Sunday, October 21, 2012

ဂွမ်မော်ပိုင်တဲ့ ဖားကန့်က ကျောက်စိမ်းတုံးတွေကို လူုဖြင့်သယ်ခိုင်းပြီး တရုတ်ပြည်သို့ ရောင်းစား

Posted by drmyochit Sunday, October 21, 2012, under | No comments


 
အောက်တို ဘာလ (၁၆) ရက်တွင် KIA တပ်မဟာ (၂) လက် အောက်ခံ တပ်ရင်း (၁၄) နှင့် တပ်ရင်း (၂၀) တို့မှ အင်အား (၁၀၀) ခန့်သည် ဒုစစ်ဦးစီးချုပ် ဂွမ်မော် ပိုင်ဆိုင်သည့် ကျောက်စိမ်း ကုမ္ပဏီမှ အရည်အသွေး ကောင်းမွန်သော ကျောက်စိမ်း တုံးများကို ကျောပိုးအိတ် ကိုယ်စီဖြင့် ဖားကန့်မှ ညောင်ပင် သာရွာသို့ သယ်ဆောင် စေခဲ့ပြီး ၎င်းမှ တဆင့် လိုင်ဇာထိ ပို့ဆောင်ရန် တာဝန်ပေး ခံခဲ့ ရကြောင်းနှင့် တပ်ရင်း (၁၄) မှ ရဲဘော် တစ်ဦးက မသယ်နိုင်ကြောင်း ပြောခဲ့သဖြင့် တပ်ရင်း (၆) တွင် ချုပ်နှောင် ထားကြောင်း သိရပါတယ်။

ယခုကဲ့သို့ တပ်ရင်းများမှ လူထုတ်၍ သယ်ခိုင်း သည်မှာ KIA ဒုစစ် ဦးစီးချုပ် ဂွမ်မော်မှ ပုဂ္ဂိုလ်ရေး အရ တပ်မဟာမှူး ဗိုလ်မှူးကြီး ဒါရှီဘရန်နန် ထံအကူ အညီ တောင်းခံ၍ သယ်ခိုင်းခြင်း ဖြစ်ပြီး KIA ရဲဘော်များမှ ကျေနပ်မှု မရှိကြောင်းလည်း သိရသည်။ “ ဦးဂွမ်မော်က သူ့ကုမ္ပဏီအတွက် သူ့စီးပွားရေးအတွက် သယ်ခိုင်းတာ။ ကျွန်တော်တို့တွေက တိုက်ပွဲလည်း ခဏခဏ ဖြစ်နေ ရတယ်။ စစ်တပ်ကိုလည်း လိုက်တိုက် နေရ သေးတယ်။ ကချင်ပြည်နယ် ထဲမှာ ကျွန်တော်တို့ တပ်မဟာ (၂) ကအတိုက်ရဆုံးပဲ။ ဒီလိုတိုက်ခိုက်နေတဲ့ အချိန် မှာသူ့စီးပွားရေးအတွက် မခိုင်းသင့်ဘူးလေ။ အရင်တုန်းက ခိုင်းတာတွေက စစ်ဖြစ်နေတဲ့အချိန်မဟုတ်တော့ ကိစ္စမရှိဘူး ။ ဒီချိန်မှာ ခိုင်းတော့ ရဲဘော်တွေက မကျေနပ်တော့ဘူး တစ်ယောက်ဆို ပြန်ပြောလို့ ပစ်မယ်ခတ်မယ်တောင် ဖြစ်သေးတယ် ။ အဲဒီရဲဘော်လေးကိုတော့ တပ်ရင်း (၆) ထဲမှာချုပ်ထားတယ်  ”ဟု အမည်မဖော်လိုသူ တပ်မဟာ (၂) အရာရှိတစ်ဦးက ဆိုသည်။

KIA ဒုစစ်ဦးစီးချုပ်ဂွမ်မော်သည် တရုတ်နိုင်ငံထဲတွင် ကျောက်စိမ်းကုမ္ပဏီတစ်ခု၊ သစ်ကုမ္ပဏီတစ်ခု နှင့် ရွှေလီတွင် ကျင်းချိန် အမည်ရှိဟော်တယ်တစ်လုံးကိုပိုင်ဆိုင်ထားပြီး ဖြစ်ကြောင်းသိရသည်။

ယခင် ၂၀၀၀ ပြည့်နှစ်တွင်လည်း ဖားကန့်ဒေသမှ အရည်အသွေးကောင်းမွန်သော ကျောက်စိမ်းတုံ ကြီးတစ်တုန်းအား လိုင်ဇာသို့ ခက်ခက်ခဲခဲသယ်ယူပြီး တရုတ်နှင့် ဟောင်ကောင်တို့တွင် သွားရောက်ရောင်းချခဲ့ ဖူးကြောင်းသိရသည်။ ထိုကျောက်စိမ်းတုံး ရောင်းရငွေများအား ခေါင်းဆောင်ပိုင်းမှ ခွဲဝေယူခဲ့ပြီး ဟိုတယ်ဆောက်ခြင်း ၊ ကျောက်ကုမ္ပဏီထောင်ခြင်း စသော KIA ခေါင်းဆောင်ပိုင်း၏ စီးပွားရေး လုပ်ငန်းများတွင် အသုံးပြုခဲ့ပြီး လက်အောက်သို့ ခွဲဝေပေးခြင်းမရှိသဖြင့် KIA တပ်သားများမှာ မကျေမနပ် ဖြစ်ခဲ့ဖူးကြောင်းသိရသည်။

KIA ခေါင်းဆောင်များသည် ၄င်းတို့၏ စီးပွားရေးလုပ်ငန်းများအတွက် တပ်ရင်းများအား စေခိုင်းခြင်းများ မကြာခဏ လုပ်ဆောင်တက်ပြီး ထိုသို့လုပ်ဆောင်ရာတွင် အဆင်မပြေပါက ဖမ်းဆီးချုပ်နှောင်မှုများအထိ လုပ်ဆောင်တက်ကြောင်း သိရပါတယ်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်