မလေးရှား နိုင်ငံမှာ ခိုလှုံခွင့်တောင်းဖို့ လှေတွေနဲ့ လမ်းပျောက်ပြီး အင်ဒိုနီးရှား နိုင်ငံ ဆူမတြာကျွန်းအနီးကို ရောက် ရှိ လာတဲ့ ရိုဟင်ဂျာ ၈၀ ကို အင်ဒိုနီးရှား အာဏာပိုင်တွေက လူဝင်မှု ကြီးကြပ်ရေး စခန်းမှာ ထိန်းသိမ်း ထားလိုက်ပြီး အဲဒီ မတိုင် ခင် ရိုဟင်ဂျာ ၃၅ ယောက်ကိုလည်း ဖမ်းဆီးထိန်းသိမ်းခဲ့ ပါတယ်။
သြစတြေးလျနိုင်ငံကို ခိုးဝင်ဖို့ ကြိုးပမ်းခဲ့တဲ့ ရိုဟင်ဂျာတွေကို အင်ဒိုနီးရှား ဖမ်းမိ (Credit: AFP)
ခိုလှုံခွင့် တောင်းဖို့ ရောက်လာ သူတွေ ဟာ ဆူမတြာကျွန်း အနောက် မြောက်ပိုင်း အနီးရှိ Pulo Aceh ဆိုတဲ့ ကျွန်းကို တနင်္ဂနွေ နေ့ က ရောက်လာ တာဖြစ်ပါတယ်။
သောကြာနေ့ ညမှာလဲ အင်ဒို နီးရှား နိုင်ငံ နောက် ကျွန်းတကျွန်း ဖြစ်တဲ့ အရှေ့ဂျာဗား ကျွန်းမှာ သြစတြေး လျ နိုင်ငံကို လှေတွေ နဲ့ ထွက်ခွါဖို့ ကြိုးပမ်းခဲ့ တဲ့ ရိုဟင်ဂျာလူမျိုး ၃၅ ဦးကို အာဏာပိုင် တွေ က ထိန်းသိမ်း ခဲ့တယ် လို့ သိရ ပါတယ်။
သောကြာနေ့ ည က ထိန်းသိမ်းခဲ့ တဲ့ ရိုဟင်ဂျာ တွေ ထဲမှာ ကလေး ၁၂ ယောက်ပါဝင်ပြီး၊ အင်ဒို နီးရှား လူဝင်မှု ကြီးကြပ်ရေးက သူ တို့ ကို တရားဝင် မှတ်ပုံတင် စာရွက် စာတမ်း တွေမရှိတဲ့ အတွက် ထိန်းသိမ်း ခဲ့ ရတာဖြစ် တယ်လို့ ဆိုပါတယ်။
ရိုဟင်ဂျာ မူစလင် တွေဟာ မြန်မာ နိုင်ငံ ရခိုင်ပြည် အရေး အခင်းဖြစ်ပြီးနောက်ပိုင်း စတင်ထွက်ပြေး တိမ်း ရှောင်နေ ခဲ့ကြ တာဖြစ် ပါတယ်။
လက် ရှိ ဖမ်းဆီး ထားသူ တွေကို ဆူမာတြာ ထိန်းသိမ်းရေး စခန်းကို ခေါ်ဆောင်သွားပြီ လို့ လဲ သိ ရ ပါ တယ်။
မြန်မာနိုင်ငံတွင်း က မူစလင်နဲ့ ဗုဒ္ဓဘာသာကြား အခင်းဖြစ်ပွါးမှု တွေကြောင့် ဆူမာတြာ ထိန်းသိမ်းရေး စခန်းမှာ မြန်မာ ဗုဒ္ဓဘာသာ ၈ဦး သောကြာနေ့ မနက်ပိုင်း က အသတ်ခံရ ပြီး အခု ရောက်လာတဲ့ ရိုဟင်ဂျာ ၃၅ ဦးကို ညနေ ပိုင်းမှာ ဖမ်းပြီး အဲဒီ ပဋိပက္ခဖြစ်ပွားတဲ့ စခန်းကို ထပ်မံ ပို့ခဲ့တာဖြစ်တယ်လို့ ABC သတင်းထောက် Kathryn Magann ကသတင်း ပေး ပို့ ခဲ့ပါတယ်။
ဆူမာတြာက ထိန်းသိမ်းရေးစခန်းမှာ လူပေါင်း ၂၈၀ လောက်ကိုသာ ထိန်းသိမ်းဖို့ ဆန့်တဲ့ စခန်းဖြစ်ပြီး အဲဒီမှာ မြန်မာ နိုင်ငံက တရားမဝင် ရေပိုင်နက်ကျူးလွန်ပြီး ဖမ်းစီးခံထားရ တဲ့ မြန်မာ တံငါသည်တွေ နဲ့ တရား မဝင်ရောက် ရှိလာတဲ့ ရို ဟင်ဂျာ ကို အတူ ထိန်းသိမ်းထားတဲ့ စခန်းဖြစ်ပါတယ်။
မြန်မာ ပြည်တွင်း အကြမ်းဖက်မှု တွေ က နေပြေး ရှောင်လာ ကြတဲ့ ရို ဟင်ဂျာတွေလဲတနေ့ တခြား တိုးများ လာ နေပြီ ဖြစ်တယ်လို့ သိရ ပါတယ်။
From: ABC
0 comments:
Post a Comment