Sunday, October 21, 2012

မြေပုံ၊ မင်းပြားနှင့် ကျော်ဖြူမြို့တို့တွင် လူထုဆန္ဒဖော်ထုတ်

Posted by drmyochit Sunday, October 21, 2012, under | No comments


 
ယနေ့ အောက်တို ဘာလ (၂၀)ရက် နေ့တွင် မြေပုံ၊ မင်းပြားနှင့် ကျောက်ဖြူမြို့တို့တွင် OIC အားကန့်ကွက် ဆန္ဒ ထုတ်ဖော် ပွဲနှင့် သမ္မတ ဦးသိန်းစိန်အား ထောက်ခံ ကြိုဆိုပွဲ တစ်ရပ်ကို ပြုလုပ် ခဲ့ကြကြောင်း သတင်း ရရှိသည်။ မြေပုံမြို့တွင် ယနေ့နံနက် ၇နာရီခွဲခန့်တွင် လူအင်အား (၂၀၀၀)ကျော်ခန့် စီတန်း လမ်းလျှောက် ကာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

"၁၉၈၂ ခုနှစ်က နိုင်ငံသား ဥပဒေကို အကောင်အထည်ဖော်ပေးရန်နဲ့ နိုင်ငံတော် သမ္မတကြီးရဲ့ တရားမဝင် ဝင်ရောက် နေထိုင် နေကြသော ဘင်္ဂလီများ အကြောင်း ဆွေးနွေးချက်ကို ထောက်ခံကြောင်း ကျနော်တို့ ဆန္ဒထုတ်ဖော်ကြတာပါ။"ဟု မြေပုံမြို့ ရခိုင် တိုင်းရင်းသား များတိုး တက်ရေး ပါတီ(RNDP)မှ ဦးအောင် သာဇံက ပြောသည်။

မြေပုံမြို့ဆန္ဒထုတ်ဖော်ပွဲတွင် အမျိုးသမီးအများစုပါဝင်ပြီး ဆန္ဒထုတ်ဖော်ပွဲကို နံနက် ၈နာရီ ခွဲတွင် အဆုံး သတ်လိုက် ကြောင်း၊ အစိုးရထံတွင် တရားဝင်လျှောက်ထားပြီး ဆန္ဒပြခြင်းဖြစ်၍ ပြဿနာတစ်စုံတစ်ရာ မရှိခဲ့ကြောင်း သိရှိရသည်။

မင်းပြားမြို့နယ်တွင် နေ့လည် (၁)နာရီခန့်က စတင်လူစုကာ လူအင်အား သင်္ဃာအပါး (၂၀၀)ကျော်နှင့် လူထု(၃၀၀၀၀)ခန့် မြို့အနှံ့ စီတန်း လှည့်လည် လမ်းလျှောက်ပြီး ရန်ကုန်-စစ်တွေကားလမ်းတစ်လျှောက်ရှိ ဘင်္ဂလီကျေးရွာများအား လေးမြို့ မြစ်တစ် ဘက်ကမ်း သို့ပြောင်း ရွှေ့ပေးရန်၊ သမ္မတပြောကြားသည့် ၁၉၈၂ခုနှစ် နိုင်ငံသားဥပဒေကို အကောင် အထည် ဖော်ပေး ရန်၊ OICကို မည်သည့်အကြောင်းနှင့်မှ လက်ခံ ခွင့်မပြုရန် စသည့်အချက်များအား ဆန္ဒ ဖော်ထုတ် တောင်းဆို ခဲ့ကြ ကြောင်း သိရှိရသည်။ "စစ်တွေ-ရန်ကုန်ကားလမ်းက ဘယ်လိုမှ လုံခြုံမှုမရှိဘူး၊ ကားနဲ့သွားရင် ခဲနဲ့ပေါက်တယ်၊ ဆိုင်ကယ်နဲ့ သွားရင် ဆိုင်ကယ်ကိုခဲနဲ့ပေါက်တယ်၊ ဘာလို့ပေါက်လည်းလို့သွားမေးရင် ဆိတ်တွေ၊ နွားတွေကိုပစ်တယ်လို့ ပြောတယ်။

အဲဒီလိုအကြိမ်ပေါင်းမနည်းတော့ဘူး။ ပြီးတော့ ညဘက်ဆိုရင် တစ်ယောက်တည်းဖြစ်ဖြစ်၊ လူအနည်းနဲ့ဖြစ်ဖြစ် သွားလာ လို့မရ တော့ဘူး၊ ဒေသခံပြည်သူလူထုတွေအတွက် လုံးဝကိုလုံခြုံမှုမရှိတော့ဘူး။ ဒါကြောင့်မို့လို့ အဲဒီဘင်္ဂလီကျေးရွာတွေကို ပြောင်းရွှေ့ ဖို့တောင်း ဆိုရတာပါ။ သူတို့ကို လေးမြို့ မြစ်တစ် ဘက်ကမ်းမှာ လုပ်ကိုင် စားသောက် လို့ရသလို ဒီရန်ကုန်-စစ်တွေ ကားလမ်း မှာလည်း ပြည်သူတွေ သွားလာရေး လုံခြုံမှု ရှိသွားမှာ ဖြစ်ပါတယ်"ဟု မင်းပြား လူမှု ကယ်ဆယ်ရေး ဥက္ကဌ ဦးဒိုးအောင်ကျော်က ပြောသည်။ 

ဘင်္ဂလာတွင် ရခိုင် မျိုးနွယ် စုများအား အကြမ်း ဖက်မှု အပေါ် တွင် သက်ဆိုင်ရာ တိုင်းပြည် များမှ အရေး ယူ ပေးရန် နှင့် ရခိုင် လူမျိုး များအား ကာကွယ် ပေးရန် တို့ ကိုပါ တောင်း ဆိုခဲ့ကြပြီး နေ့လည် ၂နာရီခွဲအချိန်တွင် ဆန္ဒပြပွဲ ပြီးဆုံးခဲ့ ကြောင်း သိရှိ ရသည်။ 
KyaukPhru protest 1 
 ကျောက်ဖြူမြို့တွင် ယနေ့နေ့လည် (၂)ရီတွင် စတင်လူစုကာ လူအင်အား၁၀၀၀ကျော်ခန့် မြို့တစ်ပတ်လှည့်လည် လမ်း လျှောက်ကာ OICကိုကန့် ကွက်ကြောင်းနှင့် သမ္မတဦးသိန်းစိန်အား ထောက်ခံကြောင်း လက်ကိုင် ပိုစတာများ ကိုင်၍ ကြွေးကြော် သံများဖြင့် ဆန္ဒဖော်ထုတ် ခဲ့ကြသည်။
"ကျွန်တော်တို့က ဘာကြောင့် ထုတ်ဖော်ရလဲဆိုတော့ အိုအိုင်စီရုံးကို မြန်မာနိုင်ငံမှာ မဖွင့်တော့ဘူးလို့ ကြေညာ အသိပေး ပြောလိုက် ပေမဲ့လည်း အိုအိုင်စီနဲ့ လက်မှတ်ထိုးထားတဲ့ MOUကို ပြည်သူလူထုရှေ့ကို မချပြ သေးသရွေ့ ကျွန်တော်တို့မှာ အိုအိုင် စီနဲ့ ပတ်သက်လို့ အန္တာရာယ်ရှိတယ်လို့ ယူဆရပါတယ်။


 ဘာဖြစ်လို့လဲ ဆိုတော့ OIC ဆိုတာက အစ္စလာမ်မစ် နိုင်ငံများ ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ ( Organistaion of Islamic Cooportaion) ဆိုတော့ အစ္စလာမ်နိုင်ငံတွေနဲ့ သက်ဆိုင်တာဆိုတော့ ကျွန်တော်တို့ ဗုဒ္ဓဘာသာ ကိုးကွယ်တဲ့ နိုင်ငံနဲ့ ဘာတစ်ခုမှ မသက် ဆိုင်ဘူးလို့ ကျွန်တော်တို့က ယူဆထားပါတယ်။ အိုအိုင်စီကို တိုက်ရိုက် ရုံးမ စိုက်ပေမဲ့လည်း သူတို့က MOU ကို လက်မှတ် ထိုးထား တဲ့နောက်မှ ဝင်ချင်တဲ့ ပုံစံမျိုးနဲ့ ဝင်လာကြပါတယ် ။  အဲဒါကြောင့် ဒါတွေက ကျွန်တော်တို့ နိုင်ငံ၊ ကျွန်တော်တို့ လူမျိုးအတွက် အပေါင်း လက္ခဏာ မဟုတ်ပဲနဲ့ အနှုတ် လက္ခဏာဘဲ ဖြစ်လာမယ်လို့ ကျွန်တော်တို့ တစ်မျိုး သားလုံးက ခံယူထားပါတယ်။ အဲဒါကြောင့်မို့လည်း ဒီပွဲကို လုပ်ရခြင်း ဖြစ်ပါတယ်။"ဟု Kyauk Phyu Social Networkမှ ဒါရိုက်တာ ကိုလှမျိုးကျော်က ပြောသည်။


ကျောက်ဖြူ ဆန္ဒ္ဒဖော် ထုတ်ပွဲကို ကျောက်ဖြူ မြို့နယ် ကျေးရွာ များမှလည်း လာရောက် ဆန္ဒထုတ်ဖော်ခဲ့ ကြပြီး ကျော်ဖြူမြို့ နာရီစင်ကွင်း၌ ညနေ ၄နာရီတွင် ပြီးဆုံး သွားကြောင်း သိရှိရသည်။ မြန်မာနိုင်ငံအတွင်း OICရုံးဖွင့်မည်ကို မြန်မာ နိုင်ငံ အစိုးရမှ ပိတ်ပင် လိုက်ပြီ ဖြစ်သော်လည်း တခြားသော နည်းလမ်း များဖြင့် OIC ၀င်ရောက် လာမည်ကို စိုးရိမ် သဖြင့် ယခုကဲ့သို့ ကန့်ကွက် ဆန္ဒဖော် ထုတ်ခြင်း ဖြစ်ပြီး OIC အားရုံး ဖွင့်ခွင့် မပြုလိုက် သည့်အပေါ်တွင် သမ္မတဦးစိန်အား ထောက်ခံ ကြိုဆိုကြောင်း ဆန္ဒ ထုတ်ဖော်ခြင်း ဖြစ်သည်။


Arakan Times သတင်းဌာန 
 
 
 
 
 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်