ကိုင်ရို၊ ဧပြီ ၈။
အီဂျစ် ခရစ်ယာန် များသည် အသုဘ ပို့မှု တစ်ခုအတွင်း ကိုင်ရိုဘုရားကျောင်း အပြင်ဘက်တွင် လူအုပ်ကြီးနှင့် ပဋိပက္ခဖြစ်ပွားပြီး လူတစ်ဦး သေဆုံးခဲ့သည်။ တရား စီရင်ရေး ဆိုင်ရာ၊ စီးပွားရေး ဆိုင်ရာ ဆန္ဒပြမှု များလည်း နိုင်ငံတစ်ဝှမ်း ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။
တနင်္ဂနွေနေ့က ဆက်လက်ဖြစ်ပွားသည့် ပဋိပက္ခကြောင့် ကိုင်ရိုမြို့တွင် အနည်းဆုံး လူ၈၀ ဒဏ်ရာရ ပြီး မူဆလင် ညီနောင်များ ပါတီက အီဂျစ် နိုင်ငံတွင် ပဋိပက္ခများ ဖြစ်ပွားစေရန် လုပ်ဆောင်နေပြီး တိုက်ခိုက်မှု များကို အစရှာနေကြသည်ဟု ကျန်ပါတီများကို ဝေဖန်ထားသည်။
စနေနေ့ကဖြစ်ပွားခဲ့သည့် ကိုင်ရိုမြောက်ပိုင်း ဘာသာရေးပဋိပက္ခတွင် မူဆလင်ဘာသာဝင်တစ်ဦး အပါ အဝင် လူငါးဦး သေဆုံးခဲ့သည်။
တနင်္ဂနွေ ပဋိပက္ခ သည် စနေနေ့က သေဆုံးသူ ခရစ်ယာန်ဘာသာဝင်များကို အသုဘပို့ရာတွင် စိန့်မတ် ဘုရားကျောင်း မှ လူ ရာကျော် လိုက်လံ ပို့ဆောင်ရာမှ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
၎င်းဘုရားကျောင်းဝန်းကျင်မှ လူများသည် ၎င်းတို့ကို ဘုရားကျောင်းအတွင်းပြန်လည်ဝင်ရောက်စေရန် ကျောက်ခဲများ၊ မီးလောင်ဗုံးများနှင့် ပစ်ဖောက်ခဲ့သည်။
ရဲများရောက်လာပြီး မျက်ရည်ယိုဗုံးများပစ်ဖောက်ခဲ့ရာ တစ်ချို့ဗုံးများ ဘုရားကျောင်းဝင်း အထိ ရောက် ရှိခဲ့ပြီး ကြောက် ရွံနေသော ဘုရား ကျောင်းထဲ မှ လူများကို ပြင်မှလူများ က ကျေနပ်စွာအော် ဟစ်ကြသည်။
သမ္မတ မိုဟာမက်မော်စီက “ဘုရားကျောင်းကို တိုက်ခိုက်ခဲ့ခြင်းသည် ၎င်းကို တိုက်ခိုက်သည်နှင့် တူကြောင်း” ပြောကြား ခဲ့သည်။
ဘုရားကျောင်းအပြင်ဘက်နှင့် ပတ်ဝန်းကျင်မှ နေရာများတွင် လုံခြုံရေးများ ချထားပြီး သမ္မတက မူဆလင်ပြည် သူများနှင့် ခရစ်ယာန်ပြည်သူ များကို ကာကွယ်ခြင်း သည် နိုင်ငံ၏ တာဝန်ဖြစ် ကြောင်း ပြောကြား ခဲ့သည်။
အီဂျစ်တွင် လူသန်း၉၀ရှိရာ ၁၀ရာခိုင်နှုန်းသာ ခရစ်ယာန်ဖြစ်ကြောင်း သိရပြီး ဘာသာရေးပဋိပက္ခများသည် ၂၀၁၁ မူဘာရက် အစိုးရပြုတ်ကျချိန်မှ စ၍ ပိုမိုဖြစ်ပွားလာခဲ့သည်။
တနင်္ဂနွေနေ့က ခေါဆိုယပ်စ် တွင်လည်း ပဋိပက္ခဖြစ်ပွားခဲ့ရာ အရပ်သား ၁၂ဦး ရဲအရာရှိတစ်ဦး ဒဏ်ရာရ ရှိခဲ့သည်။
အီဂျစ်စီးပွားရေးအကျပ်အတည်းကြောင့် ရထားမောင်းသူများနှင့် လက်မှတ်စစ်များသည် တနင်္ဂနွေနေ့တွင် လုပ်ခ ပိုပေးရန် ဆန္ဒပြခဲ့ ကြသောကြောင့် ဘူတာရုံတွင် ခရီးသည် ထောင်ပေါင်းများ စွာ ပြည့်ကျပ်နေစေခဲ့ သည်။
သမ္မတမောစီခန့်အပ်ထားသော တရားသူကြီးချုပ်ကိုလည်း နေရာမှ ဖယ်ပေးရန် ဆန္ဒပြမှုများရှိနေကြောင်း သိရသည်။
Ref:DPA

@ မြန်မာ့ခေတ်
Time in Rangoon

0 comments:
Post a Comment