ရန်ကုန်၊ ဧပြီ ၇။ရန်ကုန်တိုင်းဒေ သကြီး အနောက်ပိုင်းခရိုင်တရားရုံးတွင် ဧပြီ ၄ ရက်နေ့က ကိုရဲမင်းဦးအား ရုံးထုတ်လာစဉ် ကိုရဲမင်းဦးနှင့် တွေ့ခွင့်ပေးရန် တောင်းဆိုသူလေးဦးကို ဝတ္တရားနှောင့်ယှက်မှုဖြင့် ထပ်မံ အမှု ဖွင့် ထားကြောင်း ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ် ဖြစ်မြောက်ရေးကော်မတီမှ သိရသည်။ကိုရဲမင်းဦးကို ရုံးထုတ်စဉ်အခါက ကိုရဲမင်းဦးသည် အစွပ်စွဲခံရသူတစ်ဦးသာဖြစ်ပြီး တရားခံမဟုတ်ကြောင်း၊ ထို့ကြောင့် အစွပ်စွဲခံ ရသူတစ်ဦး ရသင့်ရထိုက်သည့် အခွင့်အရေးများကို ရသင့်ကြောင်း ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် ဖြစ်မြောက်ရေးကော်မတီမှ ဥက္ကဌ ကိုရဲမြတ်ဟိန်းက ပြောကြားသည်။“ကျွန်တော်တို့...