Thursday, December 20, 2012

မြန်မာရွှေ့ပြောင်းလုပ်သားများ၏ ယာယီနိုင်ငံကူးလက်မှတ်များထုတ်ပေးရေး နောက်ထပ် ၃ လသက်တမ်းတိုးပေး

Posted by drmyochit Thursday, December 20, 2012, under | No comments

ထိုင်းနိုင်ငံတွင် ရောက်ရှိနေသော မြန်မာရွှေ့ပြောင်းလုပ်သားများ၏ ယာယီနိုင်ငံကူးလက်မှတ်ထုတ်ပေးရေး အစီအစဉ်ကို နောက်ထပ် ၃ လ ထပ်မံ သက်တမ်းတိုးပေးရန် တိုင်းဝန်ကြီးချုပ် မစ္စရင်လတ်ရှင်နာဝပ်က သဘောတူလိုက်ကြောင်း ဒီဇင်ဘာ ၂၀ ရက်ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြထားသည်။

မြန်မာရွှေ့ပြောင်းလုပ်သားများ၏ ယာယီနိုင်ငံကူးလက်မှတ်ထုတ်ပေးမည့် နောက်ဆုံးရက်ကို ဒီဇင်ဘာလ ၁၄ ရက်ဟု ယခင်က သတ်မှတ်ခဲ့ပြီး သမ္မတဦးသိန်းစိန်နှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ်တို့ ထားဝယ်မြို့၌ တွေ့ဆုံ စဉ် သမ္မတဦးသိန်းစိန်က သက်တမ်းတိုးပေးရန် တောင်းဆိုခဲ့ခြင်းကို ထိုင်းဝန်ကြီးချုပ်က သဘောတူ ခဲ့ခြင်းဖြစ် သည်။

ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်းအလုပ်သမား ၂ ဒသမ ၅ သန်းခန့်ရှိပြီး မှတ်ပုံတင်ထားသော လုပ်သား ၁ သန်းခန့် သာ ရှိသေးသည်ဟု သတင်းရရှိသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်