Thursday, December 20, 2012

ရွှေအင်းမြေပြိုကျ၍ လူ(၃)ဦးသေဆုံး

Posted by drmyochit Thursday, December 20, 2012, under | No comments


နေပြည်တော်၊ ဒီဇင်ဘာ ၁၉
၁၈-၁၂-၂၀၁၂ ရက်နေ့ ၀၄၀၀ အချိန် မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြိုနယ်၊ ရွှေပြည်သာ အင်းအ တွင်း ကျန်ဖတ် လန်ပြုတ်၍ လူ(၃)ဦး မြေပိသေဆုံးကြောင်းသတင်းအရ သပိတ်ကျင်းရဲစခန်းမှ တပ်ဖွဲ့ဝင် များ သွားရောက်စစ်ဆေးခဲ့သည်။ စစ်ဆေးချက်အရ အင်းအမှတ်(တီ-၃-အမ်-၁) အင်းအနက် ပေ ၄၀၀ ၌ အလုပ် လုပ်နေသည့် သပိတ်ကျင်းမြို့နယ်၊ ၆ မိုင်ကျေးရွာနေ ထွန်းလင်း (၂၅)နှစ်၊ စစ်ကိုင်းတိုင်းဒေ သကြီး၊ ခင်ဦးမြို့နယ်၊ ဘိုးတော်တောင်ကျေးရွာနေ မြင့်ဇော်(၃၀)နှစ်နှင့် ၀က်လက်မြို့နယ်၊ ယင်းမတော ရွာနေ မောင်နိုင်(၃၇)နှစ်တို့(၃)ဦးသည် အမြင့်ပေ(၃၀)ခန့်မှ မြေပြိုကျသဖြင့် ထွန်းလင်းတွင် ယာပါး/ကျော ပေါက်ပြဲ ဒဏ်ရာ၊ မြင့်ဇော်တွင် ၀ဲခြေသလုံးပေါက်ပြဲ၊ မျက်နှာဖူးရောင်ဒဏ်ရာ၊ မောင်နိုင်တွင် ၀ဲပုခုံး/ရင်ဘတ်၊ မျက်နှာ ပေါက်ပြဲဒဏ်ရာတို့ဖြင့် အသီးသီးသေဆုံးနေကြောင်း တွေ့ရှိရသဖြင့် ၁၂၁၅ အချိန် သပိတ်ကျင်း ရဲစခန်း သေမှုသေခင်းအမှတ်စဉ် ၄၀/၂၀၁၂ ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းရ ရှိသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်