တောင်ကိုရီးယားနိုင်ငံ သမ္မတရွေးကောက်ပွဲတွင် အမျိုးသမီး သမ္မတလောင်း ပက်ဂွန်ဟဲ အနိုင်ရရှိ သွား ပြီဖြစ် ရာ တောင် ကိုရီးယားတွင် ပထမဆုံး အမျိုးသမီးသမ္မတတစ်ဦးကို မြင်တွေ့လာရတော့မည် ဖြစ် သည်။
ပက်ဂွန်ဟဲ၏ ပြိုင်ဘက် မွန်ဂျေအင်ကလည်း သမ္မတလောင်း ရွေးကောက်ပွဲတွင် ၎င်းရှုံးနိမ့်ကြောင်း ဝန်ခံပြော ကြား လိုက်ပြီ ဖြစ်သည်။ ဆန္ဒမဲစုစုပေါင်း၏ ၉၀ ရာခိုင်နှုန်းကျော်ကို ရေတွက်ပြီးစီးချိန်တွင် ပက်ဂွန် ဟဲက ၅၁.၆ ရာခိုင်နှုန်းဖြင့် ဦးဆောင်နေပြီး ပြိုင်ဘက် မွန်ဂျေအင်က ၄၈ ရာခိုင်နှုန်း ရရှိ ထားကြောင်း သိ ရှိရသည်။ကွန်ဆာဗေးတစ် တစ်ဦးဖြစ်သူ ပက်ဂွန်ဟဲ၏ဖခင် ပက်ချောင်ဟီး သည်လည်း တောင်ကိုရီးယား သမ္မတ အဖြစ် ၁၉၆၃ ခုနှစ်မှာ ၁၉၇၉ ခုနှစ်အထိ တာဝန်ယူ ခဲ့သူဖြစ်သည်။
Time in Rangoon


0 comments:
Post a Comment