Thursday, December 20, 2012

ဦးပိုင်နဲ့ တပ်မတော် ခွဲပြောချင်တယ်ဆိုရင် စစ်တပ်ထဲ အရင်ဝင်ကြည့်ပါ

Posted by drmyochit Thursday, December 20, 2012, under | No comments

အင်တာနက်ပေါ်က ဦးပိုင် ကို တိုက်ခိုက်တဲ့ တိုက်ပွဲတွေမှာ အောက်ခြေ တပ်မတော်သားတွေရဲ့ ဘ၀ က ဆင်းရဲ မွဲတေနေကြောင်း၊ ဦးပိုင်ကတော့ ပို၍ ပို၍ ချမ်းသာလာကြောင်းတွေ ဖော်ပြကြတယ်။တစ်ဖက် မှာ လည်း စစ်တပ်မကောင်းကြောင်း၊ စစ်သားမကောင်းကြောင်းတွေ မိုးမွှန်အောင် ပြောရတာနဲ့ ဆက်စပ်ပြီး အစိုး ရ သစ် ၁ နှစ်ကျော်လာတာတောင် စစ်တပ်ကို တိုက်ခိုက်တဲ့ အလုပ် လုပ်လို့ မပြီးကြသေးဘူး။ ဦးပိုင် ဆို တာ က စီးပွားရေး လုပ်ငန်း တစ်ခုလေဗျာ။ ဦးပိုင်နဲ့ ပတ်သက်တာကို မကျေနပ်ရင် ဦးပိုင်ရတဲ့ ၀င်ငွေေ တွ ကို နိုင်ငံတော် အခွန် ဆောင်လား၊ မဆောင်ဘူးလား၊ ဦးပိုင်လုပ်ငန်းတွေ တရားဥပဒေနဲ့ ညီ လား၊ မညီ လား ဖော်ထုတ် ကန့်ကွက်ကြ ပေါ့။ အခုတော့ စစ်တပ်က ဦးပိုင်ကြီး ရှိလျှက်နဲ့ မပြည့်မစုံ ဖြစ်နေ တယ်ဆို တဲ့ စကားက စစ်တပ်က ကိုယ့်စီးပွား ရေး ကိုယ်လုပ်စားရမလို မဖြစ်နေဘူးလား။



ဦးပိုင်ကြောင့် စစ်တပ် အကျိုးရှိသလို နိုင်ငံတော်အတွက်လည်း အကျိုးရှိတာတွေ ရှိတယ်ဆိုတာ အစိုးရ အဖွဲ့ဝင် တိုင်း သိကြတယ်။ ဘယ်ကားလိုင်းမှ မပြေးနိုင်တဲ့ လိုင်းတွေမှာ ဦးပိုင်က အရှုံးခံ ပြေးပေးနေတဲ့ ကားတွေ ရှိတယ်။ နိုင်ငံတော်ကို အခွန်ဝင်ငွေ အများဆုံး ပေးဆောင်တဲ့ စီးပွားရေး လုပ်ငန်းစုတွေထဲမှာ ဦးပိုင်က အများဆုံးတောင် ဖြစ်နိုင်ပါသေးတယ်။

ကဲ..ဒါဖြင့် ဦးပိုင်က တပ်မတော်အတွက် ဘာအကျိုးရှိစေလဲ ဆိုတာ ကျွန်တော် သိသလောက် ပြောပြမယ်။ တပ်မတော်က တပ်မတော်သားတိုင်း ဦးပိုင်မှာ ရှယ်ယာ ၀ယ်လို့ရတယ်လို့ သိရတယ်။ အတိုးက ၃၀ ရာခိုင်နှုန်း လောက်ရှိတယ်။ သုံးသိန်း အပ်ရင် တစ်နှစ်ကို ၉ သောင်း၊ တစ်လချင်းစီ ပြန်တွက်ရင် ၇ ထောင် မသေမချင်း၊ ဦးပိုင်ဆိုတာ ရှိနေသမျှ စုထားတဲ့ တပ်မတော်သားတိုင်း နောင်ရေး စိတ်ပူစရာ မလိုဘူး။ သိန်း ၃၀ လောက် အပ်ရင်တော့ တစ်လ ၇ သောင်း တစ်သက်စာ ရနေပြီ။ ဒါပေမယ့် တစ်လမှ ဟိုပေါင်းဒိပေါင်း ၇ သောင်းလောက်ရတဲ့ စစ်သားမိသားစု တစ်စုက ဒီပိုက်ဆံကို ဘယ်လို စုမှာလဲ။ အခြေခံလစာကိုက မလောက်မငှ ဖြစ်နေမှတော့ ဒီထက်ကောင်းတဲ့ အတိုးနှုန်း ရှိရင်တောင်မှ ဒါကို မစုနိုင်သေးဘူး။ အဲဒါ ဦးပိုင် အပြစ်လား၊ တပ်မတော် အပြစ်လား၊ နိုင်ငံတော် အစိုးရက လုပ်ရမှာလား။

နောက်တစ်ခု တပ်ရင်း တစ်ရင်းဆိုရင် သိန်း ၁၀၀ ကျော် ရှယ်ယာဝယ်ခွင့် ရှိတယ်ဗျာ။ရလာတဲ့ အတိုးထဲကနေ တပ်ရင်းမှာ ရှိတဲ့ မိသားစုတွေ၊ သာရေးနာရေးကိစ္စတွေ၊ ရုံးလုပ်ငန်းတွေ၊ သွားလာလှုပ်ရှားမှုတွေ၊ ပံ့ပိုးမှုတွေကို တပ်မတော် ငွေထုတ်စက်ကနေ တပ်ရင်းတိုင်း လိုသလောက် ထုတ်လို့ ရတယ်လို့ ထင်နေသလား။ သူများနိုင်ငံ တွေလို စက်သုံးဆီ၊ ချောကလက်၊ စီးကရက် အပုံလိုက်ချပေးပြီး အတင်းစုထားရတဲ့ စစ်သားတွေ မဟုတ်ဘူး။ အငတ်ခံပြီး လုပ်နေတဲ့ စစ်သားဆိုမှတော့ ဘယ်လိုလုပ် ချောင်လည်မလဲ။ 

နောက်ပြီး ဦးပိုင်တို့၊ စစ်မှုထမ်းဟောင်းတို့ကလွဲပြီး တပ်မတော်က အငြိမ်းစားယူတဲ့သူတွေကို စား ၀တ်နေရေး ပြေလည်အောင် ထိုက်သင့်တဲ့ အလုပ်အကိုင်တွေ ပေးနေတယ်။ တစ်ခြား စီးပွားရေး လုပ်ငန်း တွေ ဆိုရင် တပ်မတော်က တပ်ရင်းအဆင့်ကွပ်ကဲအုပ်ချုပ်ဖူးတဲ့သူတောင် ညစောင့်လုပ်ခိုင်းကြအုံးမယ်။ 

ဦးပိုင်ဘက်က နာလို့ ပြောနေတာ မဟုတ်ဘူး။ တပ်မတော်သားတွေ၊ ၀န်ထမ်းတွေရဲ့ စားဝတ်နေရေး ပြေ လည်ဖို့ ခေါင်းထဲမထည့်ဘဲ အလကားနေ ဆူပူမှ ထောင်ကျမှ ထမင်းဝတဲ့ ကောင်တွေကြောင့် ပြော ရတာ။

ကဲ.ပြောကြ။ နိုင်ငံတော်ကို ကာကွယ်ပေးနေတဲ့ တပ်မတော်အတွက် ဘယ်စီးပွားရေးလုပ်ငန်းတွေက ဒီလို ထောက်ပံ့ မှုမျိုးတွေ ပေးမှာလဲ။ တပ်မတော်ကို နိုင်ငံအတွက် လုံးဝ မလိုအပ်ဘူး၊ ဒီလို ထောက်ပံ့စရာ မလို ဘူး လို့ ပြောမယ့်သူကော ရှိလား။ 

နိုင်ငံတော်အတွက် အသက်ပေးနေရတဲ့ အထဲ လစာတစ်သိန်းကျော်လို့ အခွန်ဆောင်ရတာနဲ့၊ မီတာခ၊ ဘာခ တွေ ဆောင်ရတာနဲ့၊ ခရီးသွားရင် အစိုးရပိုင် အနိမ့်ဆုံးတန်းက ဖြစ်သလို လိုက်ရတဲ့ တပ်မတော် သားတွေ၊ ရထား၊သင်္ဘော စောင့်ရင်း လဘက်ရည်ဆိုင် သွားထိုင်စရာ ပိုက်ဆံ အပိုမရှိလို့ ဂိတ်တွေ ဘေးမှာ ဖြစ်သလို နေရတဲ့ စစ်သားတွေကို မြင်ကြည့်ပါအုံး။ 

အန်အယ်လ်ဒီ ပါတီက နိုင်ငံရေး အကျဉ်းသားတွေကို တစ်လ ငါးထောင်နဲ့ တစ်လတစ်လ သိန်း ၃၀ လောက် အကုန်ခံ ထောက်ပံ့နေတယ်။ ခင်ဗျားတို့ နိုင်ငံရေး လုပ်လို့ရအောင် အသေခံနေတဲ့ စစ်သားတွေ ကို ဘယ်သူထောက်ပံ့လဲ။ စစ်သားတွေ လစာ မလောက်ငှဘူးလို့ အဆိုတင်သွင်းဖို့ ခင်ဗျားတို့ ပါးစပ်တွေက ဘယ်နှစ် ခါ ထွက်ဖူးကြလဲ။ သူများနိုင်ငံက စစ်သားတွေနဲ့ ယှဉ်ပြီး ၀တ်စားနေထိုင်မှုတွေ နိမ့်ကျနေလို့ ဒါတွေ ပြင်ပေး ရမယ် ဆိုတဲ့ နောက်ကွယ်က လိုအပ်တဲ့ ငွေကြေးတွေကို ဘယ်စီးပွားရေး သမားကို တိုက် တွန်းပြီး လုပ်ခိုင်းမလဲ။ 

ခင်ဗျားတို့ ပြောပုံတွေက နောက်ဆုံးမှာ ဦးပိုင်ကပဲ တပ်မတော်သားတွေ အကုန် တစ်လကို တစ် သိန်းလောက် ထောက်ပံ့ပေးရမလို ဖြစ်နေပြီ။ စစ်သားအကြောင်း သိချင်ရင် စစ်သားလုပ်လိုက်ပါ။ မဖြစ်နိုင် တာနဲ့ မဟုတ်တာေ တွ မလုပ်ကြစမ်းပါနဲ့ဗျာ။

(တပ်မတော်က ဦးပိုင်နဲ့ ပတ်သက်လို့ စာရင်းဇယားလေးများ သိရင် မန့်ပြီး ပြောပြပါအုံး၊ မျက်စိနောက် လွန်း လို့ဗျာ)

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်