၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလကုန်တွင် ကရင်တိုင်းရင်းသား ညီလာခံ ကျင်းပမည် ဖြစ်ကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ဇန်န၀ါရီလ ၂၇ ရက်နေ့က ပြောကြားခဲ့သည်။
အဆိုပါ ကရင်တိုင်းရင်းသား ညီလာခံ ကျင်းပနိုင်ရေးအတွက် ကြိုတင်ညှိနှိုင်းမှုများအား ယခု ရက်ပိုင်း အ တွင်း ကရင်တိုင်းရင်းသား ခေါင်းဆောင်များက ပြုလုပ်သွားမည် ဖြစ်ကြောင်းနှင့် ညီလာခံအား ကရင်ပြည်နယ် ဘားအံမြို့တွင် ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
''ကရင်တိုင်းရင်းသားတွေ တစ်စုတစ်စည်းတည်း ဖြစ်အောင် တိုက်တွန်းထားတယ်။ အဲဒီမှာ ကရင်တိုင်း ရင်းသား ညီလာခံကြီးတစ်ခု ဖြစ်လာတယ်။ အဲဒီညီလာခံ ဖြစ်လာတဲ့အခါ ကရင်တိုင်းရင်းသားတွေက စကား လာပြောပါလို့ ပြောထားတဲ့ အတွက် ကိုဦးတွက် သူတို့ရဲ့ ညီလာခံကို တက်ရောက်သွားမှာပါ။ အခုကြို တင် ညှိနှိုင်းမှုကို ရက်ပိုင်းမှာလုပ်ပြီး ဖေဖော်ဝါရီ လကုန်လောက်မှာ လုပ်ဖြစ်မယ် ထင်တယ်'' ဟု ပြည်ထောင် စုဝန်ကြီး ဦးအောင်မင်းက ပြောကြားခဲ့သည်။
ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းသည် ဇန်န၀ါရီလ ၂၂ ရက်က ကရင်ပြည်နယ် မြ၀တီမြို့သို့ သွားရောက်ပြီး ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA) အဖွဲ့နှင့် တွေ့ဆုံပြီး နယ်ခြားစောင့် တပ် များ အကြား လက်နက်နှင့် တိုက်ပွဲများ ထပ်မံမဖြစ်ပေါ်ရေး ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့ပြင် ကရင်အမျိုးသား အစည်းအရုံး KNU အဖွဲ့၏ ရွေးကောက်ခံရတဲ့ ဗဟို အလုပ်အမှုဆောင်အဖွဲ့ ပထမ ဆုံး ဗဟိုကော်မတီ အစည်းအဝေးကို ဖေဖော်ဝါရီလကုန် ကျင်းပပြီးပါက မတ်လအတွင်း တပ်မတော် က ခေါင်းဆောင်များနှင့် KNU အဖွဲ့ ခေါင်းဆောင်များ ကရင်ပြည်နယ်တွင် တွေ့ဆုံပြီး အပစ်အခတ် ရပ်စဲရေး တွင် ပါဝင်သည့် နေရာချထားရေး ကိစ္စများဖ်ာဆောင်ရန် တွေ့ဆုံသွားမည်ဟု မြန်မာ့ငြိမ်း ချမ်းရေး ဖော်ဆောင်မှု ဗဟိုဌာန (Myanmar Peace Center) မှ အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညွှန်ကြားရေး မှူး ဒေါက်တာမင်းဇော်ဦးက ယခုလ အစောပိုင်းက ပြောကြားခဲ့သည်။
Eleven
Time in Rangoon

0 comments:
Post a Comment