2012-12-19
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်နဲ့ မုံရွာကြေးနီတောင်စီမံကိန်း စုံစမ်း စစ်ဆေးရေး ကော်မရှင် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် က လက်ပန်းတောင်းတောင် အရေးအခင်းမှာ မီးလောင်ဒဏ်ရာရခဲ့တဲ့ သံဃာတော်တွေ နိုင်ငံခြားပို့ပြီး ကုသရေးအတွက် ဆရာဝန်ကြီးတွေရဲ့ ဆုံးဖြတ်ချက်အတိုင်း လိုအပ်သလို ဆောင်ရွက်မှာ ဖြစ်တယ်လို့ RFA RFA က ပုံမှန်တင်ဆက်နေတဲ့ “ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင် ဆန်းစုကြည်” အစီအစဉ်အတွက် မနေ့က ဆက်သွယ်မေးမြန်းရာမှာ အခုလိုဖြေကြားလိုက်တာဖြစ်ပါတယ်။
Posted by drmyochit
Thursday, December 20, 2012, under |
No comments
ထိုင်းနိုင်ငံတွင် ရောက်ရှိနေသော မြန်မာရွှေ့ပြောင်းလုပ်သားများ၏ ယာယီနိုင်ငံကူးလက်မှတ်ထုတ်ပေးရေး အစီအစဉ်ကို နောက်ထပ် ၃ လ ထပ်မံ သက်တမ်းတိုးပေးရန် တိုင်းဝန်ကြီးချုပ် မစ္စရင်လတ်ရှင်နာဝပ်က သဘောတူလိုက်ကြောင်း ဒီဇင်ဘာ ၂၀ ရက်ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြထားသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၁၉
စင်ကာပူနိုင်ငံနှင့် မြန်မာနိုင်ငံ Myanmar B2B Management Magazine တို့ ပူးပေါင်း၍ ‘Shape The World’ conference’ 13 Myanmar အား ၂၀၁၃ ခုနှစ်၊ဇန်န၀ါရီလ ၈ရက်၊ နံနက် (၉)နာရီခွဲတွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
ကြည့်မြင်တိုင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ပြည်သူ့လွှတ်တော်အမတ်အား ကန့်ကွက်ရှုတ်ချဆန္ဒဖော်ထုတ်ပွဲကို ဒီဇင်ဘာလ ၂၃ ရက် နေ့လည် ၂ နာရီတွင် ပြုလုပ်မည်ဖြစ်ကြောင်း ဦးဆောင်သူတစ်ဦးဖြစ်သူ ကြည့်မြင် တိုင် မြို့ခံ ကိုထွန်းထွန်းကျော်က ပြောသည်။
ဂါနာနိုင်ငံက Kyebi အနီး မြို့တစ်မြို့ဟာ အသက် ၂၅ နှစ်အရွယ် အထက်တန်းကျောင်းထွက် လူငယ် Eric Bekoe က အသက် ၂ နှစ်၊ ၂ နှစ်ခွဲနှင့် ၄ နှစ်အရွယ် ကလေးငယ်သုံးဦးအား သူ့ရဲ အခန်းသို့ ဖမ်းဆီးပြီး နှုတ် ခမ်းတွေကို ကိုက်ဖဲ့ကာ သူရဲ့ လက်ချောင်းများနဲ့ ကလေးများကို မတော်မတရားတွေ လုပ်ခဲ့ တာကြောင့် အလွန် ထိတ်လန့်တုန်လှုပ်ခဲ့ရပါတယ်။
ဧရာဝတီတိုင်း ဒေသကြီး ဖျာပုံမြို့နယ်၌ ဒီဇင်ဘာ ၁၆ ရက် ညပိုင်းကအလုပ် သမား စုဆောင်းပြီး ပြည်ပသို့
ပို့ဆောင်သူ မတင်ညိုအား ဖမ်းဆီးရမိသည်။ ဖြစ်စဉ်မှာ ဒီဇင်ဘာ ၁၆ ရက် ည ၇ နာရီ မိနစ် ၂ဝ က ဖျာပုံခရိုင် ဒုစရိုက် နှိမ်နင်းရေး အဖွဲ့မှ ဒုတိယ ရဲအုပ် ဇော်ထိုက်နှင့် အဖွဲ့၊ ဖျာပုံ ရဲစခန်းမှ ဒုတိယ ရဲအုပ် အောင်ထွန်းဦးနှင့် အဖွဲ့သည် သက်သေများနှင့် အတူ ဖျာပုံမြို့ (၁၂) ရပ်ကွက်နေ မတင်ညို ၄၄ နှစ် (ဘ)ဦး ကျင်သိန်းသည် ထိုင်းနိုင်ငံ ဗန်ကောက်မြို့တွင် အလုပ်အကိုင် ရရှိမည် ဆိုကာ စည်းရုံး ပို့ဆောင်နေကြောင်း သတင်းအရ
ရန်ကုန်-ဒီဇင်ဘာ၂၀
လေဆိပ်နှင့် ရန်ကုန်စာတိုက်ကြီးတို့၌ ပြည်ပမှဝင်ရောက်လာသော စာအုပ် စာစောင်များ အားစာပေ စိစစ်ရေးနှင့် မှတ်ပုံတင် ဌာန၊အခြား သက်ဆိုင်ရာ အဖွဲ့များက စစ်ဆေးခြင်းကို ဆက်လက်ဆောင် ရွက်တော့မည် မဟုတ်ကြောင်းသိရသည်။သို့ရာတွင် ပြည်ပမှတင်သွင်းလာသော စာအုပ် စာစောင်များ အားတင်သွင်း သူအနေဖြင့် စာပေစိစစ်ရေးနှင့်မှတ်ပုံတင်ဌာနသို့ သွားရောက်မှတ်ပုံတင်ခြင်းကို ဆောင်ရွက် ရမည်ဟု နိင်ငံပိုင်သတင်းစာတွင်ဖော်ပြထားသည်။
ဘင်္ဂလာဒေခ်ျ့် နိုင်ငံ ကော့စ်ဘဇား အခြေစိုက် နယ်ခြားစောင့် ဘီဂျီဘီ အမှတ် (၁၇)တပ်ရင်း သည် မြန်မာ-ဘင်္ဂလား နယ်စပ် တလျှောက်မှ ၂၀၁၂ ခုနှစ် တစ်နှစ် အတွင်းတာကာ သန်းပေါင်း (၁၁၆) တန်ဖိုးရှိ မူးယစ် ဆေးဝါး အပါအ၀င် မှောင်ခို ပစ္စည်းများကို ဖမ်းဆီးနိုင်ခဲ့ သည်ဟု ဆိုသည်။
၂၀ဝ၂ မေလအတွင်း ထုတ်ဝေခဲ့သော‘မုဒိန်းကျင့်ခွင် လိုင်စင်’ (License to Rape) စာအုပ်သည် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီဒု-ဥက္ကဋ္ဌဌ ဦးအောင်မင်း ပြောသကဲ့သို့ တဖက် နားနှင့် ရေးသားခြင်း မဟုတ်ကြောင်း သျှမ်းအမျိုးသမီးရေးရာ ဆက်သွယ်လှုပ်ရှား ဆောင်ရွက် ရေးအသင်း SWAN က ပြောကြားလိုက်သည်။
20 Dec 2012
မြန်မာစစ်တပ်နဲ့ ကချင်သူပုန်တွေကြား တိုက်ပွဲသတင်းတွေကြောင့် နုနယ်သေးတဲ့ ငြိမ်း ချမ်းရေး လုပ်ငန်းစဉ်တွေနဲ့ တိုင်းရင်းသား သွေးစည်းညီညွတ်မှုအတွက် ပြည်တွင်း မှာရော နိုင်ငံတကာ အသိုင်း အ၀ိုင်း အတွင်းမှာပါ စိုးရိမ်မှုတွေ တိုးပွားလာစေပါ တယ်။ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံ အမတ်ကြီး ဟာလည်း ကချင်ပြည်နယ်တွင်း အခြေအနေမှန်ကို သိရှိနိုင်ရေး အတွက် ကချင် ပြည်နယ်ကို ပထမဆုံး အကြိမ် အဖြစ် ကချင်ပြည်နယ်ကို သွားရောက်ခဲ့ပါတယ်။ ဘန်ကောက်မြို့ တော်ကနေ ဗွီအိုအေ သတင်းထောက် Deniel Schearf ပေးပို့ထားတဲ့သတင်းဆောင်းပါးကိုတော့ မသိင်္ဂီထိုက်က တင်ပြပေးထား ပါတယ်။
ရန်ကုန် -ဒီဇင်ဘာ၂၀
ညှို့ မဂ္ဂဇင်း၏တုန့်ပြန်မှူ့ရေချိန်ပေါ် မူတည်၍ ဆက်လက်ဆောင် ရွက်မည့် စီမံ ချက်များကို တစ်ခုပြီး တစ်ခု ဆောင်ရွက် သွားမည်ဖြစ်ကြောင်း နန်းခင်ဇေယျာ၏ Legal Consultants ဖြစ်သော U Nyunt Tin Associates မှ ထုတ်ပြန်ကြေ ညာထားသည်။၎င်း Associates အနေဖြင့် နန်းခင်ဇေယျာ၏Legal Consultants ဖြစ်သည့်အတွက် မည်သို့ဆောင်ရွက်မည်ကို အခြား ညီအကို စာနယ်ဇင်း များက မေးမြန်း ခြင်း အား
20 Dec 2012
ဒီဇင်ဘာ ၁ ရက်နေ့ က မိုးညှင်းမြို့ နယ် နန်းမားကျေးရွာတွင် KIA မ ဆန်စက်တစ်စက်လျှင် တစ်သိန်းကျပ်၊ ထော် လာဂျီကားတစ်စီးလျှင် သုံးသောင်းကျပ်နှုန်းနဲ့ ကောက်ခံပါသည် ။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အပေါ် ကော်မရှင်၏ ဆုံးဖြတ်ချက်သည် မျှတမှန်ကန်ပြီး နှစ်နိုင်ငံ အကျိုးစီးပွားကို ဖော်ဆောင် နိုင်မည် ဆိုပါကလက်ခံမည်ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံ အမတ်ကြီးက ပြောဆို လိုက်သလို စီမံကိန်း ရပ်ဆိုင်း လိုက်မည် ဆိုပါ က အနာဂတ်မြန်မာနိုင်ငံ အတွက် နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှုများကို ထိခိုက်စေမည် ဖြစ်ကြောင်းလည်း ၄င်းကပြောကြားလိုက်သည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF (မြောက်ပိုင်း)အဖွဲ့၏ ကချင်စစ်မြေပြင် ၀ါဒဖြန့်ချိရေး ရုပ်သံဖိုင်များ အင်တာနက်ပေါ်တွင် ပျံ့နှံ့လျက်ရှိသည်။ www.facebook.com/lachid.kachin နှင့် www.facebook.com/jinghpaw. kasa များမှ တစ်ဆင့် ပျံ့နှံ့နေခြင်းဖြစ်သည်။
ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နမိတ် အတွင်းရှိ ၁၉ မြို့နယ် တွင် သန့်ရှင်းရေး ဆောင်ရွက်ခ နှုန်း ထား များကို ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ မှ စတင် ကာ ယခင် ကောက်ခံသည့် နှုန်းထက် ကျပ် ၄၅၀ တိုးမြှင့် ကောက် ခံမည် ဟု ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ (Y.C.D.C) ပတ်ဝန်းကျင် ထိန်း သိမ်းရေး နှင့် သန့်ရှင်းရေး ဌာန ဌာနမှူး ဦးသန်းလွင်ဦး က အသိပေး ပြောကြားသည်။
ကာကွယ်ရေးဝန်ကြီး ဋ္ဌာန လက်အောက်ရှိ တပ်မတော်ဆေးသုတေသန တပ်ဖွဲ. နှင့် အမေရိကန် NASA မှ ပညာ ရှင်များပူးပေါင်း ပြီး လူမျိုးခြား ဘင်ဂါလီများ ဟုတ်မဟုတ် အောင်မြင်စွာ ဖော်ထုတ် နိုင် သည်.နည်းပညာ ကို ရှာဖွေ တွေ.ရှိခဲ့ ပြီ ဖြစ်သည်။
ပြည်တွင်း မီဒီယာများမှ ကချင်မျိုးချစ်လုပ်လိုက်၊ ကချင်တပ်မတော် လုပ်လိုက်ဖြင့် အမျိုးမျိုး လုပ်နေချိန်တွင် ပြည်ပအခြေစိုက် အစိုးရ မကောင်းပြော သတင်းဌာနကြီးဖြစ်တဲ့ VOA က ကချင်သူပုန်ဆိုသည့် အသုံးအား ဖော်ပြခဲ့ သည်။ မြန်မာ မီဒီယာနှင့် တာဝန်ရှိသူများ သိနိုင်စေရန်.
အင်တာနက်ပေါ်က ဦးပိုင် ကို တိုက်ခိုက်တဲ့ တိုက်ပွဲတွေမှာ အောက်ခြေ တပ်မတော်သားတွေရဲ့ ဘ၀ က ဆင်းရဲ မွဲတေနေကြောင်း၊ ဦးပိုင်ကတော့ ပို၍ ပို၍ ချမ်းသာလာကြောင်းတွေ ဖော်ပြကြတယ်။တစ်ဖက် မှာ လည်း စစ်တပ်မကောင်းကြောင်း၊ စစ်သားမကောင်းကြောင်းတွေ မိုးမွှန်အောင် ပြောရတာနဲ့ ဆက်စပ်ပြီး အစိုး ရ သစ် ၁ နှစ်ကျော်လာတာတောင် စစ်တပ်ကို တိုက်ခိုက်တဲ့ အလုပ် လုပ်လို့ မပြီးကြသေးဘူး။ ဦးပိုင် ဆို တာ က စီးပွားရေး လုပ်ငန်း တစ်ခုလေဗျာ။ ဦးပိုင်နဲ့ ပတ်သက်တာကို မကျေနပ်ရင် ဦးပိုင်ရတဲ့ ၀င်ငွေေ တွ ကို နိုင်ငံတော် အခွန် ဆောင်လား၊ မဆောင်ဘူးလား၊ ဦးပိုင်လုပ်ငန်းတွေ တရားဥပဒေနဲ့ ညီ လား၊ မညီ လား ဖော်ထုတ် ကန့်ကွက်ကြ ပေါ့။ အခုတော့ စစ်တပ်က ဦးပိုင်ကြီး ရှိလျှက်နဲ့ မပြည့်မစုံ ဖြစ်နေ တယ်ဆို တဲ့ စကားက စစ်တပ်က ကိုယ့်စီးပွား ရေး ကိုယ်လုပ်စားရမလို မဖြစ်နေဘူးလား။
ကေအိုင်အေ မလေးများရဲ့ ချစ်စဖွယ် အပြုအမူလေးများ တင်ပြီး ငြိမ်းချမ်းရေး ယူချင်တယ်လို့တော့ မထင်လိုက်ပါနဲ့။ လက်ညှိုးကွေးလိုက်ရင် သေနတ်ကျည်ဆံထွက်တတ်သဖြင့် လက်ချောင်းလေးများ ပါသည့် ကေအိုင်အေ ၀တ်စုံ ၀တ်ထားသူတိုင်း ရန်သူပင်ဖြစ်သည်။ ယခုလို ပုံများနှင့်တော့ လုံးဝမရ။
Nokia က ဆယ်စုနှစ် တစ်ခုနဲ့ နောက်ထပ် တစ်ဝက်တိတိကို ယူထားတဲ့ ကမ္ဘာ့ နံပါတ် ၁ မိုဘိုင်းဖုန်း ကုမ္မဏီ သမိုင်း အဆုံးသတ်ပါတော့မယ်။ Samsung က ယခုနှစ်ကုန်မှာပဲ ကမ္ဘာ့နံပါတ် ၁ မိုဘိုင်းဖုန်း ကုမ္မဏီ ဖြစ် လာတော့မှာ ဖြစ်ကြောင်း သိရပါတယ်။ ၂၀၁၂ ခုနှစ်က Samsung ရဲ့  အရှိန်အဟုန်နဲ့ တက်တဲ့ ကာလတစ်ခုဖြစ်ခဲ့ပြီး ဈေးကွက်ရဲ့  ၂၉ ရာခိုင်နှုန်းကို ပိုင်ဆိုင်ခဲ့ပါတယ်။ နိုကီယာကတော့ ၂၄ ရာခိုင်နှုန်းပဲ ရှိပါတယ်။
မနေ့က ရှမ်းပြည်ရဲ့ အအေးဒဏ်ကို ရှောင်ဖို့ အဖေနဲ့အမေရောက်လာသည်။ အမေကရေခဲသေတ္တာထဲက ရေကိုမသောက်တတ်။ ရေသန့်ဗူးကြီးထဲက ရေကျပြန်တော့ ရေကမအေးဟု ဆိုပြန်သည်။ သဲရေအိုးထဲက ရေကိုသာ ကြေးဖလားခွက်ဖြင့် တစ်သက်လုံးသောက်လာသူဆိုတော့ ကျနော်က သဲရေအိုးနဲ့ ရေအိုးစင်ကိုဝယ်ပြီး ရေသန့်ဗူးထဲကရေကို ထည့်ထားပေးခဲ့သည်။ အမေက ခုမှရေသောက်လို့ဝတော့တယ် ဟု ဆိုတော့ ကျနော်ကျေနပ်ရပါသည်။ အဖေကတော့သူ့ချစ်ဇနီးကို ပြုံးပြီး ကြည့်၏။
ဓာတ်ပုံ- မန္တလေးဂေဇက်
တောင်ကိုရီးယားနိုင်ငံ သမ္မတရွေးကောက်ပွဲတွင် အမျိုးသမီး သမ္မတလောင်း ပက်ဂွန်ဟဲ အနိုင်ရရှိ သွား ပြီဖြစ် ရာ တောင် ကိုရီးယားတွင် ပထမဆုံး အမျိုးသမီးသမ္မတတစ်ဦးကို မြင်တွေ့လာရတော့မည် ဖြစ် သည်။
၂၀၁၃ခုနှစ် ဇန်န၀ါရီလအတွင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြုလုပ်ရန် အစိုးရကမ်းလှမ်းမှုကို ကေအိုင်အိုမှ အကြောင်းပြန်မှု မရှိသေးကြောင်း ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့မှ ဦးလမိုင်ဂွမ်ဂျာက ဒီဇင်ဘာလ
၁၉ ရက်နေ့တွင် ပြောကြားခဲ့သည်။
သေနတ်တွေပဲ ကိုင်ကိုင်၊ ဘာတွေပဲ လုပ်လုပ်၊ မိန်းကလေးကတော့ မိန်းကလေးသာ ဖြစ်သည်။ ထိုမိန်းကလေးများကို အကာအကွယ်ပြု တပ်မတော်ကို ခုခံရန် ပြင်သော ကေအိုင်အေကတော့ မည်သို့ အဆုံးသတ်မည် မသိရသေး။ ဤသို့သော မိန်းကလေးများသာ ကေအိုင်အေ အင်အားစာရင်းတွင် ပါဝင်ပါက...
ဗိုလ်ချုပ်အပွင့်၊ အိပ်ရာပေါ်က အရုပ်ကလေးနဲ့ ချစ်စရာ ကောင်းချက်ကတော့
နေပြည်တော်၊ ဒီဇင်ဘာ ၁၉
၁၈-၁၂-၂၀၁၂ ရက်နေ့ ၁၈၂၀ အချိန် မြစ်ကြီးနားမြို့၏အနောက်ဘက်မိုင်(၅၀)ခန့်အကွာအားဗဟိုပြု၍ အင်အားရစ်ခ်ျ တာစကေး(၄.၆)အဆင့်ရှိ မြေငလျင်တစ်ခု (၁)မိနစ်(၃၀)စက်္ကန့်ခန့် လှုပ်ခတ်သွားခဲ့သည်။ ငလျင် လှုပ်ခတ်မှုကြောင့် ကချင်ပြည်နယ်၊ မိုးညှင်း၊ မိုးကောင်း၊ ဖားကန့်မြို့ပေါ်များတွင် အဆောက်အဦ/လူ/ တိရိ စ္ဆာန် များ ထိခိုက်ပျက်စီးမှုမရှိကြောင်း သတင်းရရှိသည်။
နေပြည်တော်၊ ဒီဇင်ဘာ ၁၉
၁၈-၁၂-၂၀၁၂ ရက်နေ့ ၀၄၀၀ အချိန် မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြိုနယ်၊ ရွှေပြည်သာ အင်းအ တွင်း ကျန်ဖတ် လန်ပြုတ်၍ လူ(၃)ဦး မြေပိသေဆုံးကြောင်းသတင်းအရ သပိတ်ကျင်းရဲစခန်းမှ တပ်ဖွဲ့ဝင် များ သွားရောက်စစ်ဆေးခဲ့သည်။ စစ်ဆေးချက်အရ အင်းအမှတ်(တီ-၃-အမ်-၁) အင်းအနက် ပေ ၄၀၀ ၌ အလုပ် လုပ်နေသည့် သပိတ်ကျင်းမြို့နယ်၊ ၆ မိုင်ကျေးရွာနေ ထွန်းလင်း (၂၅)နှစ်၊ စစ်ကိုင်းတိုင်းဒေ သကြီး၊ ခင်ဦးမြို့နယ်၊ ဘိုးတော်တောင်ကျေးရွာနေ မြင့်ဇော်(၃၀)နှစ်နှင့် ၀က်လက်မြို့နယ်၊ ယင်းမတော ရွာနေ မောင်နိုင်(၃၇)နှစ်တို့(၃)ဦးသည် အမြင့်ပေ(၃၀)ခန့်မှ မြေပြိုကျသဖြင့် ထွန်းလင်းတွင် ယာပါး/ကျော ပေါက်ပြဲ ဒဏ်ရာ၊ မြင့်ဇော်တွင် ၀ဲခြေသလုံးပေါက်ပြဲ၊ မျက်နှာဖူးရောင်ဒဏ်ရာ၊ မောင်နိုင်တွင် ၀ဲပုခုံး/ရင်ဘတ်၊ မျက်နှာ ပေါက်ပြဲဒဏ်ရာတို့ဖြင့် အသီးသီးသေဆုံးနေကြောင်း တွေ့ရှိရသဖြင့် ၁၂၁၅ အချိန် သပိတ်ကျင်း ရဲစခန်း သေမှုသေခင်းအမှတ်စဉ် ၄၀/၂၀၁၂ ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းရ ရှိသည်။
နေပြည်တော်၊ ဒီဇင်ဘာ ၁၉
၁၈-၁၂-၂၀၁၂ ရက်နေ့ ၁၀၃၀ အချိန် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်ရှိ အဆင့်မြင့်ဘောလုံးကွင်း တည်ဆောက်ရေး လုပ်ငန်းမှ အမိုးကပ် လုပ်သား ဦးနိုင်ဝင်း(၂၄)နှစ်သည် ဘောလုံးကွင်း အမိုးထိပ်၌ အမိုးကပ် လုပ်ငန်း လုပ်ကိုင်နေစဉ် ခြေချော်ပြုတ်ကျသဖြင့် နေပြည်တော်ကုတင်(၁၀၀၀)ဆေးရုံသို့ တင်ပို့ ကုသ ထားကြောင်း သတင်း အရ နေပြည်တော် အမှတ်(၅) ရဲစခန်းမှ တပ်ဖွဲ့ ၀င်များ သွားရောက် စစ်ဆေး ခဲ့သည်။ စစ်ဆေးတွေ့ရှိ ချက်အရ ဦးနိုင်ဝင်းတွင် ယာလက်ပွန်းပဲ့၊ ၀ဲခြေကျင်းဝတ် အရိုး အက်ကွဲ ဒဏ်ရာ ၁ ချက်စီဖြင့် ဆေးကုသမှု ခံယူနေရာမှ ၁၆၃၀ အချိန် သေဆုံးသွားခဲ့သဖြင့် ၁၇၀၀ အချိန် နေပြည်တော် အမှတ်(၅) ရဲစခန်း သေမှုသေခင်း အမှတ်စဉ် (၃/၂၀၁၂)ဖြင့် အမှုဖွင့် စစ်ဆေး လျက်ရှိကြောင်း သတင်း ရရှိသည်။
ဒီဇင်ဘာ ၁၉ ရက်နေ့တွင် အဖွဲ့အမည် အတိအကျ မသိသည့် ကရင်သောင်းကျန်းသူများ က ကားတစ်စီး လျှင် ၅ သိန်းနှုန်းဖြင့် ကားအစီး ၂၀၀ အတွက် သိန်းတစ်ထောင် ပေးရန် လာရောက်တောင်းရမ်းခဲ့ပြီး မပေးနိုင်သဖြင့် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း ကျိုက်ထီးရိုးသို့ ရောက်ရှိနေသူ တစ်ဦးမှ ပြောခဲ့သည်။
Connecticut မှာ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုမျိုး ထပ်ဖြစ်မှာကို စိုးရိမ်ပြီး ကျောင်းသို့ သေနတ် ယူဆောင် လာခဲ့ တဲ့ ၁၁ နှစ် အရွယ် အမေရိကန်ကျောင်းသား တစ်ဦးဟာ သေစေနိုင်လောက်တဲ့ လက်နက် ယူဆောင် မှု ဖြစ်ခဲ့တယ်လို့ Salt Lake City အလယ်တန်းကျောင်းတစ်ခုမှ တာဝန်ရှိသူမှ ပြောခဲ့ ပါတယ်။ အဆိုပါ လူငယ်လေးဟာ .22 caliber handgun အမျိုးအစား လက်နက်ကို ယူဆောင်လာခဲ့တာ ဖြစ်ပြီး ကျောင်း က တာဝန်ရှိသူတွေကို မတိုင်ကြားခင်မှာ အဆိုပါလက်နက်ကို ထုတ်ပြခဲ့ခြင်း ဖြစ်ပါတယ်။
သူမနဲ့ သက်တူရွယ်တူ သူငယ်ချင်းများဟာ ဈေးဝယ်ထွက် ကြတာပဲ ဖြစ်ဖြစ်၊ ရုပ်ရှင် ရုံတွေမှာ ဇာတ်ကား အသစ်တွေ ကြည့်နေ ကြတာပဲ ဖြစ်ဖြစ် အားလပ် ရက်တွေမှာ လုပ်ကြပေမယ့် အသက် ၁၄ နှစ် အရွယ် သူမကတော့ တရားမ၀င် နိုက်ကလပ် တစ်ခုမှာ ယောက်ျားသားတွေကို ဖျော်ဖြေနေပါတယ်။
ကျိုက်ထီး ရိုးတောင်သည် ယခုနှစ်တွင် ခရီးသွား စံချိန်တင်ခဲ့ပြီး ဘုရားဖူး လာရောက် သူများ၏ စည်းကမ်း ပျက်မှုများလည်း သိသိသာသာ တိုးပွားလာခဲ့သည်။ မည်သည့်နိုင်ငံတွင်မှ မတွေ့ရသည့် သာသ နာ့မြေပေါ် တွင် စည်းကမ်းမဲ့ ဆော့ကစားသူများ၊ သရုပ်ပျက် အမျိုးသမီးများ၊ အနှောက်အယှက်ပြုသူများကို ထိန်း ကွပ် ရန်အတွက် သာသနာ အလုပ်လုပ်လိုသော ဘုန်းကြီးသည် တုတ်တစ်ချောင်း အိုင်ကွန် တစ်လုံး ဖြင့် အလုပ်ရှုပ်နေရသည်။
၁၇-၁၂-၂၀၁၂ ရက်နေ့ ၂၀၃၀ အချိန် မန္တလေး တိုင်းဒေသကြီး၊ ကျောက်ဆည်မြို့မြောက်ဘက် မြို့အ၀င် ရှိ ““ရွှေကမ္ဘာ ”” စက်သုံးဆီ အရောင်းဆိုင်တွင် ကျောက် ဆည်မြို့၊ မင်းရပ်ရပ် ကွက်နေကျော်မင်းစိုး (၂၀)နှစ် သည် ကျောက်ဆည်မြို့၊ ကြက်မင်းတွန်ရပ်ကွက်နေ ဆီပန့်ကိုင်သူ မဝေေ၀နိုင် (၂၀)နှစ်ပါ (၅)ဦး တို့နှင့် အတူရှိနေခဲ့သည်။