မြောက်ကိုးရီးယားနိုင်ငံတွင်းက နိုင်ငံတကာသံတမန်တွေရဲ့ လုံခြုံရေးကို တာဝန်မယူနိုင်တော့ဘူး လိုမြောက် ကိုး ရီးယား အစိုးရက ပြောဆိုပေမယ့် နိုင်ငံခြား သံတမန်တွေက နဂိုအတိုင်း နေထိုင်လျက် ရှိပါ တယ်။
သြစတြေးလျနိုင်ငံခြားရေး ဝန်ကြီး ဘော့ဘ်ကားရ် (Credit: AFP)
မြောက်ကိုးရီးယားအစိုးရက စစ်ဖြစ်လု စဲစဲ အချိန် ဖြစ်တဲ့အတွက် မြောက်ကိုးရီးယား အတွင်းမှာ ရှိနေတဲ့ နိုင်ငံခြား သံတမန်တွေရဲ့ လုံခြုံရေးကို တာဝန် မယူ နိုင် တော့ ဘူးလို့ ပြောလိုက်တာ ဖြစ်ပါတယ်။
မြောက် ကိုးရီးယား နိုင်ငံ အနေနဲ့ နျူးကလီးယား ဒုံးကျဉ် နောက်ထပ် စမ်းသပ်တဲ့ အနေအထား ရှိပေမယ့် ကိုးရီး ယား ကျွန်းဆွယ်အတွင်း စစ်ဖြစ်နိုင်မယ့် အလားအလာတော့ မရှိသေးဘူးလို့ သြစတြေးလျ နိုင်ငံခြား ရေး ဝန်ကြီးက လျော့တွက်ထားပါတယ်။
ဝန်ကြီး ဘော့ဘ်ကားရ်က မြောက်ကိုးရီးယားနိုင်ငံအနေနဲ့ ပြဿနာပိုကြီးထွားအောင် လုပ်နေတဲ့အကြောင်း၊ မြောက် ကိုးရီးယား နိုင်ငံမှာ ရောက်ရှိနေတဲ့ နိုင်ငံအသီးသီးရဲ့ ကိုယ်စားလှယ်တွေကလည်း မြောက် ကိုးရီးယား နိုင်ငံမှာ စစ်အတွက် ပြင်ဆင်မှုတွေ လုပ်နေပြီလို့ မပြောကြသေးပေမယ့် မြောက်ကိုးရီးယားရဲ့ ခြိမ်းခြောက်မှု အပေါ်တော့ စိုးရိမ်မှုတွေ ရှိနေဆဲပဲလို့ ပြောပါတယ်။
ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး William Hague ကလည်း မြောက်ကိုးရီးယားခြိမ်းခြောက်မှုနဲ့ ပတ်သက်ပြီး စိတ်အေး အေး ထားကြ ဖို့ ဒါပေမယ့် မြောက်ကိုးရီးယားဖက်က တိုက်ခိုက်လာရင် နိုင်ငံတကာအနေနဲ့ စည်းစည်း လုံးလုံးနဲ့ တုန့်ပြန်ကြဖို့ ပြောလိုက်ပါတယ်။
From: ABC Radio Australia
0 comments:
Post a Comment