Thursday, December 20, 2012

မြန်မာများ အပါအ၀င် ၁၄ နှစ်အရွယ် မိန်းကလေးတစ်ဦးပါ ဖမ်းမိခဲ့သည့် မလေးရှားက နိုက်ကလပ် ဖမ်းဆီးမှု

Posted by drmyochit Thursday, December 20, 2012, under | No comments


သူမနဲ့ သက်တူရွယ်တူ သူငယ်ချင်းများဟာ ဈေးဝယ်ထွက် ကြတာပဲ ဖြစ်ဖြစ်၊ ရုပ်ရှင် ရုံတွေမှာ ဇာတ်ကား အသစ်တွေ ကြည့်နေ ကြတာပဲ ဖြစ်ဖြစ် အားလပ် ရက်တွေမှာ လုပ်ကြပေမယ့် အသက် ၁၄ နှစ် အရွယ် သူမကတော့ တရားမ၀င် နိုက်ကလပ် တစ်ခုမှာ ယောက်ျားသားတွေကို ဖျော်ဖြေနေပါတယ်။
 
ကွာလာလမ်ပူက Sri Hartamas မှာ ရှိတဲ့ နိုင်ကလပ် တစ်ခုကို တာဝန် ရှိသူများက ရုတ်တရတ် ၀င်ေ၇ာက် ဖမ်းဆီးနေ ချိန်မှာထို ဆယ်ကျော်သက် မိန်းကလေးအား ဧည့်သည် ၂၉ ဦး ကြားတွင် ဖမ်းမိခဲ့ခြင်း ဖြစ်ပါ တယ်။ 

ထိုအချိန်မှာတော့ သူမ ဟာ သူမရဲ့ အဖော်အဖြစ် အသက် ၄၀ အရွယ် အမျိုးသား တစ်ယောက်နဲ့ အတူ ရှိနေခဲ့ ပါတယ်။ 

နောက်ပိုင်း စုံစမ်းမှုများအရ သူမဟာ ဖောက်သည်တွေနဲ့ အလုပ်လုပ်တဲ့ မကောင်းတာ လုပ်စားတဲ့ မိန်း ကလေး တစ်ယောက်ဖြစ်ကြောင်း ရဲတပ်ဖွဲ့က စုံစမ်းတွေ့ရှိခဲ့ရပါတယ်။ 

မလေးရှား ရာဇ၀တ်မှု နှိမ်နှင်ရေးအဖွဲ့ဝင်များဟာ အဆိုပါ တစ်ညအတွင်း နိုက်ကလပ် ၂ ခုကို ၀င်ရောက် ဖမ်းဆီးခဲ့ရမှာ ၂၈ ယောက်ကို ဖမ်းမိခဲ့ပြီး အင်ဒိုနီးရှား၊ ထိုင်း၊ တရုတ်နဲ့ မြန်မာ နိုင်ငံသားတွေ ပါဝင်တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။ 

အဖွဲ့ အကြီးအကဲ Muhamad Mat Jais က အဆိုပါ နိုင်ငံခြားသားများဟာ ၀င်ဖမ်းစဉ်က စင်ပေါ်မှာ ကနေခဲ့တယ်လို့ ဆိုပါတယ်။ 

အဖမ်းခံရစဉ်က ၁၄ နှစ်အရွယ် ကလေးမနှင့်အတူ အခြား အမျိုးသမီး ၁ ဦးကို လည်း ဖမ်းမိခဲ့ပြီး အဆိုပါ အမျိုး သမီးဟာ သူမနဲ့ အတူနေလျှင် RMB 150 ပေးရကြောင်း၊ အဆိုပါ နိုက်ကလပ်များကို ဖမ်းဆီး ရသည်မှာ ၄ ကြိမ်ရှိပြီ ဖြစ်ကြောင်း ၄င်းက ဆက်ပြောခဲ့ပါတယ်။ 

Myanmar Forward

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်