Monday, April 08, 2013

မြန်မာ့ငြိမ်းချမ်းရေးဆွေးနွေးပွဲနဲ့ တရုတ်ပြည်ရဲ့ကဏ္ဍ တရုတ်သံရုံး ရှင်းလင်း

Posted by drmyochit Monday, April 08, 2013, under | No comments


တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့တော်ရှိ ပြည်သူ့ မဟာခန်းမ အဆောက် အအုံ ကြီး ရှေ့တွင် အစောင့် တပ်သား တဦး တာဝန်ကျ နေပုံ ဖြစ်ပါသည်။ (Photo: AFP)

မြန်မာနိုင်ငံအစိုးရနဲ့ KIO/KIA ကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ တရုတ်ပြည် ရဲ့ အခန်း ကဏ္ဍနဲ့ ပတ်သက်ပြီး ရှင်းလင်းထားတဲ့ ကြေညာ ချက် တစ်စောင်ကို ရန်ကုန်မြို့ တရုတ်သံရုံးက ဒီကနေ့ ထုတ်ပြန် လိုက်ပါတယ်။

တရုတ်ပြည် ရွှေလီမြို့မှာ ကျင်းပခဲ့တဲ့ အစိုးရနဲ့ KIO တို့ နောက်ဆုံးဆွေးနွေးပွဲမှာ  နောက်တစ်ကြိမ် ဆွေးနွေး ပွဲကို ဧပြီလ (၁၀) ရက်နေ့ မတိုင်ခင် ကျင်းပဖို့ သဘောတူညီခဲ့ကြပေမဲ့၊ တရုတ် အစိုးရက ကန့်ကွက် ခဲ့တဲ့ အတွက် မြန်မာအစိုးရက ဆွေးနွေးပွဲရက်ရွှေ့ဆိုင်းလိုက်တဲ့  သဘောမျိုး မြန်မာ သတင်း မီဒီယာ တချို့က ရေးသားဖေါ်ပြခဲ့ကြပါတယ်။

အဲဒီ သတင်းတွေဟာ အဖြစ်မှန်နဲ့ လွဲချော်နေတဲ့အတွက်  တရုတ်သံရုံးအနေနဲ့ စိတ် မကောင်းဖြစ်ရ ပါတယ် လို့ ကြေညာ ချက်မှာ ဖေါ်ပြထားပါတယ်။

ဆက်လက်ပြီး မြန်မာ့ အိမ်နီးချင်း မိတ်ဆွေစစ်ဖြစ်တဲ့ တရုတ်ပြည်ဟာ မြန်မာနိုင်ငံရဲ့ လွတ်လပ်တဲ့ အချုပ် အခြာ အာဏာနဲ့ ဂုဏ်သိက္ခကို လေးစားသမှု ရှိတဲ့အပြင်၊  မြန်မာအစိုးရရဲ့ အမျိုးသားစည်းလုံးညီညွတ်ရေး၊ တိုင်းရင်း သားချင်း သဟဇာတဖြစ်ရေး ဆောင်ရွက်ချက်တွေကို ထောက်ခံအားပေးနေပါတယ်၊ ပြီးခဲ့တဲ့ နှစ်ကုန် ပိုင်း က  ရွှေလီမြို့မှာ နှစ်ဖက် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို တရုတ်အစိုးရက နှစ်ကြိမ် ကမ ကထပြု စီစဉ်ပေးခဲ့ပါတယ်၊ အဲဒီဆွေးနွေးပွဲတွေကြောင့် မြန်မာအစိုးရနဲ့ KIO/KIA တို့ကြား ယုံကြည်မှု တည် ဆောက် နိုင်ခဲ့သလို၊ တင်းမာမှု ပဋိပက္ခတွေကိုလည်း လျှော့ချနိုင်ခဲ့ပြီး၊ အခြေအနေတွေ တဖြည်း ဖြည်း တည်ငြိမ်မှု ရလာ တာနဲ့အတူ၊ လူသားချင်း စာနာရေး အကူအညီတွေလည်း ရောက်ရှိနိုင်တဲ့ အနေ အထား ဖြစ်ခဲ့ ပါတယ်၊ ရှေ့အနာဂတ်မှာလည်း တရုတ်ပြည်အနေနဲ့ မြန်မာအစိုးရက တောင်းဆိုလာရင် ဆက်လက် ကူညီ သွားမှာ ဖြစ်ပါတယ်၊ ပြီးခဲ့တဲ့ ဆွေးနွေးပွဲ သဘောတူညီချက်အရ နောက်တစ်ကြိမ် ဆွေး နွေးပွဲ  မကျင်းပဖြစ်တဲ့ အဓိကအကြောင်းက ထောက်ပံ့ပို့ဆောင်ရေး အစီအစဉ်မှာ ပြဿနာရှိနေလို့ ပဲဖြစ်ပါ တယ်၊ မြန်မာ ငြိမ်းချမ်းရေး စင်တာနဲ့ တခြား သတင်းရင်းမြစ်တွေအရ သင်္ကြန်ပြီးရင် ဆွေးနွေး ပွဲတွေ ပြန်စနိုင်တယ်လို့ သိရပါတယ်လို့ ရန်ကုန်မြို့ တရုတ်သံရုံးရဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

RFA

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်