Thursday, December 20, 2012

“Shape the World ညီလာခံကျင်းပ”

Posted by drmyochit Thursday, December 20, 2012, under | No comments



ရန်ကုန်၊ ဒီဇင်ဘာ ၁၉

စင်ကာပူနိုင်ငံနှင့် မြန်မာနိုင်ငံ Myanmar B2B Management Magazine တို့ ပူးပေါင်း၍ ‘Shape The World’ conference’ 13 Myanmar အား ၂၀၁၃ ခုနှစ်၊ဇန်န၀ါရီလ ၈ရက်၊ နံနက် (၉)နာရီခွဲတွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက် စင်ကာပူနိုင်ငံ consulus မှ Chief Executive Officer Mr. Lawrence Chong နှင့် Senior Strategy Consultant Ms. Christina Tarigon တို့က စာတွေ့လက်တွေ့ ရှင်းလင်း ဆွေးနွေးမည် ဖြစ်ကြောင်း သိရသည်။

စင်ကာပူနိုင်ငံ အခြေစိုက် Consulus Consultant Group သည် ၂၀၀၅ ခုနှစ်မှ စတင်၍ အမေရိကန်နိုင်ငံ New York မှ Singapore နိုင်ငံ အထိ နိုင်ငံပေါင်း ၁၇ နိုင်ငံတွင် သင်တန်းတက်ရောက်ခဲ့သူပေါင်း ၃၀၀၀ ကျော်ဖြင့် ‘Shape The World’ ဆွေးနွေးပွဲကို ကျင်းပလျက် ရှိကြောင်းနှင့် ၂၀၁၂ ခုနှစ်မှစ၍ အာရှမြို့ကြီး ၁၂ မြို့မှ စီးပွားရေး လုပ်ငန်းများ၊ ကုမ္ပဏီများ ပါဝင် လှုပ်ရှားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရန်နိုင်

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်