Monday, April 08, 2013

ဦးပိုင်ကို မြေမရောင်းကြောင်း ဆိုင်းဘုတ်တင်ပွဲ ကျင်းပ

Posted by drmyochit Monday, April 08, 2013, under | No comments


လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အနီးမှာရှိတဲ့ တောကျောင်းကျေးရွာက ဒေသခံတွေရဲ့ လယ်မြေ တွေကို ဦးပိုင် ကုမ္ပဏီဆီ မရောင်းချ နိုင်ကြောင်း ဆိုင်းဘုတ် တင်ပွဲ အခမ်း အနားကို မနေ့က နေ့လည် ပိုင်းက ကျင်းပခဲ့ ပါတယ်။

ဒေသခံ လူထု (၅၀၀) လောက်က တောကျောင်းရွာရဲ့ လမ်းမကြီးဘေးတစ်ဖက်မှာ ဆိုင်းဘုတ် တင်ပွဲ ကျင်းပခဲ့ တယ်လို့ ဒေသခံရွာသား ဦးမြင့်ဌေးက RFA ကို အခုလို ပြောပါတယ်။

" မြန်မာ့စီးပွားရေး ဦးပိုင် ကုမ္ပဏီလီမိတက်နဲ့ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းကြောင့် မိမိတို့ မြေယာများ ပြောင်းရွှေ့ခြင်း ရောင်းချခြင်း လွဲပြောင်းခြင်းများ လုံးဝပြုလုပ်မည် မဟုတ်ပါဆိုတဲ့ ဆိုင်းဘုတ် ကို ဆိုင်းဘုတ်တင်ပွဲ ကျွန်တော်တို့ ယနေ့ပြုလုပ်နေတာ ဖြစ်ပါတယ်ခင်ဗျ"

ဒေသခံတွေဟာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းရေး၊ မီးလောင်ဗုံးတရားခံ ဖော်ထုတ် ပေးရေး နဲ့ ပုဒ်မ ၁၄၄ ရုပ်သိမ်းပေးရေး အဆိုတွေကို သံပြိုင်ကြွေးကြော်ပြီး ဆိုင်းဘုတ်စိုက်ထူမယ့် နေရာကို ချီတက် ခဲ့ကြ တယ်လို့ ဦးမြင့်ဌေးက ပြောပါတယ်။

အလားတူ ပြီးခဲ့တဲ့ရက်တွေကလည်း ဖောင်းကထာ၊ မိုးကြိုးပြင်၊ ဇီးတော၊ ဆည်တဲ၊ အလယ်ရွာနဲ့ တော ကျောင်းရွာ တွေမှာ အခုလိုဆိုင်းဘုတ်တင်ပွဲတွေ ကျင်းပခဲ့ကြသလို၊ နောက်ရက်တွေမှာလည်း တခြား ရွာတွေမှာ ထပ်မံ ကျင်းပသွားဖို့ရှိတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

From: RFA

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်