Sunday, October 21, 2012

KIO နယ်မြေ နာ့ဖော့ကျေးရွာတွင် ဖြစ်သော တိုက်ပွဲတွင် အစိုးရတပ် ၁ ဦးကျ

Posted by drmyochit Sunday, October 21, 2012, under | No comments


ဗန်းမော်ခရိုင် စစ်ပွဲတစ်ခုတွင် ကျဆုံးခဲ့တဲ့ မြန်မာအစိုးရ စစ်သားတစ်ဦး။ 
ဗန်းမော်ခရိုင် စစ်ပွဲတစ်ခုတွင် ကျဆုံးခဲ့တဲ့ မြန်မာ အစိုးရ စစ်သား တစ်ဦး
ကချင်ပြည်နယ် မြစ်ကြီးနား- လိုင်ဇာ သွားလမ်း ကချင် လွတ်မြောက်ရေး အဖွဲ့ KIO နယ်မြေ လိုင်စင်ဘွမ် (Laisin Bum) အနီးရှိ နာ့ဖော့ (Nahpaw) ကျေးရွာသို့ စစ်ရေး လှုပ်ရှား လာသော မြန်မာ အစိုးရ စစ်သား ၁၀ ယောက်နှင့် ယနေ့ နေ့လည်တွင် KIA ခြေလျင် တပ်ရင်းမှ ပျောက်ကျား စနစ်ဖြင့် ပစ်ခတ် တိုက်ခိုက်ရာ အစိုးရတပ် ၁ ဦး သေဆုံးကြောင်း သိရသည်။


သေဆုံးသည့် မြန်မာအစိုးရ တပ်သားမှ Uniform နှင့် သေနတ် ၁ လက် ကချင် လွတ်မြောက်ရေး တပ်ဖွဲ့ (KIA) ခြေလျင် တပ်ရင်းမှ ရရှိကြောင်း ရှေးတန်းမှ အရာရှိတဦး KNG ကချင်သတင်းဌာနသို့ပြောသည်။

လိုင်ဇာ အနီးရှိ မြန်မာ အစိုးရ တပ်စခန်း နာ့ဖော့ (Nahpaw) တွင် မြန်မာ အစိုးရတပ် အင်အား ၁၀၀ ကျော်ရှိပြီး ၎င်းနယ် မြေတွင် လှုပ်ရှား နေသော တပ်သား များသည် နာ့ဖော့ (Nahpaw) ကျေးရွာ လူနေ အိမ်များသို့ လှုပ်ရှား လာစဉ် KIA ခြေလျင် တပ်မှ ပစ်ခတ် တိုက်ခိုက် ခဲ့ခြင်း ဖြစ်သည်။

အိမ်ခြေ (၃၀) ကျော်ရှိသည့် အဆိုပါ ကျေးရွာမှ ရွာသား များသည် ယခုချိန် မဂါယန် (Maga Yang) ဒုက္ခသည် စခန်းသို့ ထွက်ပြေး ခိုလုံနေ ကြောင်း သိရသည်။ မြန်မာ အစိုး ရသည် စစ်အင် အားများ တိုးချဲ့ နေဆဲဖြစ်ပြီး ယနေ့ နံနက် မိုးမ လင်းမီ ၂ နာရီ ချိန်ခန့် တွင်လည်း ဗန်းမော် ဘက်မှ စစ်ကား ၁၂ စီးဖြင့် တပ်မဟာ (၅) နယ်မြေသို့ စစ်အင် အားဖြင့် ထပ်မံ ၀င်ရောက် လာကြောင်း သိရသည်။ ကချင်ပြည်နယ် မြစ်ကြီးနား- လိုင်ဇာနှင့် ဗန်းမော် ကြားရှိ မြို့သစ် Je Hkak ကျေးရွာ အနီးသို့ အင်အား တိုးချဲ့ လာသော မြန်မာ အစိုးရ တပ် ကား ၁၂  စီးကို KIA တပ်မဟာ (၅) အောက် တပ်ရင်း (၂၅) မှ မြေမြုပ် မိုင်းဖြင့် ဖောက်ခွဲခဲ့ရာ ကား ၁ စီးထိခိုက် ပျက်စီး ခဲ့ကြောင်း အရာရှိ တစ်ဦး ဆိုသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်