Monday, January 28, 2013

နိုင်ငံတည်တံ့ရေး ငြိမ်းချမ်းရေးဘယ်လိုလုပ်နေလဲ

Posted by drmyochit Monday, January 28, 2013, under | No comments


အမေရိကန်သည် အီရတ်၊အာဖဂန် တို့တွင် ကျူးကျော်တိုက်ခိုက်စဉ်နှင့် သိမ်းပိုက်ပြီးနောက် တိုင်းပြည် တည်ငြိမ်ရေးအတွက် လက်နက်ကြီး၊ လက်နက်ငယ်၊ ဒုံးပျံ၊ ဗုံးကြဲလေယာဉ်၊ ဗုံးမျိုးစုံ၊ တိုက်လေယာဉ်မျိုးစုံ ကိုသုံးပြီးတိုက်ခိုက်တာပါဘဲ ဒီလိုတိုက်လို့အရပ်သားတွေ အာဖဂန်သူပုန်ထက်ပိုမိုသေဆုံးခဲ့ရပေမဲ့ အမေရိကန် ဆိုတော့ကုလကလည်း ဘာမှမပြော ကမ္ဘာနိုင်ငံတွေကလည်းဘာမှမပြောပါဘူး ကျူးကျော်သူရဲ့လုပ်ရပ်ကိုတော့ ဝေဖန် မူမရှိတာဘာကြောင့်လဲ ?

အစ္စရေးကလည်းပါလက်စတိုင်းတွေကို လက်နက်မျိုးစုံ၊ လေယာဉ်မျိုးစုံ၊ ဒုံးမျိုးစုံ၊နည်းလမ်းမျိုးစုံ သုံပြီးတိုက် ခိုက်ရာမှာ အရပ်သားတွေသေတယ် ဒါပေမဲ့ဘယ်သူကန့်ကွက်လဲ ?

တရုတ်ကလည်း တောင်တရုတ်ပင်လယ်တွင်းရှိ ကျွန်းတွေကိုသူပိုင်တယ်ဆိုပြီး တိုက်လေယာဉ်တွေ လွတ် တယ်၊ ဖေရီးဂိတ်သင်္ဘောတွေလွှတ်ပြီးခြိမ်းခြောက်ပေမဲ့ ဘယ်သူဝေဖန်လဲ?

နီပေါတွင် မုန်ဝါဒီသူပုန်တွေကို လေကြောင်း ၊ရေကြောင်း၊ ကြည်းကြောင်းကနေ နည်းမျိုးစုံနဲ့ တိုက်ခိုက်ခဲ့ စဉ်က ဘယ်နိုင်ငံဝေဖန်လဲ?

အီဂျစ်မှာ နယ်စပ်တိုက်ပွဲဖြစ်တော့ ချက်ချင်းလေတပ်ကိုလွတ်ပြီးချေမှုန်းတိုက်ခိုက်တော့လည်း ဘယ်သူဘာ ပြောလဲ?

အိန္ဒိယကလည်း သူနိုင်ငံမှာရှိတဲ့နာဂသူပုန်တွေကို သူမှာရှိတဲ့ စစ်လက်နက်ပစ္စည်းစုံကို သုံးပြီး အမြဲသာလွန် အင်အားဖြင့် လက်ရှိချိန်ထိတိုက်နေတာကို ဘယ်သူကန့်ကွက်နေလဲ?
လက်ရှိစစ်ပွဲရှိန်မြင့်နေတဲ့ ဆီးရီးယားမှာလည်းဘယ်လိုတိုက်နေလဲ?
“ယ” လည်းမွတ်ဆလင်သူပုန်တွေကိုဘယ်လိုတိုက်လဲ၊မြိုထဲမှာတောင် သံချပ်ကာတွေ တင့်ကားတွေ သုံးသ လို၊ ရှပ်နီတွေကို စက်သေနတ်သုံးဖြိုခွင်းတော့ဘယ်သူဘာပြောလဲ?

ရထားလမ်းတွေ၊တံတားတွေ၊တပ်မတော်သားတွေသေကျေတိုက်ခံရတော့ဘယ်သူ ဘာပြော? ချိန် ထိုးကြည့် ပါ။

ရခိုင်ဘုရင်တွင် ထင်ရှားပြီး နန်းသက်(၁၀၆ )နှစ်ထိစိုးစံ ခဲ့သည့်နန်းသက်ရှည်ဆုံးမင်း ကိုလေ့လာကြည်ရာ (၁)သားမကောင်းကအဖ (၂)သမီးမကောင်းကအမိ (၃)တပည့်မကောင်းကဆရာ (၄)ကျွန်မကောင်း ကသခင် (၅)ဇနီးမကောင်းကလင် ဆိုသည့်အမိန့်ကိုထုတ်ပြန်ခဲ့သည်။ နန်းတွင်းတိုင်များတွင် ထုံးသုတ်မူကို မပြုလုပ်ရန် အမိန့်ထုတ်ပြန်မှုအားကိုယ်တိုင်ဖေါက်ဖျက်သည့်အတွက် မိမိလက်ညိုးကို သံလျှက်နှင့်ဖြတ် ခဲ့သလို၊ ကျွန်နှစ်ဦးနွားခိုးမူဖြစ်ရာ ကျွန်သခင်မှ ရင်ခွင်ပိုက်အုပ်ချုပ်သည့် ဦးရီးတော် ထံအသပြာ တစ်ထောင်ပေး ၍ဦးရီး တော်ကျွန်အဖြစ်ပြောပေးရန်အကူညီတောင်းရာ ဦးရီးတော်မှ သူ၏ တူမင်းလုပ်သူ သူ့ကို အပြစ်မပေးဟု ယူဆ၍ အမှုကို လက်ခံလိုက်သည်။ အမှုစစ်ရာ ကျွန်များမှ ဦးရီတော်၏ ကျွန်များဖြစ်ကြောင်း ထွက်ဆိုရာ ဦးရီးတော်ရင်ခွင် မှဆင်းပြီး အမှုကိုမည်သို့လုပ်သင့်သည်ကို မှူးမတ်များ အားမေးမြန်းရာ ကျောသား၊ ရင်သားမခွဲခြားဘဲ ဆောင် ရွက်သင့်ကြောင်း လျှောက်ထားသဖြင့် သူ၏ချစ်လှ စွာသော ဦးရီးတော်ကို သေဒဏ်ပေးခဲ့ပါသည်။ 

သူ၏တရား မျှတစွာအုပ်ချုပ်မူကြောင့် ပြည်သူများကလေးစားချစ်ခင်ကြောင်းသိရပါသည်။ ရင်ခွင်ပိုက် ဦးရီးတော်ကို ပင်ရက် စက်စွာသေဒဏ် ပေးခဲ့မူကိုဘာကြောင့်ပြည်သူကချစ်နေတာလည်း ကျွန်တော် အမြင်တော့ သူတို့တွေ မှန်ကန်စွာ ဝေဖန်တတ်လို့ထင်ပါသည်။ကျွန်တော်တို့ကော့?

လက်ရှိ စစ်တပ်ကိုပြည်သူတွေမုန်းပေမဲ့ လက်ရှိနိုင်ငံကိုဘယ်သူကာကွယ်မှာလည်း၊ ပြည်ထောင်စု မပြို ကွဲအောင် ဘယ် သူကာကွယ်နိုင်မလဲ၊လက်ရှိတပ်မတော်က တိုင်းပြည်ကိုမကာကွယ်နိုင်ရင် မြန်မာပြည်မြေပုံ ဘယ်လိုဖြစ် မလဲ၊ လွတ်လပ်ရေးရခါစမှာ မြန်မာနိုင်ငံမှာ ရောင်စုံသူပုန်တွေနေရာ တိုင်း မှာ ရှိလို့ အင်းစိန်၊ကြိုကုန်းတောင်မလုံ ခြုံတဲ့မြန်မာပြည်ဆိုတာမမေ့ပါနဲ့ ၊ဒါတွေကိုမေ့လိုက်ရင် မြန်မာ တစ်နိုင်ငံ လုံး စစ်ပြေးဒုက္ခသည်စခန်းတွေ တောင်လိုပုံလာမယ်ဆိုတာ သေချာတွေ့ရမှာပါ။

KIA ကလွဲရင်ကျန်လက်နက်ကိုင်အဖွဲ့တွေနဲ့ အပစ်ခတ်ရပ်စဲရေးရပြီး သူနဲ့ဘာလို့မရသေးတာလဲ ဒါကိုကြည့်ရင် ဘယ်သူမှား လည်းဆိုတာတွေ့နိုင်မယ်ထင်ပါတယ်။ KIA ကတပ်မတော်၊ ရဲတို့ကိုကြိမ်ဖန် များစွာ တိုက်ခဲ့ သလို ရထားလမ်းမိုင်းခွဲတာ၊ တံတားတွေမိုင်းခွဲတာတွေ များစွာလုပ်နေတာလူတိုင်းအသိပါ။

လက်ရှိတပ်မတော်က KIA ကိုမတိုက်ခြင်လို လဂျားယန် သွားမဲ့လမ်းမှာရှိတဲ့ KIA တပ်တွေ ဖယ်ပေးပါ လို့နှုတ်နဲ့ ပြောပါတယ်၊လုးံဝလက်မခံပါဘူး၊တပ်မတော်မှာဂျက်တိုက်လေယာဉ်တွေရှိလျက်နဲ့ ဘာကြောင့်များ အမောင်း သင်လေယာဉ်နဲ့ တိုက်ခိုက်တာလဲ အဖြေကတော့ တိုင်းရင်းသား ချင်းဖြစ် လို့သေခြာခြင့် ချိန်ပြီး တိုင်းပြည်အကျိုးအ တွက် ရေရှည်မျှော်တွေး ပြီးလုပ်တယ်လို့ထင်ပါတယ်။ ကျွန်တော် တပ်ကို မုန်းလားမေးရင် မုန်းပါတယ်။ 

ဒါပေမဲ့လက်ရှိအခြေနေမှာ နိုင်ငံမပြိုကွဲအောင် လုပ်နိုင်သူရှိရင် လုပ်ပေးနိုင်ကပိုကောင်းပါတယ်။ကျွန်တော် တော့မ တွေ့သေးပါ။တွေ့ရင်နိုင်ငံတော်ကိုအကြံပေးစေလိုပါတယ်။

ပြည်ထောင်စုပြိုကွဲမဲ့အရေးကြုံလာရင် မင်းထီးလိုဘဲ ကိုယ့်လက်ကို ကိုယ်ဖျက်သလို၊ ချစ်လှစွာသော ဦးရီးတော် ကိုသတ်သလို လုပ်သင့်လုပ်ထိုက်တာ လုပ်ရမယ်လို့ထင်ပါတယ်။ အဲဒီလိုမလုပ်ရင် ဒီတိုင်းပြည် ကြီး ဘာ ဖြစ်မလဲသေချာစဉ်းစားပေးကြပါ။

ဗမာတွေက လူမျိုးကြီးဝါဒမကျင့်သုံးဘူးလား? ကျင့်သုံးခဲ့ပါတယ်။ ဒါလူနည်းစုပါ။ ရန်ကုန်မှာ လွှတ်တော် အမတ် ဦးခိုင်မောင်ရီ ဆိုတဲ့ ရခိုင်လူမျိုးကို လူအများစု အမြင်မကြည်တဲ့ ဗမာတွေမဲပေးခဲ့တာပါ၊ ဒါကို ကျွန်တော်တို့ စံအဖြစ် ထားပြီး လူမျိုးစွဲဘာသာစွဲမထားဘဲ အရည်ချင်းရှိသူကိုနေရာပေးတဲ့စနစ်ကို ငြိမ်းချမ်း စွာဖြင့်ဖေါ်ဆောင်နိုင် အောင်လုပ်ဆောင်ပေးကျပါလို့တိုက်တွန်းလိုက်ရပါတယ်ခင်ဗျာ။

ကျွန်တော်တို့ တစ်တွေ ပြည်ထောင်စုကြီးထာဝရတည်တံ့ရေးနှင့်ငြိမ်ချမ်းရေးကို ကျရာအခန်းကဏ္ဍကနေ အုတ်တစ်ချပ်သဲတစ်ပွင့်အနေဖြင့်လုပ်ဆောင်သွားကြရအောင်လားဗျာ--ပြိုကွဲမဲ့အသံတွေရပ်အောင်လုပ်နိုင်သူ တိုင်းလုပ် ပေးကျပါ ရပ်ကြည့်မနေပါနဲ့ ၊မြှောက်မပေးကျပါနဲ့ လို့မေတ္တာရပ်ခံအပ် ပါတယ်- -

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်