Sunday, October 21, 2012

ရသေ့တောင်တွင် လူသတ်မူ ဖြစ်ပွား

Posted by drmyochit Sunday, October 21, 2012, under | No comments


 
ရခိုင် ပြည်နယ် ရသေ့ တောင်မြို့နယ် ဈေး ကုန်တန်း ကျေးရွာတွင် အောက်တို ဘာလ ၈ ရက်နေ့က လူသတ်မူ ဖြစ်ပွားခဲ့သည်ဟု သတင်း ရရှိသည်။အသတ်ခံ ရသူမှာ ဈေးကုန်း တန်းကျေး ရွာနေ မောင်တင်ထွန်း (၄၁)နှစ် (ဖ) ဦးအောင်သာ လှ၏ သားဖြစ်သည်။ ဖြစ်ပွားပုံနှင့် ပတ်သက်ပြီး မယူကမ်းတွင် တည်ရှိသော ဈေးကုန်တန်းကျေးရွာ သားတ ဦးက နိရဉ္စရာသို့ ယခုလိုပြောသည်။


“ ကျေးရွာ ကြံ့ခိုင်ရေး အတွင်းရေးမှူး ဦးအောင်တင်သန်းက မောင်တင်ထွန်းကို မင်းကျောင်းမှာ ရေလည်းမခပ်ဘူး၊ အမိုက်တွေလည်း မသိမ်းဘူး၊ ကျောင်း ဥယာဉ်မှူး တဦးရဲ့ တာဝန်ကို ကျေပွန်အောင် ဘာကြောင့် မလုပ်လဲ အဲလို ဆူပူ ကြိမ်း မောင်းရာ ကနေ အပြန်အလှန် စကားများပြီး ပြဿနာ စဖြစ်ကြတယ်။ နောက်တော့ ဦးအောင်တင်သန်းက ယမ်း ထောင်း သေနတ်နဲ့ ပစ်သတ်လိုက်တယ် ” ဟု ပြောသည်။


သေနတ်နဲ့ ပစ်ခတ်ချိန်မှာ ညဥ့် အချိန်တွင် ဖြစ်ပြီး  ကြံ့ခိုင်ရေး အတွင်း ရေးမှူး ဦးအောင် သန်းတင်က ယမ်းထောင်း သေနတ်ဖြင့် သွားရောက် ပစ်ခတ် ခဲ့ပုံကို သူက ယခုလို ဆက် ပြောပြသည်။


“ အဲဒီနေ့ ညဥ့် ၁၀နာရီခန့်မှာ ရွာထဲက ဦးကောက်စံ အိမ်ရှေ့မှာ ယမ်းထောင်သေနတ်နဲ့ ပစ်သတ်ခဲ့တာ ဖြစ်ပါ တယ်။ ပစ်လိုက်တဲ့ ကျည်က  ရင်ဝကို ထိတယ်။ ချက်ချင်းမသေဘူး။ မောင်တင်ထွန်းက သေနတ်နဲ့ ပစ်ခတ်တဲ့ ဦးအောင်တင် သန်းကို ဖက်ပြီးတော့ သေနတ်ကို လုခဲ့ပါ သေးတယ်။ ဦး အောင်တင်သန်းက သေနတ်ကို ပစ်ပြီး အဲဒီနေရာကနေ ချက် ချင်း ထွက်ပြေး လွတ်မြောက် သွားပါတယ်” ဟု ပြောသည်။

 ယခုအခါ ကြံ့ခိုင်ရေး အတွင်းရေးမှူး ဦးအောင်တင်သန်းအား သေမှုသေခင်း ဖြစ်မှုဥပဒေပုဒ်မ (၃၀၄)က/ဖြင့် ရသေ့ တောင် ရဲစခန်းတွင် မိသားစုဘက်မှ အမှုဖွင့်ထားသည်ဟု သိရသည်။

 အဆိုပါ လူသတ်မူနှင့် ပတ်သက်ပြီး နိရဉ္စရာမှ ရသေ့တောင် ရဲစခန်းသို့ မေးမြန်းရာ ဟုတ်မှန်ကြောင်း အတည်ပြု ပြောကြားပြီး အသေးစိတ် ပြောကြားရန်မှာ အမူတွဲကို ကိုင်တွယ်နေသူ  ရဲတာဝန်ရှိ အပြင်ကို ရောက်ရှိနေသဖြင့် သူ့အား မေးမြန်း ရမည်ဟု တာဝန်ကျ ရဲအရာရှိက ပြောကြားသည်။
သေဆုံး သွားသော မောင်တင် ထွန်းမှာ ဇနီး မယားနှင့် အတူ သား သမီး ၃ဦး ကျန်ရစ်ခဲ့ သည်ဟု သိရသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်