Connecticut မှာ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုမျိုး ထပ်ဖြစ်မှာကို စိုးရိမ်ပြီး ကျောင်းသို့ သေနတ် ယူဆောင် လာခဲ့ တဲ့ ၁၁ နှစ် အရွယ် အမေရိကန်ကျောင်းသား တစ်ဦးဟာ သေစေနိုင်လောက်တဲ့ လက်နက် ယူဆောင် မှု ဖြစ်ခဲ့တယ်လို့ Salt Lake City အလယ်တန်းကျောင်းတစ်ခုမှ တာဝန်ရှိသူမှ ပြောခဲ့ ပါတယ်။ အဆိုပါ လူငယ်လေးဟာ .22 caliber handgun အမျိုးအစား လက်နက်ကို ယူဆောင်လာခဲ့တာ ဖြစ်ပြီး ကျောင်း က တာဝန်ရှိသူတွေကို မတိုင်ကြားခင်မှာ အဆိုပါလက်နက်ကို ထုတ်ပြခဲ့ခြင်း ဖြစ်ပါတယ်။
သူ့အနေဖြင့် ပြီးခဲ့တဲ့ အပတ်က ဖြစ်သွားတဲ့ ပစ်ခတ်မှုလိုမျိုး ထပ်ဖြစ်မှာကို စိုးရိမ်ရတဲ့ အတွက်ကြောင့် အိမ်က သေနတ်ကို ယူလာရခြင်း ဖြစ်ကြောင်း၊ ကျောင်းသို့ ရောက်တဲ့အခါမှာ သူငယ်ချင်းတွေကို ပြ ခဲ့ကြောင်း ၊ အတန်းဖော်များက သတင်းပေးသည့်အတွက် အဆိုပါကျောင်းသားနှင့် သေနတ်ကို ထိန်း သိမ်း ခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောခဲ့ပါသည်။
ထို လူငယ်အနေဖြင့် ကျည်ဆံများပါ ယူဆောင်လာခဲ့ကြောင်း၊ ၄င်း၏ ကျောပိုးအိတ်ထဲတွင် သေနတ်ကို တွေ့ ရကြောင်း သတင်းက ဖော်ပြထား ပါတယ်။
Myanmar Forward
Time in Rangoon

0 comments:
Post a Comment