Monday, January 28, 2013

ဦးဆန်းဆင့်အား သာသနာရေးဝန်ကြီးအဖြစ် ခန့်အပ်

Posted by drmyochit Monday, January 28, 2013, under | No comments

ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးဆန်းဆင့်အား လစ်လပ်လျက်ရှိသော သာသနာရေး ၀န်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်ရန် ပြည်ထောင်စုလွှတ်တော်သို့ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ယနေ့ (ဇန်န၀ါရီ ၂၈ ရက်) တွင် ဇန်န၀ါရီ ၂၂ ရက်စွဲဖြင့် သ၀ဏ်လွှာပေးပို့ခဲ့ကြောင်း သတင်းရ ရှိသည်။

ယနေ့ ပြည်ထောင်စုလွှတ်တော်မရှိသော်လည်း လွှတ်တော်ကိုယ်စားလှယ်များကို အဆိုပါကိစ္စရပ်အား ပြည်ထောင် စုလွှတ်တော် ကျင်းပမည့်ရက်တွင် ဆွေးနွေးနိုင်ရန်အတွက် မိမိတို့အား ပေးဝေထား ပြီဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သူ ဒေါ်နန်းနုဝါက ဆိုသည်။

"သူ့ကို ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်တာ မသင့်တော်ဘူးထင်ပါတယ်။ သူဟာ တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌလုပ်ရတာကို ပိုပြီး မွေ့လျော်ပုံပေါ်ပါတယ်။ အရမ်းလည်း ကြိုးစားပါတယ်။ တကယ်တော် တဲ့သူမို့လို့များ ပြောင်းလိုက်တာလားမသိဘူး" ဟု ဒေါ်နန်းနုဝါက ၎င်း၏အမြင်ကို ပြောသည်။

ဦးဆန်းဆင့်အား ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်ခြင်းသည် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌတစ်ဦးအား ပြည်ထောင် စုဝန်ကြီးအဖြစ် ပထမဆုံးခန့်အပ်သည့် ဖြစ်စဉ်တစ်ခုဖြစ်သည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်