Monday, April 08, 2013

ရခိုင်ပြည်နယ်၊ မြန်မာ့ နယ်စပ်လုံခြုံရေးကို ဘင်္ဂလားဒေရှ့် အခြေစိုက် အဖွဲ့အစည်းတွေ ခြိမ်းခြောက်

Posted by drmyochit Monday, April 08, 2013, under | No comments


ဧပြီလ ၇ရက်၊ ၂၀၁၃ခုနှစ်

မြန်မာ- ဘင်္ဂလား ဒေရှ့်နယ် စပ်မှာ တည်ငြိမ်မှု မရှိအောင် ဘင်္ဂလားဒေရှ့် အခြေစိုက် ရိုဟင်ဂျာ လက်နက် ကိုင် အဖွဲ့အ စည်းတွေက ခြိမ်းခြောက်နေ တယ်လို့ မောင်တောခရိုင် အခြေစိုက် နယ်စပ်ဒေသ လုံခြုံရေး တပ်ဖွဲ့ အကြီးအကဲ ဗိုလ်မှူးကြီး အောင်နိုင်ဦးက RFA ကို ဒီကနေ့ ထုတ်ဖော်ပြော ဆိုလိုက်ပါတယ်။

အဲဒီလိုမျိုး ခြိမ်းခြောက်မှုတွေကို Rohingya Solidarity Organization(RSO)၊ Arakan Rohingya National Organization(ARNO) တို့လို အဖွဲ့အစည်းတွေက လုပ်ဆောင်နေတာ ဖြစ်ပြီး၊ ဒီနှစ်အတွင်းမှာ အဲဒီလို အဖွဲ့အစည်းတွေရဲ့ သတ်ဖြတ်မှုကိုခံရတဲ့ မြန်မာနိုင်ငံသား တစ်ဦးရှိပြီး၊ နှစ်ဦးကတော့ ယခု အချိန် ထိ ပျောက်ဆုံး နေတယ်လို့ သိရပါတယ်။

ဒါ့အပြင် နိုင်ငံတကာက ရိုဟင်ဂျာ အဖွဲ့အစည်းတွေ စွပ်စွဲသလို နစကတပ်ဖွဲ့ဝင်တွေက ရိုဟင်ဂျာ အမျိုး သမီး တွေကို အတင်းအဓ မ္မ ပြု ကျင့်တာတွေ မရှိကြောင်း နစက တပ်ဖွဲ့ အကြီးအကဲက အခုလို ငြင်းဆို ပါတယ်။

“ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက တိုင်ကြားလို့ ကျွန်တော်တို့ဆီမှာ ခုံရုံးဖွဲ့ပြီး၊ စုံစမ်း စစ်ဆေး မှုတွေ လုပ်ခဲ့ပါတယ်၊ ဘာတွေ့လဲဆိုတော့ ကျွန်တော်တို့ တပ်ဖွဲ့ဝင်တွေက တစ်ချို့ ရာဇဝတ်မှုတွေမှာ တရား ခံ ဖမ်းဆီးရေးကို ရွာတွေ မှာ ဝင်ရောက်လှုပ်ရှားတယ်၊ ကင်းပုန်းဝပ်တယ်၊ စောင့်ဆိုင်းတယ်၊ လျှက် တပြက် ရှာဖွေတယ်၊ အဲဒါတွေကို ရပ်တန့်သွားစေချင်လို့ သူတို့ဘက်က ဒီလိုတုံ့ပြန်တာတွေ ဝါဒ ဖြန့်တာ တွေ တွေ့ရပါတယ်။”

ရိုဟင်ဂျာ လက်နက်ကိုင် အဖွဲ့အစည်းတွေဟာ ဘင်္ဂလားဒေရှ့်နယ်မြေ အတွင်းမှာ အခြေစိုက် လှုပ်ရှားတာတွေရှိတယ်လို့ ဘင်္ဂလားဒေရှ့်နဲ့မြန်မာ နယ်ခြားစောင့်တပ်ဖွဲ့ နှစ်ခုကြား ပြုလုပ်တဲ့ အလံတင်အစည်းအဝေးတွေမှာ ဘင်္ဂလားဒေရှ့် အာဏာပိုင်တွေက ဝန်ခံ ပြောကြားတာတွေ ရှိပါတယ်။

RFA News

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်