Thursday, December 20, 2012

`ခွင့်ပြုချက်မတောင်းဘဲ အသုံးပြုခဲ့သည့် နန်းခင်ဇေယျာ၏ ပုံများအတွက် ညှို့ မဂ္ဂဇင်း၏ တုန့်ပြန်မှူ့ရေ ချိန်ပေါ်မူ တည်၍ဆက်လက်ဆောင်ရွက်မည်ဟုU Nyunt Tin Associates မှ ထုတ်ပြန်

Posted by drmyochit Thursday, December 20, 2012, under | No comments

ရန်ကုန် -ဒီဇင်ဘာ၂၀

ညှို့ မဂ္ဂဇင်း၏တုန့်ပြန်မှူ့ရေချိန်ပေါ် မူတည်၍ ဆက်လက်ဆောင် ရွက်မည့် စီမံ ချက်များကို တစ်ခုပြီး တစ်ခု ဆောင်ရွက် သွားမည်ဖြစ်ကြောင်း နန်းခင်ဇေယျာ၏ Legal Consultants ဖြစ်သော U Nyunt Tin Associates မှ ထုတ်ပြန်ကြေ ညာထားသည်။၎င်း Associates အနေဖြင့် နန်းခင်ဇေယျာ၏Legal Consultants ဖြစ်သည့်အတွက် မည်သို့ဆောင်ရွက်မည်ကို အခြား ညီအကို စာနယ်ဇင်း များက မေးမြန်း ခြင်း အား

`အဖြေက တော့ရိုးရှင်းလှပါတယ်အသိပေးအကြောင်းကြားကန့်ကွက်ပါ့မယ်။ဒါပေမယ့် U Nyunt Tin Associates ရဲ့ မူအတိုင်းနန်းခင်ဇေယျာရဲ့ဆန္ဒအတိုင်း အမှူ့အခင်းထက် တွေ့ဆုံ ဆွေးနွေးအဖြေရှာပါမယ်။Alternative Dispute Resolution (ADR) Approach ကိုဦးတည်ဆောင်ရွက်ပါ့မယ်´ ဟု U Nyunt Tin Associates မှကိုမင်းတေဇက နန်းခင်ဇေယျာ၏ ဖေ့ဘွတ်စာမျက်နှာတွင် ဖော်ပြထားသည်။သို့ရာတွင် ညှိနှိုင်းဆွေးအဖြေရှာခြင်းသည်သာ နှစ်ဘက်အတွက် ရလာဒ်ကောင်းများအချိန်တိုအတွင်း ဆောင်ကြဉ်းနိုင် မည်ဆိုခြင်းကို မမှိတ်မသုံ ယုံကြည်ကြောင်းနန်းခင်ဇေယျာ နှင့် U Nyunt Tin Associates တို့၏ကိုယ် စားဖော်ပြ အသိပေးအပ်ပါသည်ဟု ၄င်းထုတ်ပြန်ချက်တွင် ရေးသားထားသည်။အဆိုပါကိစ္စနှင့် ပတ်သက်၍ နန်းခင်ဇေယျာကလည်း ထပ်မံ၍

၁။ ညီမ(နန်းခင်ဇေယျာ)သည် ယနေ့အချိန်အထိ မြန်မာနိုင်ငံကိုယ်စားပြု Miss Myanmar 2012 ဖြစ်ပါ သည်။ ထို့ကြောင့် Miss Myanmar တစ်ဦး၏ကျင့်ဝတ်များ၊ လိုက်နာရမည့် စည်းကမ်းချက်များရှိပါသည်။ ကာယ ကံရှင် ညီမကိုယ်တိုင်ပင်လျှင် အနုပညာလုပ်ငန်းအပါအ၀င် အခြားလှုပ်ရှားမှုများပြုလုပ်ရန်အတွက် Miss Myanmar ပြိုင်ပွဲကို ကျင်းပပြုလုပ်သော Myanmar Tourism Federation အစရှိသော အဖွဲ့ အ စည်းများ၊ တာဝန်ရှိသူများ၏ သဘောတူညီချက်များရရှိရန်လိုအပ်ပါသည်။ မြန်မာနိုင်ငံ၊ MTF အပါအ၀င် တာဝန်ရှိသူ အဖွဲ့ အစည်း များနှင့် Miss Myanmar ၏ ဂုဏ်သိက္ခာ ကျဆင်းစေနိုင်သော ကိစ္ခ္စရပ် များကို လုံးဝပြုလုပ်ခွင့် မရှိသလို ညီမကိုယ်တိုင်ကလည်း မည်သည့်နည်းနှင့်မှ ပြုလုပ်မည်မဟုတ်ပါ။

၂။ ညီမအဓိကကန့်ကွက်သည့်ဓါတ်ပုံများဆိုသည်မှာ ပြိုင်ပွဲဝင်ဓါတ်ပုံများနှင့် facebook မှ ဓါတ်ပုံများကို ဆိုလိုခြင်း မဟုတ်ပါ။သီးသန့် Studio တွင်ရိုက်ထားသော အလှဓါတ်ပုံကို ဆိုလိုတာဖြစ်ပါတယ်။ (ထိုဓါတ်ပုံ များဟာ Oasis ဂျာနယ် မျက်နှာဖုံးအဖြစ် အသုံးပြုရန် နန်းခင်ဇေယျာမှ မေတ္တာဖြင့် ရိုက်ကူးပေးထားသော ပုံများဖြစ်ပြီး ညီမ(နန်းခင်ဇေယျာ)ထံတွင်တောင်မှ ထိုဓါတ်ပုံများမရှိပါ။ထိုသို့ ညှို့ Magazine မှအ သုံးပြုထား သည်ဟု သိရသောကြောင့် ရိုက်ကူးပေးသူဓါတ်ပုံဆရာ ထံသို့ ဆက်သွယ်မေးမြန်းသော အခါ တွင်လည်း သူကိုယ်တိုင်ပင်လျှင် မသိရှိပါဟု ဆိုပါသည်။ Oasis ဂျာနယ်မှတဆင့် ရရှိပါသည် ဆိုလျင်လည်း ကာယကံရှင်ဖြစ်သော ညီမထံသို့ အသိပေးကြောင်းကြားသင့် သည်ဟု ယူဆပါသည်။)

၃။ကန့်ကွက်ရသည့် အဓိက အကြောင်း အရင်းမှာလည်း လိင်ပညာပေး စာအုပ် တစ်အုပ် အဖြစ် ထုတ်ဝေ သည့် ညှို့Magazine တွင်အသုံးပြု ထားခြင်းကြောင့် သာဖြစ်ပါသည်။ အခြား ထုတ်ဝေဖြန့်ချီ လျက်ရှိသော သာမန် စာစောင်၊ ဂျာနယ်၊ မဂ္ဂဇင်းများနှင့် မတူဘဲ ကွဲပြားနေသော စာအုပ်ဖြစ်သောကြောင့်ဖြစ်ပါသည်။ အကယ်၍ ထည့်သွင်းဖော်ပြလို လျှင်လည်း (အသုံးပြုမည့် စာအုပ် အမျိုး အစားကြောင့်) ကာယကံ ရှင်ဖြစ်သော ညီမထံသို့ ခွင့်ပြုချက်တောင်းခံသင့်သည်ဟု ယုံကြည်ပါသည်။ သို့သော်လည်း အဆိုပါ အကြောင်း အရာနှင့် ပတ်သက်၍ ညှို့မဂ္ဂဇင်းမှတာဝန်ရှိသူများမှဆက်သွယ်ခြင်း (သို့) အသိပေး အကြောင်း ကြားခြင်း တို့ကို (ယခုအချိန်အထိ) လုံးဝမရရှိခဲ့ပါ။

၎။ ညီမ(နန်းခင်ဇေယျာ)သည် ညီမကို ချစ်သောပရိသတ်များ၊ ပြည်သူများနှင့် ပေါင်းကူး ဆက်သွယ်ရေး အတွက် ပေါင်းကူးတံတားသဖွယ်ဖြစ်သောစာနယ်ဇင်း၊ ပုံနှိပ်မီဒီယာများအပါအ၀င် မီဒီယာအား လုံး၏တန် ဖိုးကို သိရှိနားလည်ကာ လေးစားမှု အပြည့်အ၀ထားရှိပါသည်။လူတန်းစားအပိုင်းအခြားမရွေးဖတ်နိုင်သော အခြားစာစောင်၊ ဂျာနယ်၊ မဂ္ဂဇင်းများကဖော်ပြခဲ့သော သတင်းများ၊ ဆောင်းပါးများ နှင့် ဓါတ်ပုံများ အသုံးပြုခြင်း တို့ကိုတစ်ကြိမ်တစ်ခါမှ ကန့်ကွက်ခဲ့ဖူးခြင်းမရှိသလို နောင်တွင်လည်းကန့်ကွက်ရန်မရှိပါ။ စသည့်အချက် များအပါအ၀င် စုစုပေါင်းအချက်ငါးချက်အား ထုတ်ပြန်ထားခဲ့သည်။

AKS
ဓါတ်ပုံ- အောင်ဇော်မင်း( SHE SHINES GEM & JEWELLERY ပွဲမှ)

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်