မြောက် ကိုရီးယား နိုင်ငံမှ နျူကလီးယား လက်နက် ဖြင့် စစ်ရေး အရ ခြိမ်းခြောက်မှုများ ၊ နှစ်နိုင်ငံ နယ်စပ် ရှိ စက်မှုဇုံ ရပ်ဆိုင်းထားမှုစသည့် အပြန် အလှန် တင်းမာမှုများ မြင့်တက်နေချိန်တွင် တောင် ကိုရီးယား နိုင်ငံအနေဖြင့် အမေရိကန်နိုင်ငံလုပ် ကိုယ် ပျောက် တိုက်လေယာဉ်များ ၀ယ်ယူလိုက်ပြီ ဖြစ် သည်။
အမေရိကန်နိုင်ငံ အနေဖြင့်လည်း မြောက် ကိုးရီး ယားနှင့် ဆက် ဆံရေး တင်းမာပြီး မဟာမိတ် တောင် ကိုးရီး ယား နိုင်ငံနှင့် ပူးတွဲစစ်ရေး လေ့ကျင့်မှုများ ၊ တိုက် လေယာဉ် များဖြင့် ပျံသန်း စောင့်ရှောက်ပေးခြင်းများ ပြုလုပ် ခဲ့ပြီး ယခုအခါ တောင်ကိုးရီးယား နိုင်ငံ ၏ တိုက်လေယာဉ် ၀ယ်ယူရေး ကမ်းလှမ်းချက် ရောင်း ချသွားရန် အမေရိကန် ကာကွယ်ရေး ဝန်ကြီး ဌာနက သဘောတူ လက်မှတ် ရေးထိုးပေးလိုက်ပြီ ဖြစ် ကြောင်း သိရသည်။ တောင်ကိုးရီးယား နိုင်ငံမှ ၀ယ်ယူ မည့် ကာကွယ်ရေးဆိုင်ရာ စစ်လက်နက် ပစ္စည်း များတွင် Lockheed Martin Corp F-35 ကိုယ် ပျောက် တိုက်လေယာဉ်နှင့် Boeing Co's F-15 Silent Eagle တိုက်လေယာဉ် နှစ်မျိုးအပြင် ရေဒါ အသစ် များ ၊ အီလက်ထရွန်နစ် စစ်ဆင်ရေး စနစ်များနှင့် အခြား ကိရိယာ ပစ္စည်းများလည်း ပါဝင်သည်။
source: Reuters
From: MRTV4
Time in Rangoon

0 comments:
Post a Comment