Thursday, December 20, 2012

ကာအိနြေ္ဒပျက်အောင်ပြုပြီး ဆိုင်ကိုပါ ဖျက်ဆီးသည့် ကျောက်ဆည် မှုခင်း

Posted by drmyochit Thursday, December 20, 2012, under | 1 comment

၁၇-၁၂-၂၀၁၂ ရက်နေ့ ၂၀၃၀ အချိန် မန္တလေး တိုင်းဒေသကြီး၊ ကျောက်ဆည်မြို့မြောက်ဘက် မြို့အ၀င် ရှိ ““ရွှေကမ္ဘာ ”” စက်သုံးဆီ အရောင်းဆိုင်တွင် ကျောက် ဆည်မြို့၊ မင်းရပ်ရပ် ကွက်နေကျော်မင်းစိုး (၂၀)နှစ် သည် ကျောက်ဆည်မြို့၊ ကြက်မင်းတွန်ရပ်ကွက်နေ ဆီပန့်ကိုင်သူ မဝေေ၀နိုင် (၂၀)နှစ်ပါ (၅)ဦး တို့နှင့် အတူရှိနေခဲ့သည်။ 

ထိုသို့ရှိနေစဉ် ကျောက်ဆည်မြို့၊ အင်တိုင်းရွာနေ လွှမ်းမိုး(၂၀)နှစ်ပါ(၆)ဦးမှာ အရက်သေစာသောက်စား မူးယ စ်၍ ဆိုင်ကယ်(၂)စီြး ဖင့်ရောက်ရှိလာပြီး ဆီထည့် ရန်ပြောသဖြင့် မဝေေ၀နိုင်မှ ဆီထည့်ပေးနေစဉ် လွှမ်းမိုး မှ မဝေေ၀နိုင် ၏လက်အားဆွဲ၍ ကာအိနြေ္ဒပျက်အောင် ပြုလုပ်သဖြင့် မပြုလုပ်ရန်ပြောဆိုခဲ့ရာ လွှမ်းမိုး ပါ (၆)ဦးက ဆဲဆိုကြိမ်းမောင်းပြီး ဆီဆိုင်အား တုတ်၊ ခဲ၊ လေးဂွများဖြင့် ရိုက်နှက် ပစ်ခတ်သဖြင့် ဆီပန့်(၄ )လုံးနှင့် ဆိုင်ရှိပစ်္စည်းများ တန်ဖိုးငွေကျပ်(၂၀)သိန်းခန့် ပျက်စီးဆုံးရှုံးခဲ့သည်။ 

သို့ဖြစ်၍ လွှမ်းမိုးပါ(၆)ဦးအား အရေးယူပေးရန် ၂၃၁၀ အချိန် ကျော်မင်းစိုးက တိုင်တန်းခဲ့သဖြင့် ကျောက် ဆည် ရဲစခန်း(ပ)၄၈၅/၂၀၁၂၊ ပြစ်မှုပုဒ်မ ၃၅၄/၂၉၄/၅၀၆/၄၂၇/၃၃၆ တို့ဖြင့်အမှုဖွင့် အရေးယူ ထားကြောင်း သတင်း ရရှိသည်။ 

ရဲဇာနည်

1 comments:

ဘယ်သူ့အားကိုးနဲ့မိုက်နေတာလဲ..ဒီခေတ်မှာအထက်လူကြီးဆိုတာမရှိတော့ဘူး.. ငါတို့တင်ပေးလို့လူကြီးဖြစ်နေကြတာ..ထမင်းကျွေးတဲ့လက်ကိုမကိုက်နဲ့.. အဲဒီကောင်တွေကို..ဂျာနယ်ထဲမှာဘယ်လိုအရေးယူတယ်ဆိုတာဖေါ်ပြကြပါ...

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်