၂၀၁၃ ခုနှစ် ဧပြီလ (၅)ရက်နေ့ နံနက်တွင် အင်ဒိုနီးရှားနိုင်ငံ မီဒန်းမြို့ရှိ လူဝင်မှု ကြီးကြပ်ရေး ထိန်းသိမ်းရေး စခန်း တွင် ရိုဟင်ဂျာ ဆိုသူအချို့နှင့် မြန်မာ ဒုက္ခသည် (၁၂)ဦးတို့ ခိုက်ရန် ဖြစ်ပွားခဲ့ရာ မြန်မာ (၈)ဦး သေ ဆုံးပြီး (၂)ဦးမှာ ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါ ကိစ္စနှင့် စပ်လျဉ်း၍ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်ကျော်သည် ယနေ့မွန်းလွဲ (၁၅၃၀) နာရီတွင် ရန်ကုန်မြို့ နိုင်ငံခြားရေးဝန်ကြီးဌာန၌ မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားသံအမတ်ကြီး Mr. Sebastianus Surnarsono အား ခေါ်ယူ တွေ့ဆုံသည်။
ထိုသို့ တွေ့ဆုံရာတွင် ဒုတိယဝန်ကြီး ဦးသန့်ကျော်မှ မီဒန်း၌ ဖြစ်ပွားခဲ့သော အကြမ်းဖက် ခိုက်ရန် ဖြစ်ပွား မှုတွင် မြန်မာ နိုင်ငံသားများ အသက်ဆုံး ရှုံးရသည့် အတွက် မြန်မာအစိုးရအနေဖြင့် အထူး စိုးရိမ်ပူ ပန် မိကြောင်း၊ ဤကိစ္စနှင့် စပ်လျဉ်း၍ ဖြစ်ရပ်မှန်ကို အမြန်ဆုံး ဖော်ထုတ်ပေး ရန်၊ ပြစ်မှုကျူးလွန်သူများအား အရေး ယူပေးရန်နှင့် အင်ဒိုနီးရှားနိုင်ငံရှိ မြန်မာ နိုင်ငံသားများ၏ လုံခြုံရေးအတွက် အထူး ဂရုစိုက် ဆောင် ရွက်ပေး ရန် အင်ဒိုနီးရှား အစိုးရအား တောင်းဆိုကြောင်း ပြောကြားပြီး သတိထောက် လွှာကို ပေးအပ် ခဲ့သည်။
နိုင်ငံခြားရေးဝန်ကြီးဌာန
နေပြည်တော်။
ရက်စွဲ၊ ၂၀၁၃ ခုနှစ်၊ ဧပြီလ ၆ ရက်။

Time in Rangoon

0 comments:
Post a Comment