Sunday, October 21, 2012

KIA ရဲ့ မိုင်းကို နင်းမိလို့ အောက်တိုဘာ(၁၉) ရက်မှာ တစ်ယောက်ဒဏ်ရာရပြန်ပြီ

Posted by drmyochit Sunday, October 21, 2012, under | No comments


အောက်တိုဘာလ(၉) ရက်တွင် KIA၏ မိုင်းနင်းမိ၍ သေဆုံးသွားသူ ဝှေခါရွာမှ မောင်ထိန်လင်း

ဖားကန့်မြို့နယ် ၊ ကာမိုင်း မြို့နယ်ခွဲ ၊ ကောင်ရာ ရပ်ကွက်နေ ဦးအင်ဒေါ့ ဇော်အောင် ၊ (၄၂) နှစ် ၊ (ဘ) ဦးအင်ဒေါ့ တူးလွန် ၊ကချင်လူမျိုး ခရစ်ယာန် ဘာသာ ကိုးကွယ် သူသည် ၎င်း၏ တောင်ယာမှ နေအိမ်သို့ ပြန်လာစဉ် အောက်တို ဘာလ (၁၉) ရက်နေ့တွင် ကာမိုင်း မြို့နယ်ခွဲ အရှေ့ဘက်(၃) မိုင်ခန့်အကွာ လဂတ်ယန် ကျေးရွာအနီး ဒေသ အခေါ် ဆေးသမား တောင်တွင် ကေအိုင်အေ မှ ထောင်ထားသော တိုက်မိုင်း (၁) လုံးအား တိုက်မိ ပေါက်ကွဲ ခဲ့သဖြင့် ၎င်း၏ ယာဘက် တင်ပါး နှင့် ပေါင်တို့တွင် မိုင်းစ (၁) ချက်စီ ထိမှန် ဒဏ်ရာ ရှိခဲ့ပြီး ဒဏ်ရာ ရှိသူ ဦးအင်ဒေါ့ဇော်အောင်အား ဒေသခံများမှ ကာမိုင်း မြို့နယ်ခွဲ  ပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ပေး ခဲ့ကြောင်း သတင်းရရှိပါသည်။

အောက်တို ဘာလ(၄) ရက်နေ့မှ (၁၉) ရက်နေ့အထိ နှစ်ပတ် အတွင်း ယခု မိုင်း နင်းမိသော ဖြစ်စဉ် အပါအ၀င် ဖားကန့်မြို့နယ် ၀န်းကျင် KIA တပ်မဟာ (၂) နယ်မြေ အတွင်းတွင် မိုင်းနင်း မိသော ဖြစ်စဉ် (၈) ခုရှိပြီ ဖြစ်ပြီး ဒေသခံ ကချင်လူမျိုး နှင့် ရှမ်းလူမျိုး၊ ဗမာလူ မျိုးများ သေဆုံး ဒဏ်ရာ ရခြင်းများ ဖြစ်ပွားခဲ့ရာ သေဆုံးသူ စုစုပေါင်း (၆) ဦးနှင့် ဒဏ်ရာ ရရှိသူ (၇) ဦးရှိပြီ ဖြစ်ကြောင်း သိရသည်။ သေဆုံးသူ အရပ်သား ပြည်သူ များမှာ နေရာ တွင်ပွဲ ချင်းပြီး သေဆုံးသူ (၃)ဦး သယ်ဆောင် လာစဉ် လမ်းတွင် သေဆုံး သူ(၂) ဦးနှင့် ဆေးရုံတွင် သေဆုံးသူ (၁) ဦး ဖြစ်ကြောင်း ဖားကန့် ဆေးရုံမှ ၀န်ထမ်း တစ်ဦးက ဆိုသည်။ 

“အများ အားဖြင့်က ဖားကန့် ဆေးရုံကို ရောက်လာ ကြတယ်။ တစ်ချို့ ကတော့ ကာမိုင်း ဆေးရုံ ခွဲတို့ မိုးညှင်း ဆေးရုံ တို့ကနေ တစ်ဆင့် ရောက်လာ ကြတယ်။ ဒီဖားကန့် ဆေးရုံ ကနေ လုပ်သင့်တာ လုပ်ပြီးမှ တချို့ကို မြစ်ကြီးနား ဆေးရုံကို ပို့တာ။ ဒီလ ထဲမှာကို မိုင်းနင်းမိလို့ ရောက်လာတာ (၁၃) ယောက်ရှိပြီ။ (၁၃) ယောက်မှာ အလောင်း တွေပဲ ရောက်လာ တာ တွေပါ ပါတယ်” လို့ အဆိုပါ ကျန်းမာရေး ၀န်ထမ်းက ဆိုသည်။
အောက်တိုဘာလ(၉) ရက်တွင် KIA၏ မိုင်းနင်းမိ၍ ဒဏ်ရာရခဲ့သူ ဝှေခါရွာမှ မောင်ဇော်နိုင်ဝင်း 

အောက်တို ဘာလ အတွင်း မိုင်းနင်း မိသော ဖြစ်စဉ် များမှာ အောက်တို ဘာလ(၄) ရက်နေ့က မြို့လှ မြို့နယ်ခွဲ၊ အုတ်ချီရွာမှ ကျွဲပျောက် ရှာရင်း နင်းမိသော ဦးကျော်စိုး (သေဆုံး)၊ ဦးသန်းအောင် (ဒဏ်ရာရ) နှင့် ဦးအုန်းလှိုင် (ဒဏ်ရာရ)။
အောက်တို ဘာလ(၉) ရက်နေ့က   ဝှေခါရွာမှ မြှစ်ချိုးစဉ် မိုင်းနင်းမိသော မောင်ထိန် လင်း(သေဆုံး)၊ မောင်ဇော် နိုင်ဝင်း (ဒဏ်ရာရ) ။

အောက်တို ဘာလ(၁၂) ရက်နေ့က  မိုးကောင်း မြို့နယ်၊ နန့်ဟိုင် ကျေးရွာ မှ  ၀က်စာ ခူးနေစဉ် မိုင်းနင်း မိသော ဦးအင်ခွန်ဂစ် (သေဆုံး) နှင့် ဦးအင်ခွန်လ (ဒဏ်ရာရ)။

အောက်တို ဘာလ(၁၆) ရက်နေ့က မှော်မောင်း ကုန်းရွာမှ ရွာတွင်း ဖြစ်ပွားသော တိုက်ပွဲအား ပုန်းရှောင်စဉ် မိုင်းနင်း မိသော ဦးဂွမ်ယော် တန်ဂွမ်(၃၁)နှစ် (သေဆုံး) နှင့် ဦးဆ ဂလဂျာ အသက်(၂၁)နှစ် (ဒဏ်ရာရ)။

အောက်တို ဘာလ(၁၇) ရက်နေ့က  ဖားကန့် မြို့နယ် ဟောင်ပါး ကျေးရွာအုပ်စု တာမခံ ကျေးရွာမှ  မိသားစု ကိစ္စနှင့် မိုးညှင်း သို့သွားစဉ် မိုင်းနင်း မိသော ဦးဝင်းမြင့် ထွန်း(ခြေထောက် ပြတ်)နှင့် သမီးဖြစ်သူ မမေချိုလွင် (၁၇)နှစ်(ဒဏ်ရာရ) တို့ပါ ၀င်ကြောင်း သိရ ပါတယ်။

ကချင် ပြည်နယ် အတွင်းတွင် KIA ၏ မိုင်းကြောင့် ဒေသခံ ပြည်သူများ ထိခိုက် ဒဏ်ရ ရာရသူ စုစုပေါင်း (၁၁၂) ယောက် ရှိပြီ ဖြစ်ပြီး မိုင်းများ ပြန်လည် တူးဖေါ် ပေးရန် ဒေသခံများမှ KIA အားတောင်း ဆိုထား သော်လည်း ယခု အချိန်ထိ အရေးယူ ဆောင်ရွက် တူးဖေါ်ခြင်း မရှိဘဲ ဆက်လက် မိုင်းထောင် ခြင်းများ သာပြုလုပ် နေသဖြင့် အမည် မဖေါ်လိုသူ ဖားကန့် မြို့ခံ တစ်ဦး မှ ကုလ သမ္မဂသို့ တိုင်ကြားရန် ပြင်ဆင်လျက် ရှိကြောင်း သိရသည်။


0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်