Monday, January 28, 2013

ကချင်ဒေသတွင်း ခံစစ်စခန်းများ ဆုံးရှုံး ခဲ့သော်လည်း လက်နက် သစ်များ ထပ်မံ ရရှိနေသော ကေအိုင်အေနှင့် နောက် ကွယ်မှ အထောက် အပံ့များ

၂၀၁၃ ဇန်န၀ါရီလ ၂၆ ရက်နေ့၌ ကေအိုင်အေတို့၏ ကချင်ဒေသ အတွင်း နောက်ဆုံး ခံစစ်စခန်းဟု ဆိုနိုင် သည့် ခယာဘွမ် တောင်ကုန်းအား သိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့သည်။ သို့သော်လ ည်း ကေအိုင်အေ အဖွဲ့များ သို့ ချပ် ၀တ် ကျည်ကာ ၀တ်စုံများ၊ ပေါက်ကွဲအား ပြင်းထန် သော လက်နက်များ၊ လေယာဉ်ပစ် ဒုံးလက် နက် သစ် များ ထပ်မံ ရောက်ရှိနေကြောင်း စုံစမ်းသိရှိခဲ့ရသည်။ ယခင်က ABSDF မြောက်ပိုင်း အဖွဲ့များ သာ ၀တ် ဆင် ခဲ့သည့် ကျည်ကာ ၀တ်စုံနှင့် ကျည်ကာ ဦးထုပ် များကို ယခု ကေအိုင်အေ အဖွဲ့များတွင်ပါ တွေ့မြင် လာရသည့် အပြင် လက်နက်သစ် များကိုလည်း ရွှေ့ပြောင်း မှုများ ပြုလုပ်နေသည့် သတင်းများ ရရှိေ နကြောင်းလည်း သတင်းများ အရ သိရှိရပါသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ မြန်မာ့တပ်မတော်မှ စစ်ဘက်ရာထူးကြီး ပုဂ္ဂိုလ်တစ်ဦးနှင့် တွေ့ဆုံစဉ် မေးမြန်း ခဲ့ရာ ဒါက ဖြစ်နိုင်ပါတယ်။ တရုတ်ကတော့ ၀နဲ့ ကေအိုင်အေ အဖွဲ့ကို သူ့ရဲ့ ၀ှက်ဖဲလို အသုံးချမှာပဲ။ မြန်မာနိုင် ငံနဲ့ နယ်စပ် တရုတ်ပြည် ယူနန်ဆိုတာ တရုတ်ပြည်မ အစိုးရနဲ့ အုပ်ချုပ်မှု ပုံစံ မတူဘူး။ ပြည် မကြီးက တစ်မျိုး ပြောနေ ပေမယ့် ယူနန် အစိုးရက ယူနန်က တရုတ် စီးပွားရေး သမားရဲ့ လုပ်ငန်းတွေကို အပြည့် အ၀ အကာ အကွယ်ပေးလိမ့်မည် ဖြစ်ကြောင်း သိရသည်။ ကိုးကန့် ပြဿနာ ဖြစ်ခဲ့စဉ်က တ ရုတ်ပြည် ယူနန်တပ်များ စစ်ရေး ပြင်ဆင်ခဲ့ ဖူးသည်ဟုလည်း ၄င်းမှ ရှင်းပြခဲ့သည်။


ကေအိုင်အေတို့ သစ်စက်များ တည်ထားပြီး သစ်ထုတ်လုပ်ကာ ရောင်းချသည့် အတွက် အင်ဘာဘာ ဒေသ တရုတ်ပိုင်နက်အတွင်း သစ်များ စုပုံနေသည်ကို Google Map မှ မြင်ရပုံ

ကျောက် စိမ်း၊ရွှေ၊ သစ် အကုန်ထုတ်ယူ ပြီးသွားပြီ။ ဒါတင် မကဘူး။ ရှမ်းဘက်က ကေအိုင်အေ ပိုင်တဲ့ ဘိန်း ခင်း တွေပါ ထိလာပြီ ဆိုရင်တော့ တိုက်ရိုက် ပါဝင်ပတ်သက်မှုတွေ ရှိလာနိုင်တယ်ဟုလည်း ၄င်းမှ သုံးသပ် ခဲ့သည်။


ကေအိုင်အေတို့ ပိုင်ဆိုင်သည့် လေယာဉ်ပစ် စက်သေနတ်ကြီးများ

ထို့ပြင် ၄င်းမှ တရုတ် ဒုတိယ စစ်ဦးစီးချုပ် လာရောက်သည့် ခရီးစဉ် အတွင်း အပစ်အခတ် ရပ်ခဲ့ခြင်း၊ တပ်မ တော် ကာကွယ်ရေး ဦးစီးချုပ်မှ မိမိတို့မှ အပစ်အခတ် ရပ်စဲကြောင်း တစ်ဖတ်သက် ကြေငြာပေးခြင်းများ သည် အဆိုပါ တရုတ်ဒုတိယ စစ်ဦးစီးချုပ်၏ ခရီးစဉ်နှင့် ဆက်စပ်မှု ရှိနိုင်သည်ဟု သုံးသပ်ခဲ့သည်။ အတိ အကျ မဖော် ပြနိုင်သည့် သတင်းများအရ မြန်မာ စစ်ဘက် အကြီးအကဲများနှင့် တရုတ် စစ်ဦးစီးချုပ်တို့ တွေ့ဆုံ စဉ်က ကချင် ဒေသအတွင်း စစ်ပွဲများသည် နယ်စပ်ဒေသရှိ နှစ်နိုင်ငံ တပ်မတော်တို့၏ ချစ်ကြည်ေ ရးကို ထိခိုက် လာနိုင်သဖြင့်၊ အမြန်ဆုံး ရပ်ဆိုင်းရန် တွန်းအားပေး ခဲ့သည်ဟု သိရသည်။


နှစ်နိုင်ငံ နယ်စပ်မှ တိုက်ခိုက်ရေး ၀တ်စုံပြည့် တရုတ်တပ်ဖွဲ့များနှင့် ဆန္ဒပြသူများ။ ထိုသူများ ဆန္ဒပြ ပြီးနောက် တရုပ်တပ်ဖွဲ့ဝင်များ လက်နက် အပြည့်အစုံဖြင့် နယ်စပ်တွင် လှည့်လည်နေခဲ့ကြသည်

မြန်မာနိုင်ငံအနေဖြင့် အနောက်နိုင်ငံများနှင့် သင့်မြတ် အဆင်ပြေပြီး နည်းပညာ ၊ငွေကြေး ထောက်ပံ့မှုများ ရရှိ လာချိန်တွင် တရုတ် အနေဖြင့် နှစ်နိုင်ငံအကြား သောင်းကျန်းသူများ ထားရှိခြင်းဖြင့် ၄င်းတို့နိုင်ငံအား ကာကွယ် လိုပုံ ရကြောင်း သုံးသပ်သူများလည်း ရှိကြသည်။

အရပ်ဘက်ဝ န်ကြီးဌာန အရာရှိ တစ်ဦးမှ သတင်းစာမှာတော့ တရုတ်က နယ်စပ်ဒေသ အကြမ်း ဖက် မှုတွေ၊ လက် နက် ကိုင် သောင်းကျန်းသူတွေကို လက်မခံ ဖူးဆိုပြီး ကာချုပ်ကို ပြောတဲ့ သတင်းကို ဖတ် လိုက် ရတယ်။ ချစ်ကြည်ရေးလည်း အပျက်မခံနိုင်၊ ဂရုမစိုက် ဘဲလဲ နေလို့မရ အခြေအနေ မျိုးမှာ မီးစတစ် ဖက်၊ ရေမှုတ်တစ်ဖက် နေမယ် ထင်တယ်။ သမ္မတရုံး ၀န်ကြီး ဦးအောင်မင်း ပြောဖူးတဲ့ တရုတ်ကို ကြောက် ရတယ် ဆိုတာ ဒီအခြေအနေမျိုးပေါ့။ ဟု ဆိုသည်။

ဝတပ်ဖွဲ့၏ တိုက်ခိုက်ရေး ယာဉ်များ
ယနေ့ ၂၈-၁-၂၀၁၃ တွင် တရုတ်နိုင်ငံ သံရုံး၏ သတင်းထုတ်ပြန်ချက်အရ ၀ တပ်ဖွဲ့များကိုလည်း တရု တ်နိုင် ငံမှ လက်နက်ထောက် ပံ့ပေးမှုကြောင်း အနောက် အုပ်စု အစီရင်ခံစာကို ကန့်ကွက်လိုက်သည်ဟု သိ ရ သည်။ ထိုသို့ တရုတ်မှ ငြင်းပယ်နေသော်လည်း လက်နက် စက်ရုံ၊ သံချပ်ကာ တိုက်ခိုက်ရေး ယာဉ်များ၊ လေ ယာဉ် ပစ် စက်သေနတ် များမှာ ငြင်းပယ် မရသော သက်သေများ ပင် ဖြစ်နေသည်။

နောက်ဆုံး သိရသော သတင်းများအရ လတ်တလော လိုင်ဇာ ၀န်းကျင်တွင် တိုက်ပွဲများ ငြိမ်သက်နေပြီး ရာနှင့် ချီသော ကေအိုင်အေ တပ်ဖွဲ့များ၏ တပ်လှုပ် ရှားမှုများ ရှိနေကြောင်း ၊ မကြာမီ တိုက်ပွဲကြီး တစ်ပွဲ ကေအိုင်ေ အ မှ ပြည်လည် စတင်တိုက်ခိုက်နိုင်ကြောင်း သိရသည်။


0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်