Sunday, October 21, 2012
ရခိုင်ပြည်နယ်အတွင်း ဘင်္ဂါလီလူမျိုးများအား တတိယနိုင်ငံသို့ ပို့ဆောင်ပေးရန် သံတွဲတွင် ဆန္ဒပြမည်
Posted by drmyochit
Sunday, October 21, 2012, under | No comments
မြေပုံ၊ မင်းပြားနှင့် ကျော်ဖြူမြို့တို့တွင် လူထုဆန္ဒဖော်ထုတ်
Posted by drmyochit
Sunday, October 21, 2012, under ပြည်တွင်းသတင်းများ | No comments
ယနေ့
အောက်တို ဘာလ (၂၀)ရက် နေ့တွင် မြေပုံ၊ မင်းပြားနှင့် ကျောက်ဖြူမြို့တို့တွင် OIC အားကန့်ကွက်
ဆန္ဒ ထုတ်ဖော် ပွဲနှင့် သမ္မတ ဦးသိန်းစိန်အား ထောက်ခံ ကြိုဆိုပွဲ တစ်ရပ်ကို
ပြုလုပ် ခဲ့ကြကြောင်း သတင်း ရရှိသည်။ မြေပုံမြို့တွင် ယနေ့နံနက် ၇နာရီခွဲခန့်တွင် လူအင်အား
(၂၀၀၀)ကျော်ခန့် စီတန်း လမ်းလျှောက် ကာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
"အာဏာရ ပါတီအတွင်း ကွဲလွဲမှု ကြီးထွားလာ"
Posted by drmyochit
Sunday, October 21, 2012, under သတင်းများ | No comments
တစ်ချိန်က
တန်ခိုးထွားခဲ့သော အာဏာရ ပြည်ခိုင်ဖြိုး ပါတီအတွင်း မငြိမ်သက်မှုများကြီးထွား လာခြင်းကြောင့်
သမ္မတကို ထောက်ခံကြ သူများနှင့် သမ္မတ၏ ပြုပြင် ပြောင်း လဲမှုများ
သည်ဒေါ်အောင် ဆန်းစုကြည်အား စင်ပေါ်ရောက် လာစေ သည်ဟု အပြစ်တင်သူ ခေတ် နောက်ပြန် ဆွဲသမား
များအကြား ပါတီတွင်း အကွဲအပြဲ ဖြစ်နေပြီ ဟူသော ပြောဆိုမှုများ ထွက်ပေါ်လာသည်။
OIC ကန့်ကွက်ပွဲ မင်းပြားတွင် လူပေါင်း သိန်းချီပါဝင်
Posted by drmyochit
Sunday, October 21, 2012, under ပြည်တွင်းသတင်းများ | No comments
ရခိုင်ပြည်နယ်မှ
မြို့ကြီး တစ်မြို့ ဖြစ်သော မင်းပြားမြို့တွင် ယနေ့နံနက်က အိုအိုင်စီ ရုံးဖွင့်လှစ်မည်ကို
ကန့်ကွက် ဆန္ဒ ပြပွဲပြု လုပ်ရာ လူပေါင်း သိန်းချီ ပါဝင် ခဲ့သည်ဟု ဦးဆောင် လူပ်ရှားသူ
ကိုရာကျော်ကပြောသည်။
ရသေ့တောင်တွင် လူသတ်မူ ဖြစ်ပွား
Posted by drmyochit
Sunday, October 21, 2012, under ပြည်တွင်းသတင်းများ | No comments
ရခိုင်
ပြည်နယ် ရသေ့ တောင်မြို့နယ် ဈေး ကုန်တန်း ကျေးရွာတွင် အောက်တို ဘာလ ၈ ရက်နေ့က လူသတ်မူ
ဖြစ်ပွားခဲ့သည်ဟု သတင်း ရရှိသည်။အသတ်ခံ
ရသူမှာ ဈေးကုန်း တန်းကျေး ရွာနေ မောင်တင်ထွန်း (၄၁)နှစ် (ဖ) ဦးအောင်သာ လှ၏ သားဖြစ်သည်။
ဖြစ်ပွားပုံနှင့် ပတ်သက်ပြီး မယူကမ်းတွင် တည်ရှိသော ဈေးကုန်တန်းကျေးရွာ သားတ ဦးက
နိရဉ္စရာသို့ ယခုလိုပြောသည်။
လိင်လုပ်ငန်းမှာဥပဒေကင်းမဲ့လို့  HIV ပိုပြန့် 
Posted by drmyochit
Sunday, October 21, 2012, under သတင်းများ | No comments
RFA အသံလွှင့်ဌာန အမြဲတမ်းဝန်ထမ်းသုံးဦး အလုပ်မှထုတ်ပယ်ခံရ
Posted by drmyochit
Sunday, October 21, 2012, under သတင်းများ | No comments
အမေရိကန်သမ္မတရွေးကောက်ပွဲအကြို စကားရေလုပွဲ မေးခွန်းနဲ့ အဖြေများ၊ ဦးသိန်းစိန်တို့လေ့လာရန်
Posted by drmyochit
Sunday, October 21, 2012, under ဆောင်းပါး | No comments
KIO နယ်မြေ နာ့ဖော့ကျေးရွာတွင် ဖြစ်သော တိုက်ပွဲတွင် အစိုးရတပ် ၁ ဦးကျ
Posted by drmyochit
Sunday, October 21, 2012, under ပြည်တွင်းသတင်းများ | No comments
ဗန်းမော်ခရိုင်
စစ်ပွဲတစ်ခုတွင် ကျဆုံးခဲ့တဲ့ မြန်မာ အစိုးရ စစ်သား တစ်ဦး
ကချင်ပြည်နယ်
မြစ်ကြီးနား- လိုင်ဇာ သွားလမ်း ကချင် လွတ်မြောက်ရေး အဖွဲ့ KIO နယ်မြေ လိုင်စင်ဘွမ်
(Laisin Bum) အနီးရှိ နာ့ဖော့ (Nahpaw) ကျေးရွာသို့ စစ်ရေး လှုပ်ရှား
လာသော မြန်မာ အစိုးရ စစ်သား ၁၀ ယောက်နှင့် ယနေ့ နေ့လည်တွင် KIA ခြေလျင် တပ်ရင်းမှ ပျောက်ကျား
စနစ်ဖြင့် ပစ်ခတ် တိုက်ခိုက်ရာ အစိုးရတပ် ၁ ဦး သေဆုံးကြောင်း သိရသည်။
ဂွမ်မော်ပိုင်တဲ့ ဖားကန့်က ကျောက်စိမ်းတုံးတွေကို လူုဖြင့်သယ်ခိုင်းပြီး တရုတ်ပြည်သို့ ရောင်းစား
Posted by drmyochit
Sunday, October 21, 2012, under ပြည်တွင်းသတင်းများ | No comments
အောက်တို
ဘာလ (၁၆) ရက်တွင် KIA တပ်မဟာ (၂) လက် အောက်ခံ တပ်ရင်း (၁၄) နှင့် တပ်ရင်း (၂၀) တို့မှ
အင်အား (၁၀၀) ခန့်သည် ဒုစစ်ဦးစီးချုပ် ဂွမ်မော် ပိုင်ဆိုင်သည့် ကျောက်စိမ်း ကုမ္ပဏီမှ
အရည်အသွေး ကောင်းမွန်သော ကျောက်စိမ်း တုံးများကို ကျောပိုးအိတ် ကိုယ်စီဖြင့် ဖားကန့်မှ
ညောင်ပင် သာရွာသို့ သယ်ဆောင် စေခဲ့ပြီး ၎င်းမှ တဆင့် လိုင်ဇာထိ ပို့ဆောင်ရန် တာဝန်ပေး
ခံခဲ့ ရကြောင်းနှင့် တပ်ရင်း (၁၄) မှ ရဲဘော် တစ်ဦးက မသယ်နိုင်ကြောင်း ပြောခဲ့သဖြင့်
တပ်ရင်း (၆) တွင် ချုပ်နှောင် ထားကြောင်း သိရပါတယ်။
ငွေကျပ် သိန်း ၅၄ဝ ခိုးယူသူများ နှစ်ရက်အတွင်း ဖမ်းဆီး
Posted by drmyochit
Sunday, October 21, 2012, under ပြည်တွင်းသတင်းများ | No comments
တာချီ
လိတ်မြို့ မကာ အိုခမ်း ရပ်ကွက် ဗိုလ်ချုပ် အောင်ဆန်း လမ်းတွင် နေထိုင်သူ ဒေါ်ခင်နီသည်
အောက်တိုဘာ ၁၄ရက် နံနက် ၅ နာရီ ခွဲက အိပ်ရာမှ နိုးစဉ် နေအိမ် နောက်ဖေး တံခါး ပွင့်နေ
သည်ကို တွေ့ရှိ ရသဖြင့် မသင်္ကာ ဖြစ်ကာ နေအိမ် ရှေ့ခန်းရှိ ကြမ်းပြင် ပေါ်တွင် ချထားသော
စက္ကူဖာအတွင်း ထည့်ထားသည့် ငွေကျပ် ၁ဝဝဝဝ တန် လေးအုပ်၊ ငွေကျပ် ၅ဝဝဝ တန် အုပ် ၈ဝ၊ ငွေကျပ်
၁ဝဝဝတန် အုပ်၁ဝဝ စုစုပေါင်းသိန်း ၅၄ဝ ခိုးယူခံထားရကြောင်း တွေ့ရှိရ သည့်အ တွက် တာချီလိတ်
ရဲစခန်းသို့ သွားရောက် တိုင်ကြား ခဲ့သည်။ တာချီလိတ်ခရိုင် ရဲစခန်းမှ ဒုစရိုက်နှိမ်နင်းရေး
ခေါင်းဆောင် ရဲအုပ် ဝင်းဇော်ထွန်း၊ ရဲအုပ်အောင်ဇင် ဦးစီးသော ရဲတပ်ဖွဲ့ဝင်များသည် စုံစမ်းစစ်ဆေးမှုများ
ဆောင်ရွက်ခဲ့ရာ ပုန်းထွန် ရပ်ကွက်နေ ကိုထက်(ခ)မွှေးနီ၊ အောင်ညီစိုး(ခ) အာနိုးနှင့် ဝမ်ကောင်းရပ်
ကွက်နေ ရှားအောင်တို့ သုံးဦးသည် အလုပ် အကိုင် အတည် အကျ မရှိဘဲ ငွေများ အလျှံပယ် သုံးစွဲ
နေကြောင်းနှင့် ဟောင်လိတ် ကျေးရွာ အုပ်စု ရောင်နီဦး တည်းခို ခန်းတွင် တည်းခို နေကြောင်း
သတင်း ရရှိသဖြင့် အောက်တိုဘာ ၁၆ ရက် ည ၁ဝ နာရီခန့်က ဝင်ရောက် ဖမ်းဆီး စစ်ဆေး ခဲ့ရာ
အဆိုပါ နေအိမ်မှ ငွေများ ခိုးယူ ခဲ့ကြောင်း ဝန်ခံခဲ့ သဖြင့် ဝမ်ကောင်း ရပ်ကွက် အနော်
ရထာ လမ်းရှိ ရှားအောင် နေအိမ်မှ သက်သေခံ ငွေကျပ် ၁၃ဝဝဝဝဝဝ၊ ကိုထက်(ခ) မွှေးနီနှင့် အောင်ညီစိုး
(ခ)အာနိုးတို့ အခန်းငှား နေထိုင်ရာ ပုန်းထွန်ရပ်ကွက် နေအိမ်မှ သက်သေခံ ငွေကျပ် ၂ဝ၈၉၆ဝဝဝ
တို့အား ပြန်လည် သိမ်းဆည်း ရမိခဲ့ပြီး တာချီလိတ် ရဲစခန်းမှ အမှု အမှတ် (ပ) ၂၉၂/ ၂ဝ၁၂
ပြစ်မှုပုဒ်မ ၃၈ဝ အရ အရေးယူ ဆောင်ရွက် လျက်ရှိ ကြောင်း သတင်း ရရှိသည်။
မြေအောက်ရထားပေါ်က မအောင့်နှိုင်လို့  အပေါ့စွန့်ခဲ့တဲ့ မိန်းကလေး ယူကျုပေါ်မှာ ပျံ့နှံ(ရုပ်သံ)
Posted by drmyochit
Sunday, October 21, 2012, under သတင်းများ | No comments
အင်တာနက်
ယူကျုပေါ်မှာ ပျံ့နှံနေတဲ့ ရုပ်သံဖိုင် တခုပါ။ အမေရိကန် ပြည်ထောင်စု နယူးယောက်
မြို့ မြေအောက် ရထား တခုပေါ်မှာ ဖြစ်ပွားသွားတဲ့ ဖြစ်ရပ် ကလေးတခုပါ။ ပုံပါ
အမျိုးသမီးမှာ မအောင့်နိုင် ဖြစ်ရပြီး လူအများ ကြားမှာပဲ အပေါ့ စွန့်ခဲ့ ပါတယ်။ နောက် အဲဒီအနံ့
မခံနိုင်လို့ သူ့မှာ ပါလာတဲ့ ရေဗူးထဲ ပါလာတဲ့ ရေနဲ့ လူပုံအလယ်မှာ ဆပ်ပြာတိုက်၊ ရေချိုး၊
နောက် ပေါင်ဒါ တွေနဲ့ သန့်ရှင်း နေခဲ့ လိုက်တာကို ခရီးသွားတဦးက ရိုက်ပြီး ယူကျုပေါ်
တင်လိုက်တာဖြစ်ပါလိမ့်မယ်။
KIA ရဲ့ မိုင်းကို နင်းမိလို့ အောက်တိုဘာ(၁၉) ရက်မှာ တစ်ယောက်ဒဏ်ရာရပြန်ပြီ
Posted by drmyochit
Sunday, October 21, 2012, under ပြည်တွင်းသတင်းများ | No comments
အောက်တိုဘာလ(၉)
ရက်တွင် KIA၏ မိုင်းနင်းမိ၍ သေဆုံးသွားသူ ဝှေခါရွာမှ မောင်ထိန်လင်း
ဖားကန့်မြို့နယ်
၊ ကာမိုင်း မြို့နယ်ခွဲ ၊ ကောင်ရာ ရပ်ကွက်နေ ဦးအင်ဒေါ့ ဇော်အောင် ၊ (၄၂) နှစ် ၊ (ဘ)
ဦးအင်ဒေါ့ တူးလွန် ၊ကချင်လူမျိုး ခရစ်ယာန် ဘာသာ ကိုးကွယ် သူသည် ၎င်း၏ တောင်ယာမှ နေအိမ်သို့
ပြန်လာစဉ် အောက်တို ဘာလ (၁၉) ရက်နေ့တွင် ကာမိုင်း မြို့နယ်ခွဲ အရှေ့ဘက်(၃) မိုင်ခန့်အကွာ
လဂတ်ယန် ကျေးရွာအနီး ဒေသ အခေါ် ဆေးသမား တောင်တွင် ကေအိုင်အေ မှ ထောင်ထားသော တိုက်မိုင်း
(၁) လုံးအား တိုက်မိ ပေါက်ကွဲ ခဲ့သဖြင့် ၎င်း၏ ယာဘက် တင်ပါး နှင့် ပေါင်တို့တွင် မိုင်းစ
(၁) ချက်စီ ထိမှန် ဒဏ်ရာ ရှိခဲ့ပြီး ဒဏ်ရာ ရှိသူ ဦးအင်ဒေါ့ဇော်အောင်အား ဒေသခံများမှ
ကာမိုင်း မြို့နယ်ခွဲ ပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ပေး ခဲ့ကြောင်း သတင်းရရှိပါသည်။