Thursday, December 20, 2012

နွားလှည်းသမားတွေလည်း ဆန္ဒပြပြီ

Posted by drmyochit Thursday, December 20, 2012, under | No comments


ကြည့်မြင်တိုင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ပြည်သူ့လွှတ်တော်အမတ်အား ကန့်ကွက်ရှုတ်ချဆန္ဒဖော်ထုတ်ပွဲကို ဒီဇင်ဘာလ ၂၃ ရက် နေ့လည် ၂ နာရီတွင် ပြုလုပ်မည်ဖြစ်ကြောင်း ဦးဆောင်သူတစ်ဦးဖြစ်သူ ကြည့်မြင် တိုင် မြို့ခံ ကိုထွန်းထွန်းကျော်က ပြောသည်။

ဥပဒေပြုလွှတ်တော်အမတ်တစ်ဦးအနေဖြင့် ဥပဒေကို လေးစားလိုက်နာမှု မရှိသည့်အတွက် ကန့်ကွက်ရှုတ်ချ ဆန္ဒဖော်ထုတ်ရခြင်းဖြစ်ကြောင်း ကိုထွန်းထွန်းကျော်က ဆိုသည်။

"ရပ်ကွက်အုပ်ချုပ်ရေးမှူးရွေးတဲ့နေရာမှာ ရပ်မိရပ်ဖ ငါးဦးကို အသက်ကြီးလို့ရယ်၊ ပါတီဝင်ဖြစ်လို့ရယ်ဆိုပြီး ကန့်ကွက် တယ်။ ရပ်မိရပ်ဖရွေးချယ်တဲ့ဥပဒေမှာ အဲဒါတွေမပါဘူး။ မဟုတ်တာတွေ အထက်ကို တင်ပြပြီး ကန့်ကွက်တော့ ပျက်သွားတယ်" ဟု ကိုထွန်းထွန်းကျော်က ပြောသည်။

အဆိုပါပြည်ခိုင်ဖြိုးအမတ် လွှတ်တော်အမတ် ဦးသန်းစိန်အား မေးမြန်းရာ "ကျွန်တော်လဲ သတင်းတော့ ကြားတယ်။ ကျွန်တော်လဲမဟုတ်တာလုပ်ထားတာ ဘာမှမရှိတဲ့အတွက် ဘာမှပြောစရာမရှိဘူး" ဟု တယ်လီ ဖုန်းမှ တဆင့် ပြန်လည်ဖြေကြားခဲ့သည်။

ကန့်ကွက် ရှုတ်ချ ဆန္ဒဖော်ထုတ် ပွဲအား ကြည့်မြင်တိုင်မြို့နယ် စလင်းကွင်းရှေ့မှစတင်၍ သီတာလမ်း၊ ကမ်းနား လမ်းနှင့် ဗားဂယာလမ်းအတိုင်း ချီတက်ကြမည်ဖြစ်ပြီး သက်ဆိုင်ရာက လူ ၁၅၀ ခွင့်ပြု ထားကြောင်း သတင်းရရှိသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်