Monday, April 08, 2013

ထိုင်းလက်နက်ကိုင်နှင့် မြန်မာတပ် ပစ်ခတ်မှု မဖြစ်ခဲ့ဟု ထိုင်းဝန်ကြီး ငြင်းဆို

Posted by drmyochit Monday, April 08, 2013, under | No comments



ထိုင်း-မြန်မာ နယ်စပ်တွင် ထိုင်းလက်နက်ကိုင်များနှင့် မြန်မာအစိုးရ တပ်များ သောကြာနေ့က တိုက်ပွဲဖြစ် ပွားခြင်း မရှိ ခဲ့ကြောင်း ထိုင်း နိုင်ငံခြားရေးဝန်ကြီးက ငြင်းဆိုလိုက်သည်။

နားလည်မှု လွဲမှားခြင်းသာ ဖြစ်သည်ဟု ဝန်ကြီး Surapong Tovichakchaikul ၏ ဖြေရှင်းချက်အား ကိုးကား ၍ ထိုင်းနိုင်ငံအခြေစိုက် ဘန်ကောက်ပို့စ် သတင်းတရပ်တွင် ဖော်ပြပါရှိသည်။

ယမန်နေ့က သတင်းဌာနအချို့တွင် မြန်မာ့တပ်မတော်မှ အင်အား ၁၃ ဦး ကျဆုံး ခဲ့ရပြီး နှစ်ဦး ပျောက်ဆုံး ခဲ့သည့် ပစ်ခတ်မှု တခု ကော့သောင်း ခရိုင်တွင် ဖြစ်ပွား ခဲ့ကြောင်း လုံခြုံရေး သတင်းရပ်ကွက်အား ကိုးကား၍ ဖော်ပြခဲ့ကြသည်ကို ဝန်ကြီးက ငြင်းဆိုလိုက်ခြင်းဖြစ်သည်။

မြန်မာ့ တပ်မှ စစ်သား ၁၃ ဦးမှာ တောထဲတွင် လမ်းပျောက်၍ အခြား ကင်းလှည့် တပ်ဖွဲ့အား စက်မှ အကူ အညီတောင်းစဉ် တောမီး လောင်ကျွမ်း သံများအား အကောက် အယူ လွဲကာ တိုက်ပွဲ ဖြစ်နေ သည်ဟု မှတ်ထင် မှားခဲ့ခြင်းဖြစ်သည်ဟု ဝန်ကြီးက ဖြေရှင်းသည်။

သို့သော် ဘန်ကောက်ပို့စ်ကမူ လက်နက်ကိုင်များနှင့် ကင်းလှည့်တပ်များ ထိုနယ်စပ်ဧရိယာတွင် အပြန် အလှန် ပစ်ခတ် မှုများ ဖြစ်ခဲ့ကြောင်း ဆက်လက် ရေးသား ဆဲဖြစ်ပြီး ပျောက်ဆုံး စစ်သား နှစ်ဦးလည်း ရှာမတွေ့ သေးကြောင်း ၎င်းတို့ သတင်း ရင်းမြစ်အား ကိုးကား၍ ရေးသား ထားသည်။

မဇ္ဈိမ

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်