Monday, January 28, 2013

ခါယာတောင်ကုန်း ကျဆုံးခြင်းနဲ့ ကေအိုင်အေ တို့၏ အနာဂတ်

Posted by drmyochit Monday, January 28, 2013, under | No comments




From : ME
၂၀၁၃ ခုနှစ်ရဲ့ ပထမလ အဆုံးမှာ မြန်မာနိုင်ငံအစိုးရကို လက်နက်ကိုင် တော်လှန်တဲ့ ကေအိုင်အေတို့၏ ကချင်ပြည်နယ်အတွင်း နောက်ဆုံးခံစစ်ကုန်း ဖြစ်တဲ့ ခါယာတောင်ကုန်း ကျဆုံးခဲ့ပါပြီ။ တရားသော စစ် ဆင်နွှဲ ခဲ့ခြင်းရဲ့ နောက်ကွယ်မှာ တိုင်းပြည်တာဝန် ထမ်းဆောင်ရင်း အသက်တွေ၊ကိုယ်လက် အင်္ဂါတွေ ပေး ဆပ်ခဲ့ရ တာတွေလည်း ရှိခဲ့ပါတယ်။ လူသားတစ်ဦးရဲ့ ခံစားချက်နဲ့ စဉ်းစားမယ် ဆိုရင်တော့ ဒါဟာ မတန် ဘူးလို့ ပြောနိုင်ပေမယ့် တိုင်းပြည်နဲ့လူမျိုးအတွက် ကာကွယ်တဲ့ တပ်မတော်ရဲ့ တာဝန်ဝတ္တရား လို့ ခေါင်း စဉ် တပ် မယ်ဆိုရင်တော့ ဒါဟာ အမြင့်မြတ်ဆုံးသော အလုပ်ပဲ ဖြစ်ပါတယ်။

ယနေ့ နယ်စပ်တွေမှာ သောင်းကျန်းသူတွေ ရှိနေဆဲပါ။ လက်နက်ကိုင် အကြမ်းဖက်မှုတွေကို ကျူးလွန်တဲ့ အဖွဲ့ တစ်ခုအတွက် အခိုင်အမာ ခံစစ်စခန်း မရှိတော့ခြင်းဟာ တိုင်းပြည် တည်ငြိမ်အေး ချမ်းရေးအတွက် ကောင်း မွန် တဲ့ လုပ်ရပ်ပဲ ဖြစ်ပါတယ်။ ချင်းပြည်နယ်လို နေရာမျိုးမှာတောင် လက်နက် ကိုင် တပ်ဖွဲ့ရှိပြီး တိုင်းရင်း သား အတွက်လို့ ခေါင်းစဉ်တပ်တယ်ဆိုရင် ကချင်ပြည်နယ်လို နေရာမျိုးမှာ တိုင်းရင်းသား ခေါင်း စဉ် တပ်တဲ့ သူပုန် ပျောက်ကွယ်ဖို့က မလွယ်ပါဘူး။ ဒါပေမယ့် တိုးတက်ဖွံ့ဖြိုး လာတာနဲ့ အမျှ အချိန်တန်ရင် အား လုံး နားလည် လက်ခံပေးသွားမှာပါ။ ဒီအတွက် တပ်မတော်ရဲ့ တရားေ သာ စစ် ဆင်နွှဲမှုကို လေးစား ဂုဏ်ယူ ပါတယ်။

ဒုက္ခသည် စခန်းတွေကို ပတ်လည်ဝိုင်းထားတဲ့ ကေအိုင်အေ အတွက်ကတော့ လိုင်ဇာကို မသိမ်းနိုင်မချင်း စစ်ပွဲ တွေ ရပ်ဆိုင်းဖို့ အစီအစဉ် မရှိနိုင်ပါဘူး။ ကေအိုင်အေ ခေါင်းဆောင်ပြီး တိုင်းရင်းသားလက်နက်ကိုင် အား လုံး ကိုယ်စားပြုသယောင် လုပ်နေတဲ့ UNFC အဖွဲ့ရဲ့ ဆွေးနွေးပွဲမှာ ပြောဆိုချက်တွေကို ကြည့်ရ ပါအုံး မယ်။ အတင်းအဓမ္မ စုဆောင်းထားတဲ့ စစ်သားတွေ အံ့သြသင့်ဖွယ် ပျောက်ဆုံးမှုကိုတော့ ရှမ်းပြည် နယ်က ကေအိုင် အေ စခန်းတွေမှာ တွေ့လိမ့်မယ်လို့ ယူဆပါတယ်။ သို့သော်လည်း ရှမ်းပြည်လူထုက လက်မ ခံတဲ့ ကေအိုင်အေ အတွက် အချိန်တော့ သိပ်ကျန်မှာ မဟုတ်တော့ပါဘူး။

တိုက်ပွဲများ အတွင်းမှာလည်း ထိခိုက်ဒဏ်ရာ ရရှိမှု လုံးဝမရှိတဲ့ ABSDF မြောက်ပိုင်း အဖွဲ့က တပ်မှူး လုပ်ပြီး ကွပ်ကဲနေတာကို တွေ့နေရပါတယ်။ ဖားကန့် တစ်ဝိုက်မှာ ကချင်တွေ ပါဝင်တဲ့ ရင်း ၆ တစ်ဖွဲ့က လွဲပြီး တိုက်ပွဲ တွေမှာ ကချင်တွေ ပါဝင်ဆင်နွှဲနေတယ် ဆိုတာ လက်ခံစရာ မရှိတဲ့ အခြေအနေပါ။ နောက် ဆုံး ခံစစ်ကုန်း ကျ ပြီးတဲ့နောက်မှာတော့ ကေအိုင်အေ တို့အတွက် ဒုက္ခသည် စခန်းများကြားမှာ ရုတ်တ ရတ် ပေါ်လာတဲ့ အရွယ် ကောင်း ယောက်ျားလေးတွေ အဖြစ် ပြောင်းလဲမယ်၊ ဒေသခံ ရွာတွေမှာ ရွာသားေ တွ အနေနဲ့ ပြန်လုပ်မယ် ဆိုတာကတော့ အဖြစ်နိုင်ဆုံး အလုပ်ပဲ ဖြစ်ပါတယ်။

သမ္မတကြီးနဲ့ တပ်ချုပ်ကြီး တို့ရဲ့ သဘောထားတွေ ပါဝင်တဲ့ (၃/၂၀၁၃) ကြေငြာချက်ဟာ အဆုံးစွန်သော အလျော့ပေးမှုပဲ ဖြစ်ပါတယ်။ နိုင်ငံရေး အရ မဆွေးနွေးရင် စစ်ရေး အရ ဆက်လုပ်မယ်ဆိုတာကို ပြောခဲ့ တာ လည်း ကေအိုင်အေ ပါပဲ။ ကေအိုင်အေမှ ကျွန်တော်တို့ ရပ်မယ် ခင်ဗျားတို့လဲ ရပ်ဆိုတဲ့ စကားကို မပြော ခဲ့တဲ့ နောက် တပ်မတော်သားတွေ အကြောင်းမဲ့ မသေစေဖို့က မိမိကို ပစ်ခတ်တိုက်ခိုက်လာနိုင်တဲ့ ရန်သူ့ ခံစစ်စခန်း များကို သိမ်းပိုက်ခြင်းထက် ကောင်းတဲ့ ခုခံကာကွယ်ခြင်း မရှိပါဘူး။ အရမ်းကောင်းတဲ့ အမျိုး သား လွှတ်တော် ကိုယ်စားလှယ်ကြီးရဲ့ စကားလို ရွှေလက်နဲ့ ခေါ်လို့ မလာရင်တော့ ကျည်ဆံတွေပဲ ပေး ရတော့မှာ ဖြစ်ပါတယ်။ လေးစားဂုဏ်ယူပါတယ် တပ်မတော်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်