Thursday, December 20, 2012

လိုင်စင်မရှိဘဲ ပြည်ပသို့ လုပ်သား စုဆောင်းသူ ဖမ်းဆီး

Posted by drmyochit Thursday, December 20, 2012, under | No comments


ဧရာဝတီတိုင်း ဒေသကြီး ဖျာပုံမြို့နယ်၌ ဒီဇင်ဘာ ၁၆ ရက် ညပိုင်းကအလုပ် သမား စုဆောင်းပြီး ပြည်ပသို့
ပို့ဆောင်သူ မတင်ညိုအား ဖမ်းဆီးရမိသည်။ ဖြစ်စဉ်မှာ ဒီဇင်ဘာ ၁၆ ရက် ည ၇ နာရီ မိနစ် ၂ဝ က ဖျာပုံခရိုင် ဒုစရိုက် နှိမ်နင်းရေး အဖွဲ့မှ ဒုတိယ ရဲအုပ် ဇော်ထိုက်နှင့် အဖွဲ့၊ ဖျာပုံ ရဲစခန်းမှ ဒုတိယ ရဲအုပ် အောင်ထွန်းဦးနှင့် အဖွဲ့သည် သက်သေများနှင့် အတူ ဖျာပုံမြို့ (၁၂) ရပ်ကွက်နေ မတင်ညို ၄၄ နှစ် (ဘ)ဦး ကျင်သိန်းသည် ထိုင်းနိုင်ငံ ဗန်ကောက်မြို့တွင် အလုပ်အကိုင် ရရှိမည် ဆိုကာ စည်းရုံး ပို့ဆောင်နေကြောင်း သတင်းအရ                                         

ဖျာပုံ-ရန်ကုန် အမြန်ယာဉ်တွင် လိုက်ပါ၍ စစ်ဆေးရာ မတင်ညိုနှင့် အတူ ဝဲကြီးကျေးရွာ အမာမြို့နယ်ခွဲ နေသူများ ဖြစ် သည့် နေလင်းထွန်း (ခ) ချစ်တီး (ဘ) ဦးမြင့်အေး၊ ကျော်မျိုးနိုင် (ဘ) ဦးမောင်အေး၊ ထက်အောင် (ဘ)ဦးအောင်မြင့်စိန်၊ သံချောင်း (ဘ)ဦးအုန်းမြင့်၊ ဒေါ်ခင်စောအေး (ဘ)ဦးခင်ဇော်၊ ကျုံက ဒွန်း ကျေး ရွာ နေသူများ ဖြစ်သည့် မသင်းသင်းသူ (ဘ)ဦးသိန်းဇော်၊ မချို (ဘ)ဦးထွန်းငြိမ်း၊

ကျုံလှ ကျေးရွာ ဒေးဒရဲ မြို့နယ် နေ သူများ ဖြစ်သည့် မမြင့်မြင့်ခိုင် (ဘ) ဦးခင်ထွန်း၊ မမေသက်ပိုင်(ခ) မေသက်တင် (ဘ)ဦးခင်ထွန်း၊ သောကြာကျေးရွာ ဒေးဒရဲ မြို့နယ်နေသူ ဦးဝင်း (ဘ) ဦးသောင်းတို့ ၁ဝ ဦးအား ထိုင်းနိုင်ငံတွင် အလုပ်လုပ်ရန် ဆောင်ရွက်ခ အဖြစ် တစ်ဦးလျှင် ငွေကျပ် ငါးသိန်းပေးရ မည်ဟု စည်းရုံး ခေါ်ဆောင် လာခြင်းဖြစ် ကြောင်း စစ်ဆေး တွေ့ရှိရသည်။

မတင်ညိုကို ရှာဖွေရာ မြန်မာငွေကျပ် ၁၆ဝဝဝဝဝ၊ ဒီဇင်ဘာ ၁၆ ရက်စွဲပါ ဖျာပုံ-ရန်ကုန် ရေယာဉ်လက်မှတ် ၁၁ စောင်၊ ဖုန်းတစ်လုံး၊ လက်ကိုင်အိတ် တစ်လုံး၊ မှတ်စုစာအုပ် တစ်အုပ်၊ ခရီးဆောင် အိတ်တစ်လုံးတို့အား သိမ်းဆည်း ရမိသည်။

ထိုင်းနိုင်ငံသို့ စည်းရုံး ခေါ်ဆောင်သူ မတင်ညိုအား ဖျာပုံရဲစခန်းမှ (ပ) ၂၂၁/၁၂၊ ၁၉၉၉ ခုနှစ်၊ ဥပဒေပုဒ်မ ၂၆ ဖြင့် အမှုဖွင့်ပြီး စစ်ဆေးလျက် ရှိကြောင်း သိရသည်။

မြ၀တီ

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်