Sunday, October 21, 2012

ရခိုင်ပြည်နယ်အတွင်း ဘင်္ဂါလီလူမျိုးများအား တတိယနိုင်ငံသို့ ပို့ဆောင်ပေးရန် သံတွဲတွင် ဆန္ဒပြမည်

Posted by drmyochit Sunday, October 21, 2012, under | No comments


ရခိုင်ပြည် နယ်အတွင်းတွင် ဘင်္ဂါလီ လူမျိုး များအား မိခင် နိုင်ငံ သို့မဟုတ် တတိယနိုင်ငံသို့ ပြန်လည် ပို့ဆောင် ရန်အတွက် သံတွဲမြို့တွင် အောက်တို ဘာလ ၂၁ရက်နေ့၌ နေ့လည် ၁၂နာရီတွင် ဆန္ဒပြမည် ဖြစ်ကြောင်း သံတွဲမြို့ရှိ အစိုးရဝန်ထမ်းတစ်ဦးက Yangon Chronicle သို့ပြောကြားသည်။


အဆိုပါကိစ္စနှင့် ပတ်သက်၍ ရခိုင် အမျိုးသား လှုပ်ရှားမှု အဖွဲ့ အစည်းမှ ဦးဆောင် ဆန္ဒ ပြခြင်း ဖြစ်ပြီး မြို့နယ် ရဲ တပ်ဖွဲ့မှူး၏ ခွင့်ပြုချက် မရရှိ သောကြောင့် ခရိုင်ရဲတပ်ဖွဲ့ မှုးရုံးသို့လျှောက်ထားရာ ခွင့်ပြုချက် ရရှိခဲ့ ကြောင်းနှင့် ဆန္ဒပြ ရခြင်းမှာ ဘင်္ဂါလီလူမျိုး များသည် လူဦးရေ တိုးပွားနှုန်း မြန်ဆန် လွန်းသ ဖြင့် ယခု အချိန် တွင်ပင် ရခိုင်ပြည် နယ်၏ ၇၀ရာခိုင်နှုန်းခန့်သော လူဦးရေအား ဘင်္ဂါလီများမှ ပိုင်ဆိုင် ထားကြောင်းသိရသည်။

“OIC ကိစ္စတွေ ပြီးသွားပေမယ့်။ အခုလို လူဦးရေတိုးပွားနှုန်းကြောင့် ရခိုင်တိုင်းရင်း သားတွေရဲ့လုံခြုံရေး ထိခိုက် နိုင်တယ်။ ဒါ့ကြောင့် ဒီလူတွေ ကို ရခိုင် ပြည်နယ် ကနေ တတိယ နိုင်ငံကို ပို့ဆောင်ဖို့ တောင်းဆို တာပါ” ဟု အထက်ပါ အစိုး ရဝန်ထမ်းက ဆိုသည်။

မြန်မာနိုင်ငံတွင်းသို့ ဘင်္ဂါလီလူမျိုးများသည် ၁၈၈၄ ခုနှစ်ဝန်းကျင်ခန့်တွင် အလုံး အရင်းဖြင့် ဝင်ရောက် ခဲ့ခြင်း ဖြစ်ပြီး ၎င်းတို့၏ လူဦးရေတိုးပွားနှုန်း အားထိမ်းချုပ်ထားသည့် ဥပဒေမရှိသေးကြောင်းနှင့် လူဝင်မှု ကြီးကြပ် ရေး၏ ဥပဒေ မှာလည်း ပြင်းထန်သော အရေး ယူမှု မရှိသေး ကြောင်း ရခိုင် အမျိုးသား ကွန်ု ယက်မှ ဥက္ကဌ ကိုတင်ထူးအောင်က ပြောကြားသည်။

“ဥပဒေက ထိန်းချုပ်မှုအားနည်းသေးတယ်။ အကောင်းဆုံးကတော့ သူတို့ကို သူ့နိုင်ငံ သူပြန်ပို့တာ အ ကောင်းဆုံးပဲ။ တကယ်လို့ တစ်ဖက်နိုင်ငံက လက်မခံရင်လည်း နိုင်ငံတော်နဲ့ ကုလသမဂ္ဂ ညှိနှိုင်းပြီး ဒုက္ခ သည်စခန်းမှာ ဒုက္ခသည် လက်မှတ် ကိုင်ဆောင် စေဖို့လိုတယ်။

ဒီလို ဥပဒေကရော သူတို့ကို ထိမ်းချုပ်နိုင်ပြီဆိုရင် တစ်ဖက်က ခိုးဝင် လာမယ့် သူတွေ ရန်ကော၊ လူဥိးရေ တိုးပွားနှုန်း ကိုလည်း ထိမ်းချုပ် နိုင်မယ်”ဟု ကိုတင် ထူးအောင်က ပြောကြား သည်။

လူဝင်မှု ကြီးကြပ်ရေး ဥပဒေ၏ ယခုအချိန်ထိ အားနည်း နေသေး မှုနှင့် ယခင် အစိုးရ လက်ထက်တွင် ကိုယ်ကျိုး စီးပွား ရှာခဲ့သော အစိုးရ ဝန်ထမ်းများ ကြောင့် ဘင်္ဂါလီ လူမျိုးတို့သည် ရခိုင် လူမျိုး တို့အား ဝါးမျို သွားနိုင် ကြောင်း ရခိုင် အမျိုးသား တိုးတက်ရေး ပါတီ၏ ဥက္ကဌ ဒေါက်တာ အေးမောင်က “လူမျိုးမျိုရင် လူမျိုး ပြုတ်မယ်”ဟု ညွှန်း ဆိုခဲ့သည်။

မင်းခဏ့်

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်