, 2013, under | 1 comment


လူတစ်ယောက်မှာ အစားအသောက်နဲ့ ပတ်သက်ပြီး ကြိုက်၊ မကြိုက်ရှိသလို အမြဲတမ်း ပြုကျင့်ဖို့ သင့်၊ မသင့် ဆိုတာတွေလည်း ရှိပါတယ်။ ဘဝမှာ အမြဲတမ်း ပြုကျင့်သင့်တဲ့ အရာတွေ အများကြီးရှိနေပေမယ့် တကယ်ပြုကျင့်ထိုက်တဲ့ အရာကတော့ မရှိသလောက် ရှားပါတယ်။ သူငယ်ချင်းတို့ ဘဝမှာ တောက်ပဖို့၊ ပျော်ရွှင်စိတ်ချမ်းသာဖို့၊ ဘဝဆန္ဒတွေ ပြည့်ဝစေဖို့အတွက် အမြဲတမ်း ပြုကျင့်သင်တဲ့ အချက် ( ၁၈ ) ချက်ကို ဖေါ်ပြပေးလိုက်ပါတယ်။


၁။ စိတ်ကို တည်ငြိမ်အောင်ထားပါ။

ဘဝဆိုတာ အမြဲတမ်းလိုလိုပဲ ထိန့်လန့်ခြောက်ခြား နေတတ်ပါတယ်။ စိတ်ကိုသာ တည်ငြိမ်နေအောင် မကျင့်ဘူးဆိုရင် လူဟာ ရူးသွပ်သွားပါလိမ့်မယ်။ စိတ်ထဲမှာ ပူလောင်ရတဲ့ ခံစားမှုတိုင်းကို ရင်ဆိုင်ကျော်ဖြတ်နိုင်ဖို့ စိတ်ကို တည်ငြိမ်အောင် ကျင့်ပါ။


၂။ ခေါင်းမော့ထားပါ။

င်းမော့ထားခြင်းဟာ လူရဲ့ ကိုယ်ဟန်ပန်ကို ကောင်းမွန်စေရုံမက ဘယ်ကိစ္စမဆို အရေးမကြီးဘူး၊ အေးဆေးကိုင်တွယ် ဖြေရှင်းနိုင်တယ်ဆိုတဲ့ အမူအရာကိုလည်း အထောက်အကူ ဖြစ်ပေါ်စေပါတယ်။ ဒီအပြုအမူဟာ စိတ်ကိုလည်း အလိုလို တင်းထားပြီးသား ဖြစ်နေတာမို့ အရာရာကို အခက်အခဲမရှိ ဖြေရှင်းနိုင်ဖို့ဆိုရင် ခေါင်းမော့ထားပါ။

ခါ


၃။ စိတ်ဓါတ်ကို မြင့်တင်ထားပါ။

အကောင်းမြင်ခြင်းနဲ့ ပျော်ရွှင်ဖွယ်ရာတွေကို အစဉ်တစိုက် သိမ်းထားပါ။ သင်ကလွဲပြီး ဘယ်သူတစ်ယောက်ကမှာ သင်ကို ပြန်လည်ပြီး ရွှင်ပြလန်းဆန်းလာအောင် လုပ်မပေးနိုင်ဘူးဆိုတာ မမေ့ပါနဲ့။ ဆန္ဒတွေကို တိုးပွားစေဖို့နဲ့ အိပ်မက်တွေကို အကောင်အထည်ဖေါ်ဖို့ရာ အဆင်မပြေမှုတွေနဲ့ ရင်ဆိုင်ကြုံတွေ့ရတိုင်း စိတ်ဓါတ်တွေကို အမြဲတမ်း မြင့်တင်ထားပါ။


၎။ ကတိတည်ပါ။

လူတစ်ယောက်ရဲ့ စိတ်ဓါတ်အစစ်အမှန်ကို သိချင်တယ်ဆိုရင် သူဟာ ကတိ တည်၊ မတည်ကို သိအောင်လေ့လာပါ။ ပြောမိတဲ့ စကား၊ ပေးမိတဲ့ ကတိကို မပျက်ကွက်အောင် တည်တတ်တဲ့သူမှ ဂုဏ်သိက္ခာရှိပြီး ယုံကြည်စိတ်ချ ရပါတယ်။ ဒါကြောင့် ကတိစကားကို မပျက်ကွက်အောင် အမြဲတမ်း စောင့်ထိန်းပါ။


၅။ ခေတ်ကို ရင်ပေါင်တန်း လိုက်ပါ။

ကမ္ဘာကြီးဟာ အဆက်မပြတ် အရှိန်အဟုန်နဲ့ ပြောင်းလဲနေပါတယ်။ ကမ္ဘာကြီးမှာ ဘာတွေဖြစ်နေတယ်၊ ဘာတွေက အရေးကြီးဆုံးဖြစ်တယ် စတာတွေကို အချိန်နဲ့ တပြေးညီ သိအောင်လုပ်ပါ။ လူကြိုက်များလာမယ့် အလားအလာတွေနဲ့ နောက်ဆုံးပေါ် နည်းပညာတွေကိုလည်း အမြဲတမ်း လေ့လာသင်ယူပါ။ ရပ်တန့်နေမယ်ဆိုရင် သင်ဟာ နောက်မှာကျန်ခဲ့ပါလိမ့်မယ်။


၆။ ခန္ဓာကိုယ်ဝိတ်ကိုထိန်းပါ။

သင့်ရဲ့ ခန္ဓာကိုယ်က သင့်ရဲ့ကျန်းမာရေး အခြေအနေကို ဖေါ်ပြပေးတဲ့ အရာပါ။ သင့်ရဲ့ခန္ဓာကိုယ်ဟာ သင့်ဘဝပင်လယ်မှာ ခရီးဆက်မယ့် လှေတစ်စီးလည်း ဖြစ်ပါတယ်။ ခန္ဓာကိုယ်ကို ကျန်းမာသန်းစွမ်းအောင် အမြဲတမ်း ထိန်းသိမ်းပါ။


၇။ ပါးစပ်ပိတ်ထားပါ။

လူတွေဟာ စကားကို ရေပတ်မဝင်အောင် ပြောတတ်ကြတယ်။ ဘယ်အချိန်မှာ ဘယ်စကား ပြောသင့်တယ်ဆိုတာ သိပါ။ မလိုအပ်ဘဲ လေကြောရှည်တာတာတွေကို အမြဲတမ်း ရှောင်ရှားပါ။ တစ်ခါတရံ ဆိတ်ဆိတ်နေခြင်းဟာ ပြောတာထက်ပိုပြီး စကားရဲ့ အဓိပ္ပါယ်ကို လေးနက်စေပါတယ်။


၉။ မိတ်ဆွေကောင်းကို ပေါင်းသင်းပါ။

မိတ်ဆွေကောင်းကို ရှာဖို့က အလွန်ခက်ပါတယ်။ သင့်ဘဝရဲ့ အကျဉ်းအကျပ်၊ အတိဒုက္ခတွေကနေ လွတ်မြောက်အောင်၊ ရည်မှန်းချက်တွေ မပျက်အောင် ပြုလုပ်ပေးတဲ့ မိတ်ဆွေကို ဘယ်တော့မှ လက်မလွတ်ပါနဲ့။ ယနေ့ကမ္ဘာမှာ ကုန်းကောက်စရာမရှိအောင် ဆင်းရဲတဲ့သူဆိုတာ မိတ်ဆွေကောင်း မရှိသူပဲ ဖြစ်ပါတယ်။


၁၀။ နေ့စဉ်မှတ်တမ်း ရေးပါ။

စဉ်မှတ်တမ်း ရေးခြင်းဟာ စိတ်ကုထုံးတစ်ခု ဖြစ်ပါတယ်။ ဘဝရဲ့ အိပ်မက်တွေ၊ ရည်မှန်းချက်တွေ၊ ကုန်ကုန်ပြောရရင် သင့်ရဲ့ အမှားတွေနဲ့ သင့်မှာ ခံစားခဲ့ရတဲ့ စိတ်အနှောက်အယှက်ဖြစ်မှု အစရှိတာတွေကိုတောင်မှ နေ့စဉ်မှတ်တမ်း ရေးထားပါ။ သင့်ဘဝက အဖြစ်အပျက်တွေမှာ မှတ်တမ်းရေးထားတာကို ပြန်ကြည့်တဲ့အခါတိုင်း အဲဒီကမှတဆင့် သင်ခန်းစာတွေကို သင်ယူနိုင်သလို မဟာရည်မှန်းချက်တွေနဲ့ တန်ဘိုးဘိုးဖြတ်မရနိုင်တဲ့ အားအင်တွေကိုလည်း ရနိုင်ပါတယ်။




၁၁။ ရပ်တန့်နေခြင်းကို ရှောင်းရှားပါ။

ယနေ့အိုင်တီခေတ်ကြီးဟာ အချိန်နဲ့ တပြေးညီထဲ ရှေ့ကို ရွေ့လျားနေပါတယ်။ မနေ့က အဖြစ်အပျက်တွေနဲ့ ဒီနေ့ ခံစားမနေပါနဲ့။ ဘဝက ပိုမိုကောင်းမွန်လာအောင် ရှေ့ကိုသာလျှောက်ဖို့ အမြဲတမ်း အားထုတ်ပါ။ သင့်ကို ပိပြားစေမယ့် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာတွေရဲ့ မလိုအပ်တဲ့ ဝန်ထုတ်ဝန်ပိုးတွေကို ဘဝထဲက အပြီးအပိုင် ထုတ်ပစ်လိုက်ပါ။ ရည်မှန်းချက်တွေ ပီပြင်လာစေဖို့ မရပ်မနား အဆက်မပြတ် ကြိုးစားပါ။


၁၂။ အန္တရာယ်တွေကို ရှောင်ရှားပါ။

ကမ္ဘာမှာ အန္တရာယ်ကင်းတဲ့ လူဆိုတာ မရှိသလောက်ပါပဲ။ ဒါပေမယ့် အန္တရာယ်ဆိုတာကတော့ ဖိတ်ခေါ်ရမယ့် အရာမဟုတ်၊ အတတ်နိုင်ဆုံး ရှောင်ရှားရမှာ ဖြစ်ပါတယ်။ ဖြစ်ပေါ်လာမယ့် အန္တရာယ်ကို ကြိုတင်တားဆီခြင်းဟာ ကျရောက်လာမယ့် ဒုက္ခအပေါင်းကို သက်တောင့်သက်သာ ကာစီးလိုက်ခြင်း ဖြစ်တာမို့ အန္တရာယ်တွေကို အမြဲတမ်းရှောင်ရှားပါ။


၁၃။ အကျိုးရှိမယ့် အလုပ်ကို လက်မလွတ်စတမ်း လုပ်ပါ။

ဘဝမှာ အောင်မြင်မှုကို အောင်မြင်မှုအပေါ်မှာသာ တည်ဆောက်လို့ ရတာပါ။ သင်ဟာ အလုပ်ကို ပိုပြီး ကြိုးစားလေလေ၊ အောင်မြင်မှုကို လက်ဝယ်ပိုင်ပိုင် ဆုတ်ကိုင်နိုင်လေလေ ဖြစ်ပြီး အလုပ်လုပ်နေရင်း မိုပိုကောင်းမွန်တဲ့ အကျိုးတရားတွေကို ရလေလေ ဖြစ်ပါလိမ့်မယ်။ အကျိုးရှိမယ့် အလုပ်ကို လက်မလွတ်စတမ်း အဆက်မပြတ် လုပ်ဆောင်ခြင်းကနေ အောင်မြင်မှုကို အလေ့အကျင့်တစ်ခုလို ဖြစ်လာအောင် လုပ်ပါ။


၁၄။ နုပျိုခြင်းကို ထိန်းသိမ်းပါ။

ကျန်းမာသန်စွမ်းဖို့၊ စိတ်ဓာတ်တွေ နူးညံ့ပြောပျောင်းဖို့နဲ့ နုပျိုလန်းဆန်းဖို့ရာ သင့်မှာ အစွမ်းရှိသလောက် အမြဲတမ်း ပြုလုပ်ပါ။ နုပျိုခြင်းကို စဉ်းစားပါ၊ ခံစားပါ။ တခါတုန်းက ပညာရှိတစ်ယောက်ပြောတဲ့ စကားလေတစ်ခွန်း ရှိခဲ့ပါတယ်။ “မိမိဖြစ်ချင်တာကို မဖြစ်နိုင်လောက်အောင် နောက်ကျတယ်ဆိုတာ မရှိဘူး။ It is never too late to be what you might have been.” တဲ့။ အသက်အရွယ်ဆိုတာ နှစ်အရေအတွက် တစ်ခုသာဖြစ်ပြီး နုပျိုခြင်းဆိုတာက သင် ခံယူမိတဲ့ သဘောထားတစ်ခု ဖြစ်တယ်ဆိုတာ မမေ့ပါနဲ့။


၁၅။ မေတ္တာထားပါ။

္တာဆိုတာ ကမ္ဘာကြီးကို လှပသာယာအောင် ဖန်တီးပေးဖို့ အကောင်းဆုံး အကြောင်းပြချက် ဖြစ်ပါတယ်။ မေတ္တာဆိုတာ သိမ်းဆည်းထားရင် တဖြည်းဖြည်း သေးသိပ်သွားတဲ့ အရာမျိုးဖြစ်ပြီး မျှဝေပေးမယ်ဆိုရင် စကြာဝဠာတစ်ခုလုံးအထိ ဖြန့်ကျက်နိုင်ပါတယ်။ ရင်ထဲက လှိုက်လှိုက်လှဲလှဲနဲ့ လူတိုင်းအပေါ် အမြဲတမ်း မေတ္တာထားပါ။ မေတ္တာတရားက ဝမ်းနည်းမှု၊ နာကျင်မှုနဲ့ ပူလောင်မှုတွေကို ကုသပေးနိုင်ပါတယ်။ လူတစ်ယောက် အထီးကျန် ဖြစ်နေတယ်ဆိုတာ မေတ္တာတွေ ခေါင်းပါးငတ်မွတ် နေလို့သာ ဖြစ်ပါတယ်။ အမြဲတမ်း မေတ္တာထားပေးပါ။

တ္တာ


၁၆။ မျှော်လင့်ချက်ကို ထားပါ။

ျာ်လင့်ချက် မရှိတဲ့သူဟာ ရှင်လျှက်နဲ့ သေနေသူပါ။ မနက်ဖြန်ဆိုတာ မျှော်လင့်ချက် အသစ်ကို ပေးစွမ်းနိုင်တဲ့ နောက်တစ်နေ့ပါ။ မျှော်လင့်ချက်တွေ မဆိက်သုဉ်းနိုင်တဲ့ ကမ္ဘာကြီးရဲ့ မနက်ဖြန်တိုင်းကို ယုံကြည်ပါ။ မျှော်လင့်ချက်ဆိုတာ အကောင်းဆုံးကို ပေးနိုင်တဲ့အရာဖြစ်သလို သင့်ဘဝကို အကောင်းဆုံး အာမခံချက် ပေးနိုင်တဲ့ အရာလည်း ဖြစ်ပါတယ်။

မျှာ်


၁၇။ ယုံကြည်မှုကို ဆုတ်ကိုထားပါ။

ယုံကြည်မှုဆိုတာ အစစ်အမှန်တို့ရဲ့ မိခင်ပါ။ ယုံကြည်တယ်ဆိုရင် လိုချင်တာတွေကို ကြိုးစားယူရင် သင့်ရှေ့ကို ရောက်လာပါလိမ့်မယ်။ မိမိကိုယ်မိမိ ယုံကြည်ပါ။ ကမ္ဘာကြီးရဲ့ ပဉ္စလက်ကိုလည်း ယုံကြည့်ပါ။ သင့်ရဲ့ အိပ်မက်တွေကိုလည်း ယုံကြည်ပါ။ အရာရာတိုင်းကိုလည်း သင်လုပ်နိုင်တယ်လို့လည်း ယုံကြည်ပါ။ ယုံကြည်မှုကတဆင့် အလိုရှိတဲ့ အရာရာတိုင်းကို ရယူပိုင်ဆိုင်နိုင်ပါလိမ့်မယ်။


၁၈။ ကိုယ်ပိုင် ပန်းတိုင်ကို ထားပါ။

ပန်းတိုင်ဆိုတာ ဘဝမှာ မရှိမဖြစ်လိုအပ်တဲ့အရာပါ။ ကိုယ်ပိုင်ပန်းတိုင် မရှိတဲ့လူဟာ ဦးတည်ရာ မဲ့နေတဲ့ တေလေဘဝတစ်ခု ဖြစ်တယ်လို့ မှတ်ယူရပါမယ်။ ဦးတည်ရာမဲ့ လမ်းလျှောက်နေရင် လေလွှင်နေသူတစ်ထက် ဘာမှပိုမှာ မဟုတ်ပါဘူး။ ယနေ့ခေတ်မှာ ပန်းတိုင်ဆိုတာ ထာဝရနားရမယ့် နေရာတစ်ခု မဟုတ်တော့ဘဲ ခရီးတစ်ထောက် နားရမယ့် နေရာလေးတစ်ခု ဖြစ်တယ်လို့တောင် ပြောရပါမယ်။ ဒါကြောင့် ပန်းတိုင်တွေကို တစ်ခုပြီး တစ်ခု ဆက်တိုက်ထားပါ။


ဘဝနဲ့ဆန္ဒ တသားတည်းကျပါစေ…………
လင်းမြတ်(ပန်းတောင်း)

1 comments:

ကျေးဇူတင်လိုက်တာ.....မိတ်ဆွေကောင်းကိုပေါင်းသင်းပါဆိုတဲ့စာပိုဒ် မှာ ကိုယ်ကလဲသိတတ်ဖို့လိုပါတယ်..အယူဘဲရှိပြီး..အပေးမရှိပြန်ရင်..မိတ်ဆွေစစ်နည်းသွားမှာပါ.. ငွေကြေးအဓိကမဟုတ်ဘဲ..ကိုယ်တတ်နိုင်တဲ့ကူညီမှု မျိုးနဲ့ ပေါ့...

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်