Thursday, July 24, 2014

ပျောက်ဆုံးလေယာဉ်မှာ ပျက်ကျသွားခဲ့ခြင်းဟု တာဝန်ရှိသူများ အတည်ပြု

Posted by drmyochit Thursday, July 24, 2014, under | No comments

ပျံသန်းနေရင်းမှ ပျောက်ဆုံးသွားခဲ့သည့် အယ်လ်ဂျီးရီးယား လေကြောင်းလိုင်းမှ MD-83 ခရီးသည်တင် လေယာဉ်မှာ ပျက်ကျသွား ခဲ့ပြီဖြစ်ကြောင်း အယ်လ်ဂျီးရီးယား လေကြောင်း ထိန်းသိမ်းရေး တာဝန်ရှိသူ များက အတည်ပြု လိုက်ပြီ ဖြစ်သည်။ "လေယာဉ် ပျက်ကျသွားပြီလို့ ကျွန်တော် အတည်ပြု နိုင်ပါတယ်"ဟု အယ်လ်ဂျီးရီးယား လေကြောင်း ထိန်းသိမ်းရေး အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက အတည်ပြု ပြောကြားခဲ့ခြင်း ဖြစ်သည်။ လေကြောင်းခရီးစဉ် AH5017 အဖြစ် ဘူကီနာဖာဆို နိုင်ငံ အူဂါဒိုဂူမြို့မှ...

အဆက်အသွယ် မပြတ်မီ AH5017 လမ်းကြောင်းပြောင်း ပျံသန်းခွင့် တောင်းခံခဲ့

Posted by drmyochit Thursday, July 24, 2014, under | No comments

ရုတ်တရက် ပျောက်ဆုံးသွားသည့် အယ်လ်ဂျီးရီးယား ခရီးသည်တင် လေယာဉ်သည် အဆက်အသွယ် ပြတ်တောက်မသွားမီ လမ်းကြောင်းပြောင်း ပျံသန်းခွင့် တောင်းခံခဲ့သေးကြောင်း သတင်းရရှိသည်။ Air Algerie လေကြောင်းလိုင်းမှ AH5017 လေယာဉ်သည် ခရီးသည် (၁၁၀)၊ အမှုထမ်း (၆)ဦး လိုက်ပါလာပြီး ဘာကီနာဖာဆိုမှ အယ်လ်ဂျီးရီးယားသို့ ဦးတည်ပျံသန်းနေစဉ် အဆက်အသွယ် ပြတ်တောက်သွားခြင်း ဖြစ်သည်။ လေယာဉ်မှာ DC-9 အမျိုးအစားဖြစ်ပြီး (သတင်းအချို့တွင် MD83 ဟု ဖော်ပြ) ခရီးသည်များမှာ နိုင်ငံပေါင်း အတော်များများမှဖြစ်ကြောင်း...

ဘေဂျင်းရှိ ကျောက်မီးသွေး လောင်စာသုံး အဓိက ဓာတ်အားပေးစက်ရုံ တစ်ခုကို စတင်ပိတ်သိမ်း

Posted by drmyochit Thursday, July 24, 2014, under | No comments

ဘေဂျင်းမြို့တော်တွင် ဖြစ်ပွားလေ့ရှိသည့် လေထုညစ်ညမ်းမှု အခြေအနေများကို လျှော့ချရန်အတွက် ကျောက်မီးသွေး လောင်စာသုံး အဓိက ဓာတ်အားပေး စက်ရုံကြီး တစ်ခုကို မြို့တော် အာဏာပိုင်များက ပိတ်သိမ်းလိုက်ကြောင်း သတင်းရရှိသည်။ သက်တမ်းနှစ်(၅၀) ရှိနေပြီဖြစ်သည့် Gaojing ဓာတ်အားပေး စက်ရုံအစား ဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံတစ်ခုဖြင့် အစားထိုး ထောက်ပံ့သွားမည်ဟု ဆိုသည်။ Goajingသည် ဘေဂျင်းတွင် တည်ဆောက်ထားသည့် အကြီးစား ကျောက်မီးသွေး လောင်စာသုံး ဓာတ်အားပေးစက်ရုံ (၄)ခုအနက်...

အမျိုးသမီးတွေ လိင်အင်္ဂါ ဖြတ်တောက်ဖို့ ISIS အမိန့်ထုတ်

Posted by drmyochit Thursday, July 24, 2014, under | No comments

အီရတ် မြောက်ပိုင်းက အစ္စလာမ္မစ် စစ်သွေးကြွ တွေဟာ မိုဆူလ်မြို့ တဝိုက်က အမျိုးသမီးတွေကို လိင်အင်္ဂါ ဖြတ်တောက်ဖို့ ဘာသာရေးဆိုင်ရာ အမိန့်ထုတ်ထားကြောင်း ကုလသမဂ္ဂက ပြောကြားပါတယ်။ ဒီအမိန့်အတွက် များစွာ ပူပန် စိုးရိမ်မိကြောင်း အီရတ်မှာ ရှိတဲ့ ကုလသမဂ္ဂ ဌာနေ ကိုယ်စားလှယ် Jacqueline Badcock က ပြောပါတယ်။ အိုက်ဇစ် တပ်တွေ ထုတ်တဲ့ ဒီအမိန့်ကြောင့် အမျိုးသမီး လိင်အင်္ဂါ ဖြတ်တောက်တာ လုပ်လေ့ မရှိတဲ့ အီရတ် အမျိုးသမီး ၄ သန်းလောက် ထိခိုက် ခံစားရနိုင်တယ်လို့ ဆိုပါတယ်။ ဒီအမိန့်ကြောင့်...

တယ်လီနောမိုဘိုင်းလ်ကွန်ရက် ငါးနှစ်အတွင်း လူဦးရေ ၉၀ ရာခိုင်နှုန်း လွှမ်းခြုံရန် ERICSSON ကူညီမည်

Posted by drmyochit Thursday, July 24, 2014, under | No comments

ရန်ကုန်၊ ဇူလိုင် ၂၂ ဆက်သွယ်ရေး အော်ပရေတာ တယ်လီနော၏ မြန်မာနိုင်ငံတွင် လုပ်ကိုင်မည့် မိုဘိုင်းလ်ကွန်ရက် မြန်မာလူဦးရေ၏ ၉၀ ရာခိုင်နှုန်းလွှမ်းခြုံရန် ဆွီဒင် ဆက်သွယ်ရေးပစ္စည်း ကုမ္ပဏီ ERICSSON က ကူညီမည် ဖြစ်ကြောင်း ERICSSON အရှေ့တောင်အာရှဒေသ ဥက္ကဋ္ဌ Mr. Jan Wassenius က ပြောကြားသည်။ ERICSSON က မြန်မာနိုင်ငံ မြောက်ပိုင်းကို အဓိကထားကာ အခြေခံ အဆောက်အဦ တည်ဆောက်ခြင်း လုပ်ငန်းများကို လုပ်ဆောင်နေပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကွန်ရက်တပ်ဆင်မှုများ၊ ကိုင်တွယ်ထိန်းသိမ်းခြင်း၊...

Apple ကုမ္ပဏီကို ဝန်ထမ်းများက တရားစွဲဆို

Posted by drmyochit Thursday, July 24, 2014, under | No comments

Apple ဝန်ထမ်းများသည် ၎င်းတို့အနေဖြင့် ထမင်းစားချိန်နှင့် နားချိန်မရရှိခြင်းကြောင့် ကယ်လီဖိုးနီးယားပြည်နယ် အလုပ်သမားဥပဒေအရ ကုမ္ပဏီကို တရားစွဲဆိုလိုက်သည်။Apple ကုမ္ပဏီ၏ အရောင်းဆိုင်နှင့် ရုံးလုပ်ငန်းမှ လက်ရှိဝန်ထမ်းနှင့် ဝန်ထမ်းဟောင်း ၂ဝ,ဝဝဝ ကျော်တို့မှာ အလုပ်သမားဥပဒေနှင့် မညီသော လုပ်ငန်းခွင် အခြေအနေကို ကြုံတွေ့ခဲ့ရကြောင်း တရားလိုရှေ့နေများက ပြောကြားသည်။ Apple ကို တရားစွဲဆိုသည့် ဝန်ထမ်းများမှာ ၅ နာရီ သို့မဟုတ် ပိုမိုကြာမြင့်သော အလုပ်ချိန်ကို ထမင်းစားနားချိန်မရှိ...

အယ်ဂျီးရီးယား လေယာဉ်တစီး ပျံသန်းစဉ် ပျောက်ဆုံးနေ

Posted by drmyochit Thursday, July 24, 2014, under | No comments

 အယ်ဂျီရီးယား လေကြောင်းလိုင်း လေယာဉ်တချို့၊ ဓာတ်ပုံ- ရာဟူး နယူးစ် အခု ရက်ပိုင်း လေယာဉ်နဲ့ပတ်သက်တဲ့ သတင်းဆိုးတွေ ဆက်တိုက်ဖြစ်နေကြားနေရတာ စိတ်မကောင်း စရာပါ။ ဒီကနေ့ ဖြစ်ရပ်က Air Algerie လေကြောင်းလိုင်းက လူပေါင်း ၁၂၀ လောက် တင်ဆောင်ပြီး Burkina Faso ကနေ အယ်ဂျီးရီးယားကို ဦးတည်ပျံသန်းလာတဲ့ လေယာဉ်တစီး မာလီနိုင်ငံ အနီးမှာ အဆက်အသွယ်ပြတ်သွားခဲ့တာပါဘဲ။ ပြင်သစ်နဲ့ စပိန်နိုင်ငံသား အများစုပါတဲ့ အယ်ဂျီရီးယား လေကြောင်းလိုင်းက AH5017 လေယာဉ်ဟာ အယ်ဂျီးရီးယား...

Pages 381234 »

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်