Thursday, January 31, 2013

ကိုရီးယားသမတ္တ၊ ရွေးကောက်ခံသမတ္တတို့နှင့်ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံ

Posted by drmyochit Thursday, January 31, 2013, under | No comments


တနင်္လာနေ့က ကိုရီးယားနိုင်ငံသို့ ရောက်ရှိနေသော မြန်မာ့ဒီမိုကရေစီခေါင်း ဒေါ်အောင်ဆန်းစုကြည်သည် ၎င်း၏၅ရက်တာခရီးစဉ်အတွင်း၌ လက်ရှိသမ္မတ လီမြွန်ဘက်၊ ရွေးကောက်ခံသမ္မတ ပက်ဂယွန်ဟဲ တို့နှင့် အင်္ဂါနေ့က တွေ့ဆုံခဲ့သည်။ ဤခရီးစဉ်သည် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ကိုရီယားသမ္မတနိုင်ငံသို့ ပထမဦးဆုံးအကြိမ်ရောက်ရှိခြင်းဖြစ်ပြီး ပြုံချန်းမြို့၌ကျင်းပနေသော၂၀၁၃ မသန်မစွမ်းအိုလံပစ်ပွဲ ဖွင့်ပွဲသို့လည်းတတ်ရောက်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်အား လူ့အခွင့်အရေးဆိုင်ရာ ဂွမ်ဂျူးဆု ပေးအပ်ချီးမြှင့်

Posted by drmyochit Thursday, January 31, 2013, under | No comments



အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် အား၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၃၁ ရက်နေ့ တွင် တောင်ကိုးရီး ယားနိုင်ငံ ဂွမ်ဂျူးမြို့၌ လူ့အခွင့်အရေးဆိုင်ရာ ဂွမ်ဂျူးဆု ပေးအပ် ချီးမြင့်ခဲ့ကြောင်း သိရသည်။ 

ယင်းဆုသည် ၂၀၀၄ခုနှစ်က ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်နှင့် နေစဉ် ကာလအတွင်း တောင်ကို ရီးယား အစိုးရမှ ချီးမြှင့် ခဲ့သောဆု လည်းဖြစ် သည်။ ဒေါ်အောင်ဆန်းစုကြည်သည် တောင်ကိုရီး ယားနိုင် ငံသို့ ဇန်န၀ါရီလ ၂၈ ရက်နေ့က ၄ ရက်ကြာ အလည်အပတ် ခရီးစဉ် အဖြစ်ရောက် ရှိနေခြင်းဖြစ် သည်။
===============================

ပြည်သူထံ အသိပေး အကြောင်းကြားခြင်း

Posted by drmyochit Thursday, January 31, 2013, under | No comments


၁။ မွေးရာပါ နိုင်ငံသားများအတွက် မိုးပွင့်စီမံချက်များဖြင့် နိုင်ငံသား စိစစ်ရေးကတ်များအား ဖြေလျှော့ခြင်း များ ပြုလုပ်၍ နိုင်ငံတစ်ဝန်း ကွင်းဆင်းဆောင်ရွက်ပေးနေပါသည်။

၂။ ၁-၇-၂ဝ၁၁ ရက်နေ့မှစ၍ ၁၅-၁-၂ဝ၁၃ ရက်နေ့အထိ နိုင်ငံသား စိစစ်ရေးကတ်ပေါင်း ၃ဝ၇၉ဝ၉၄ ထုတ်ပေးပြီး ဖြစ်ပါသည်။

တစ်ဖက်နှင့်တစ်ဖက်အပြစ်ပုံနေသည့်အတွက် ငြိမ်းချမ်းရေးက အလှမ်းဝေးနေခြင်းဖြစ်



 မြန်မာ အစိုးရ တပ်မတော်နှင့်  KIA,KIO  တို့ကြားဖြစ် ပွားလျက် ရှိသော တိုက်ပွဲများ လက်ရှိ အနေ အထား အရ ပိုမိုပြင်းထန် လာပြီး   ငြိမ်းချမ်းရေးမှာ အလှမ်းဝေးနေလျက် ရှိကာ ယင်းသို့ငြိမ်းချမ်းရေး အလှမ်း ဝေးနေ ရခြင်းမှာလည်း တစ်ယောက် နှင့်တစ်ယောက် တစ်ဖက်နှင့်တစ် ဖက်ကြား ခွင့်မ လွှတ်နိုင်ကြပဲ အပြန်  အလှန် အပြစ်ပုံနေကြသည့် အတွက်    ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်  ၌ ကချင် တိုက်ပွဲ အရေး အရေးကြီး    အဆိုတင်သွင်းခဲ့သူ ဒေါ်ဒွဲဘူက   Hot News သို့ပြောသည်။

မင်းဘူးတွင် အိမ် ၂၂ လုံး မီးလောင်၊ လူတစ်ရာကျော် အိုးမဲ့ အိမ်မဲ့ဖြစ်

Posted by drmyochit Thursday, January 31, 2013, under | No comments



ရန်ကုန်၊ ဇန်နဝါရီ ၃၀

မကွေးတိုင်း ဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္ထရာ မြို့နယ် အပေါ ကျေးရွာ အုပ်စု၊ မင်းဒင်ကျေးရွာ တွင် မီးဖို ၏ မီးကြွင်း မီးကျန် မှ တစ်ဆင့် နေအိမ် ၂၂လုံး မီးလောင်ကျွမ်းမှု တစ်ခု ဇန်နဝါရီလ ၂၈ ရက် ရက် နံနက် ၉နာရီ နာရီ ၁၅မိနစ် တွင် ဖြစ်ပွား ခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ် ဦးစီးဌာန ထံမှ စုံစမ်း သိရှိ ရသည်။

နိုင်ငံတော်သမ္မတထံမှ ပေးပို့သော သာသနာရေး ၀န်ကြီးဌာန၊ ပြည်ထောင်စု ၀န်ကြီးအဖြစ် ခန့်အပ် တာဝန်ပေး အပ်ရေးနှင့် စပ်လျဉ်းသည့် သ၀ဏ်လွှာကို နာယက က တင်ပြခြင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း။

နိုင်ငံတော်သမ္မတထံမှ ပေးပို့သော သ၀ဏ်လွှာဖြစ်သည့် ဦးဆန်းဆင့်အား သာသနာရေးဝန်ကြီးအဖြစ် ခန့်အပ် တာဝန်ပေးရန် ပြည်ထောင်စု လွှတ်တော်၏ နည်းဥပဒေအရ သတ်မှတ်ထားသော အရည် အချင်း များနှင့် မကိုက်ညီကြောင်း သက်သေအထောက်အထားဖြင့် ကန့်ကွက် တင်ပြရန် ဖြစ်ပြီး ကန့်ကွက် ချက်တစ် စုံတစ်ရ မရရှိသည့် အတွက် နိုင်ငံတော်သမ္မတကြီးက တင်ပြလာသော ဦးဆန်းဆင့်အား သာသနာရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးအဖြစ် ခန့်အပ်တာဝန်ပေး ရန် ပြည်ထောင်စု လွှတ်တော်က သဘောတူကြောင်း ကြေညာ ဆုံးဖြတ်ခဲ့ပါသည်။

KIA စစ်ရှုံးခဲ့တာ ဘာကြောင့်လဲ

Posted by drmyochit Thursday, January 31, 2013, under , | No comments

စစ်တို့ရဲ့သဘောမှာ သတင်းလုံခြုံမှု၊ သတင်းလက်ဦးမှု အရေးကြီးပါတယ်။

(၁) ပရော်ဖက်ရှင်နယ်မဟုတ်တဲ့ ဂွမ်မော်-ဂွမ်ရှောင်တို့ဟာ တိုက်ပွဲသတင်းတွေ ဟုတ်တာရော မဟုတ် တာရော ရောကြိတ်ပြီး ထုတ်ပြန်ခဲ့ပါတယ်။ သူတို့ သတင်းတွေမှာ မြန်မာစစ်တပ်က သေတာတွေရော KIA ဘက်က သေတာတွေရော ပါပါတယ်။ စစ်တပ်ကို ပုံကြီးချဲ့လိုဇောနဲ့ အမောင်းသင်လေယာဉ်ကို တစ် ကယ့် အမေရိကန်လေတပ်က မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ်ကြီးတွေလို အမွှမ်းတင်ချဲ့ ကားခဲ့ပါတယ်။ ဓါတုလက်နက်တွေ ဘာတွေ ဆိုပြီး နာမည်ပျက် အောက် ဖျက်ခဲ့ပါတယ်။

ဘိန်းဖြတ်ပေးမည်ဟု ဆင့်ခေါ်ခံရသောရွာသား ပစ်သတ်ခံရ

Posted by drmyochit Thursday, January 31, 2013, under | No comments


ဘိန်းဖြတ်ပေး မည်ဟုဆင့်ခေါ်ပြီး ပြည်သူ့စစ် လုပ်ခိုင်း သဖြင့် ထွက်ပြေးသော ဒေသခံ ရွာသားအား ဝမ့်ပန်ပြည် သူ့စစ် တပ်ဖွဲ့က ပစ်သတ် ခဲ့ကြောင်းဒေသတွင်း သတင်း ရပ်ကွက်က ဆိုပါသည်။

“ပြည်သူ့စစ် မလုပ်ချင်လို့ ထွက်ပြေးတယ်။ မိသား စုပါပြန်ခေါ်မယ် လုပ်တော့ ပစ်သတ် လိုက်တယ်။ ကိုယ့် အချင်း ချင်းဗျာ မလုပ်သင့်ပါဘူး” ဟု လဲချားမြို့နေ ဒေသခံ တဦးကပြောသည်။

ဧရာဝတီ နဲ့ KIA

Posted by drmyochit Thursday, January 31, 2013, under | No comments



(KIA ကျရှုံးတာ ဒီ post မှာ ရေးထားသလို ဖြစ်ဖို့များတယ် ၊ ဧရာဝတီ သတင်းဌာနက ဘယ်တုန်းကမှ မရိုးသား ခဲ့ဘူး ၊ သတင်းယူ သလိုနဲ့ KIA အဓိက စခန်းကုန်းတွေ ကို ဓာတ်ပုံ ရိုက်သွား ခဲ့တယ် ၊ စစ်တာဝန်
ကို ထမ်းဆောင်နေတဲ့ သူတွေအတွက် နောက်ခံ မြင်ကွင်း ၊ စစ်လက်နက် အသုံးပြုမှု ၊လှုပ်ရှား နေရာယူမှု ၊ တပ်ဖြန့်ခွဲပုံ၊ စိတ်ဓာတ် အနေ အထား အရပ်ရပ် တိုင်းဟာ သတင်းတွေဘဲ ဒီအချက်ကို KIA မေ့လျော့နေ တယ် ထင်တယ်။ KIA ယုံကြည်မှု လွန်ကဲ လွန်းသွားခဲ့တယ် နောက်ပြီး ဧရာဝတီ က ပြည်တော်ပြန်ဝင်ပြီး အစိုးရနဲ့ တွေ့သွားသေးတာဘဲ အစိုးရနဲ့ ဘာတွေ လုပ်မယ် ဆိုတာ Official ထုတ်ပြန်ခဲ့သလား ... အောင်ဇော် အကြောင်းကို KIA အနေနဲ့ ကောင်းကောင်းသိသင့်တယ် သီးခြား သွားမေးစရာ မလိုပါဘူး ရဲဘော် သံချောင်းလောက် မေးရင် ကောင်းကောင်းသိပါတယ် နောက်ကျောကို ဓားနဲ့ ထိုးတတ်လွန်းလို့ ...)

တိုင်းပြည်အတွက် စိုးရိမ်နေရသော တစ်တီတူး ပြည်သူများ

Posted by drmyochit Thursday, January 31, 2013, under | No comments



အကျယ်အ၀န်းက ၆၇၈၅၅၀ စတုရန်းကီလိုမီတာ( ၂၆၁၂၇၇ စတုရန်းမိုင်)၊ အရှေ့တောင်အာရှမှာ အကြီး ဆုံး ကမ္ဘာမှာ ဇမ်ဘီယာ ပြီးလျှင် ၄၀ ခုမြောက် အကြီးဆုံး နိုင်ငံ။

နိုင်ငံရဲ့ မြောက်ဘက်နဲ့ အရှေ့ဘက်မှာ တစ်ကမ္ဘာလုံးက နိုင်ငံတိုင်းမှာ ကိုယ်ပိုင်မြို့တစ်မြို့ ဖြစ်အောင် လုပ် တတ် တဲ့ နိုင်ငံရှိတယ်။ ကိုယ့်နိုင်ငံက ခွဲထွက်မယ်ဆိုရင် နည်းလမ်းမျိုးစုံနဲ့ ဖိနှိပ်ပြီး သူများနိုင်ငံတွေကို လက်နက် တွေ ရောင်း တတ်တယ်။ ပင်လယ်ကြီးတစ်ခုမှာ ပိုင်နက်တွေ ကိုယ်ပိုင်ပြဌန်းလို့ အာဆီယံနိုင် ငံတွေ စုပေါင်းပြီး ၀ိုင်းတွန်းလှန်နေရတယ်။ စီးပွားရေး၊ နည်းပညာ၊ ယဉ်ကျေးမှုဆိုင်ရာ အကူအညီတွေ အပြည့် မို့ မျက်နှာလဲ လွှဲ မရ၊ ချစ်ကြည်ရေးလည်း အပျက်ခံ မရတဲ့ အနေအထားမို့ ဒီထက်ပို မဆိုးဖို့ပဲ ကြိတ်မှိတ်ပေါင်းနေ ရတယ်။

ကမ္ဘာ့ အကြီးမားဆုံး တင်ပါးဆုံကြီးကို ပိုင်ဆိုင်ထားသည့် လော့စ်အိန်ဂျလိစ်မှ မီခဲလ်ရက်ဖိုင်းလီ

Posted by drmyochit Thursday, January 31, 2013, under | No comments

လော့စ်အိန်ဂျလိစ် မြို့တွင် နေထိုင်သော ကလေးလေးယောက် မိခင် မီခဲလ် ရက်ဖိုင်းလီ အမည်ရှိ အမျိုးသမီး တစ်ဦးသည် ကမ္ဘာ့အကြီးမား အကျယ်ပြန့် ဆုံး တင်ပါးဆုံကို ပိုင်ဆိုင်ထားကြောင်း သိရသည်။ သူမ၏ ခန္ဓာကိုယ် အလေးချိန်သည် ပေါင် ၄၂ဝ ရှိပြီး သူမ၏ တင်ပါး အဝန်းအဝိုင်းမှာ အံ့သြဖွယ်ရာ ရှစ်ပေခန့်မျှ ရှိလေသည်။


KIO/KIA တို့၏ အပစ်မရပ်ရေးလမ်းစဉ်နှင့်လုပ်ရပ်များ

Posted by drmyochit Thursday, January 31, 2013, under , | No comments

လိုင်ဇာ ဇန်န၀ါရီ ၃၀ 
ကချင်ပြည်နယ် အတွင်း တိုက် ပွဲတွေကြာရှည် လာတာနဲ့ အမျှ ဒေသခံ ပြည်သူတွေ ဒုက္ခမျိုးစုံ တွေ့ကြုံ နေလျက် ရှိပြီး ပြည်တွင်းပြည် ပမှာ ရှိနေကြတဲ့ အဖွဲ့ အစည်းပေါင်းစုံ ကနေ ကချင်ပြည် နယ်ကြီးမှာ စစ်ရပ် စဲပြီး ငြိမ်းချမ်းရေး လုပ်ဆောင် ကြဖို့ တောင်းဆိုနေကြ လျက် ရှိသည်။ ရန်ကုန် ကနေလိုင်ဇာ အထိ လမ်းလျှောက် ပြီး ငြိမ်းချမ်းရေး တောင်းဆိုနေကြသလို ဒေသခံပြည်သူတွေကိုယ်နှိုက်ကလဲ စာတမ်းတွေ ကိုင်ဆောင် ကာ ဆန္ဒပြပြီး ငြိမ်းချမ်းရေး တောင်းဆိုနေကြောင်း သိရှိရသည်။ အမျိုးသား လွှတ်တော် နဲ့ ပြည်သူ့ လွှတ်တော် ကိုယ်စား လှယ် တွေကလဲ ငြိမ်းချမ်းရေး လုပ်ဆောင်ကြဖို့တောင်းဆိုနေ ဒါကြောင့် လဲ နိုင်ငံတော် သမ္မတက တပ်မတော် အနေနဲ့ ထိုးစစ်တွေ ရပ်ဆိုင်း ထားဖို့ အမိန့် ထုတ်ပြန် လိုက်ပါသည်။ 


သစ်လုံးတင်ယာဉ်များအား KIA တပ်ဖွဲ့ဝင်များ ပစ်ခတ်နှောင့်ယှက်


မန်စီ ဇန်န၀ါရီ ၃၀ 

ကချင်ပြည်နယ် မန်စီမြို့နယ်၊ မန်ဝိန်းကြီးကျေးရွာ တစ်ဝိုက်မှာ တရုတ်နိုင်ငံမှ ကုန်သည်အချို့နဲ့ KIA အဖွဲ့ တို့ သဘော တူညီမှုဖြင့် သစ်ကွ က်ထုတ်လုပ်ရောင်း ချနေတဲ့ ကုမ္ပဏီတွေ ဖွင့်လှစ် ထားလျက် ရှိပါသည်။ အဲဒီ ကုမ္ပဏီတွေ အနေနဲ့ KIA အဖွဲ့နဲ့စာချုပ်ချုပ်ထားရာမှာ တရားဝင်သတ်မှတ် ငွေကြေးပေးရတဲ့ အပြင် မော်တော် ယာဉ်မောင်းသူ တွေအနေနဲ့ KIA တပ်ဖွဲ့တွေကို သီးခြားငွေကြေးပေးပြီး ဖြတ် သန်း သွားလာ နေကြရ ပါသည်။ တိုက်ပွဲတွေမရှိခင် တုန်းကတော့ ပိုက်ဆံပေးပြီးသွားလာလို့ လွယ်ကူပေမယ့် အခုခါ မှာတော့ ကားတွေ သွားလာမှုကို KIA ဘက်က ပိတ်ထားလိုက်ကြောင်းသိရှိရသည်။

မိုးကောင်းမယန်းတိုက်ပွဲကြောင့် ပြည်သူ(၂)ဦး သေ၊ သုံးဦးဒဏ်ရာရ

Posted by drmyochit Thursday, January 31, 2013, under , | No comments


ကချင်ပြည်နယ်တွင် ပြည်တွင်းစစ်များ ဆက်လက် ဖြစ်ပွားလျက် ရှိပြီး မိုးကောင်းမြို့နယ် တွင်း တိုက်ပွဲ များကြောင့် ဇန်န ၀ါရီလ(၂၉)ရက်နေ့ ည(၈း၀၀)ခန့်က ဒေသခံပြည် သူနှစ်ဦးသေ ဆုံးကာ သုံးဦး ဒဏ်ရာရ ရှိခဲ့သည်။

“အမြှောက်သံ (၇)ချက်၊ (၈)ချက်လောက် ကြားခဲ့ရတယ်။ အဲဒီအိမ်ကို ထိသွားတာ သူတို့ မိသားစု တွေလေ။ မိန်းမနဲ့ ကလေးက သေသွားပြီး ဦးဂန်မော်အောင်နူးကိုတော့ မြစ်ကြီးနားဆေးရုံမှာ ဆေးကု နေပါတယ်”ဟု မယန်းကျေးရွာမှဒေသခံ တစ်ဦးက ပြောသည်။

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်၌ ဖောက်လုပ်ဆဲကာလ အပါအ၀င် ၂၀၁၂ နှစ်ကုန်ပိုင်းအထိ ယာဉ်မတော်တဆမှု ၃၅၄ကြိမ် ဖြစ်ပွားခဲ့ရာ ယာဉ်မောင်းသူ ပေါ့ဆမှုကြောင့် အများဆုံးဖြစ်ခဲ့ပြီး ၁၈၀ဦးကျော် သေဆုံး

Posted by drmyochit Thursday, January 31, 2013, under , | No comments

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်ရှိ သတိပေးဆိုင်းဘုတ်အား ၂၀၁၂ခုနှစ် အောက်တိုဘာလ အတွင်း က တွေ့ရစဉ်

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်၌ ဖောက်လုပ်ဆဲကာလ အပါအ၀င် ယာဉ်မတော်တဆမှု ၃၅၄ ကြိမ် ဖြစ်ပွားခဲ့ရာ ယာဉ်မောင်းသူ၏ ပေါ့ဆမှုကြောင့် အများဆုံး ဖြစ်ပွားခဲ့ပြီး ၁၈၆ဦး သေဆုံးခဲ့ကြောင်း ဇန်န၀ါရီလ ၃၀ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြချက်အရ သိရသည်။ 

အဆိုပါ ယာဉ်မတော်တဆမှုများအနက် ယာဉ်မောင်းသူ ပေါ့ဆမှုကြောင့် ၂၅၈ကြိမ်ဖြင့် ယာဉ် မတော် တဆမှု အားလုံး၏ ၇၃ရာခိုင်နှုန်း ရှိခဲ့ပြီး ယာဉ်ချွတ်ယွင်းမှုကြောင့် မတော်တဆမှု ၈၃ကြိမ်၊ခရီးသည် ပေါ့ဆ မှုကြောင့် ၂ကြိမ်နှင့် အခြားအခြေအနေများကြောင့် ၁၁ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မြန်မာ့မီဒီယာလွတ်လပ်ခွင့် အဆင့် ၁၈ ဆင့် တိုးတက်

Posted by drmyochit Thursday, January 31, 2013, under | No comments

ရန်ကုန်၊ဇန်န၀ါရီ-၃၀

နယ်စည်းမခြားသတင်းထောက်များအဖွဲ့(RSF)က ၂၀၁၂ ခုနှစ်အတွက် သတ်မှတ်ထုတ်ပြန်လိုက်သော ကမ္ဘာ့မီဒီယာလွတ်လပ်ခွင့်ညွှန်းကိန်းတွင် မြန်မာနိုင်ငံက ယခင်ထက် အဆင့် ၁၈ ဆင့် တိုးတက်လာပြီး ၁၇၉ နိုင်ငံတွင် အဆင့် ၁၅၁ အဆင့် ချိတ်ခဲ့သည်။

၂၀၁၁ ခုနှစ်အတွက် အဆင့်ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံက ၁၇၉ နိုင်ငံတွင် အဆင့် ၁၆၉ ရှိခဲ့သောကြောင့် ၂၀၁၂ ခုနှစ်မှာ ယခင်နှစ်ကထက် ၁၈ ဆင့် တိုးလာခြင်းဖြစ်သည်။

သံတွဲတွင် ရခိုင်အမျိုးသမီးတစ်ဦးအား ဘင်္ဂလီမူဆလင်တစ်ဦးက မုဒိမ်းကျင့်

Posted by drmyochit Thursday, January 31, 2013, under , | No comments


ရခိုင်ပြည် သံတွဲမြို့နယ် ကွေ့ချောင်းကျေးရွာအုပ်စု ဆိပ်ကြီးကျေးရွာတွင် ရခိုင်အမျိုးသမီးတစ်ဦးအား မူဆလင် ဘာသာဝင် ဘင်္ဂလီလူငယ်တစ်ဦးက ဇန်န၀ါရီလ ၂၅ ရက်နေ့ ညနေတွင် အလိုမတူ သားမယား အဖြစ် အဓမ္မပြုကျင့်ခဲ့ကြောင်း သိရသည်။

Wednesday, January 30, 2013

ပင်လယ်ရေမျက်နှာပြင်ပူနွေး၍ မိုးရွာဟုဆို ဒေသအချို့ ၉၂ နာရီအတွင်း မိုးရွာနိုင်


ရန်ကုန်၊ဇန်န၀ါရီ-၃၀

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်ရှိ ပင်လယ်ရေမျက်နှာပြင် ပူနွေးလာခြင်းကြောင့် ယနေ့ ရန်ကုန် အပါအ၀င် ပြည်နယ်နှင့် တိုင်းဒေသကြီးအချို့တွင် အချိန်အခါမဟုတ် မိုးရွာသွန်းခြင်းဖြစ်ကြောင်း မိုးလေ၀သနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးချစ်ကျော်ကပြောသည်။

ပြည်သူ့စစ်စခန်းကို KIA ဝင်ပစ်၊ တဦးဒဏ်ရာရ

ကချင် ပြည်နယ် မိုးညှင်းမြို့နယ် နမ့်မွန်း ကျေးရွာ အုပ်စုရှိ ကျေးရွာ ကာကွယ်ရေး ပြည်သူ့စစ်အဖွဲ့ စခန်းကို ယနေ့ နံနက်ပိုင်းတွင် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) က ၀င်ရောက် ပစ်ခတ်ခဲ့ရာ လူတဦး ဒဏ်ရာရခဲ့ကြောင်း သတင်းရရှိသည်။KIA ၏ ပစ်ခတ်မှုကြောင့် ကျေးရွာ ပြည်သူ့စစ် အဖွဲ့ဝင် ဦးသက်ခိုင်ဦး၊ အသက် ၄၂ နှစ်၏ ဘယ်ဘက် ခြေသလုံးနှင့် ညာဘက် ပေါင်တို့တွင် ဒဏ်ရာများရရှိခဲ့ပြီး မိုးညှင်းမြို့နယ် ပြည်သူ့ဆေးရုံသို့ တင်ပို့ထားရကြောင်း ဒေသခံတဦးက ပြောသည်။

မြစ်ကြီးနား၌ တစ်ရက်လျှင် ဘိန်းခင်း ဧကတစ်ရာကျော် ဖျက်ဆီးနေ

Posted by drmyochit Wednesday, January 30, 2013, under | 1 comment


မြစ်ကြီးနားမြို့နယ်အတွင်း တစ်ရက်လျှင် ဘိန်းခင်း(၁၂၅) ဧကအား ဖျက်ဆီးနိုင်ခဲ့ကြောင်းမြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှသိရှိရသည်။

ကချင်ပြည်နယ် ရဲတပ်ဖွဲ့၊ မြစ်ကြီးနား ခရိုင် ရဲတပ်ဖွဲ့မှူး ဦးစီးသည့် ဘိန်းခင်း ဖျက်ဆီးရေး အဖွဲ့မှ ယခုလ (၂၈) ရက်နေ့က လူ့ထောင် ရွာမြောက်ဘက် (၁)မိုင်ခန့် အကွာတွင် ဘိန်းခင်း (၂ဝ) ဧက၊ ဘွန်လိန်းရွာ မြောက် ဘက် (၁)မိုင်ခန့် အကွာတွင် (၃ဝ) ဧက၊ ဝေမိုးရွာမြောက်ဘက် (၁) မိုင်ခန့် အကွာတွင် (၁၅)ဧက နှင့် ခနော့ ဘွန်ရွာတောင် ဘက်တွင် (၆ဝ)ဧကခန့်၊ စုစုပေါင်း ဘိန်းခင်း ၁၂၅ ဧကအား ဖျက်ဆီးနိုင် ခဲ့ခြင်းဖြစ်သည်။

စက်ယန္တရားယာဉ်များ ထုတ်လုပ်သည့် ကမ္ဘာ့ဒုတိယ အကြီးဆုံး ကုမ္ပဏီဖြစ်သော ဂျပန်နိုင်ငံမှ Komatsu ကုမ္ပဏီ မြန်မာသို့လာရောက်၊ အင်္ဂလန်အခြေစိုက် ယန္တရားထုတ်လုပ်သည့် ကုမ္ပဏီမှလည်း ရင်းနှီးမြှုပ်နှံမှု အတွက် ဆွေးနွေး

Posted by drmyochit Wednesday, January 30, 2013, under , | No comments



စက်ယန္တရားယာဉ်များ ထုတ်လုပ်သည့် ကမ္ဘာ့ဒုတိယ အကြီးဆုံး ကုမ္ပဏီဖြစ်သော ဂျပန်နိုင်ငံမှ Komatsu ကုမ္ပဏီ အနေဖြင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် လာရောက်ဆွေးနွေးခဲ့ပြီး အင်္ဂလန် အခြေစိုက် ယန္တရားယာဉ်များ ထုတ်လုပ်သည့် ကုမ္ပဏီမှလည်း မြန်မာနိုင်ငံတွင် မြှုပ်နှံရန်အတွက် ဆွေးနွေးမှု ပြုလုပ်ခဲ့သည်ဟု သိရသည်။

“မြန်မာ့ကြွေးမြီ ကန်ဒေါ်လာ သန်း ၆ဝဝဝ ကျော် ပါရီကလပ်အဖွဲ့ဝင်နိုင်ငံများ မယူတော့”

Posted by drmyochit Wednesday, January 30, 2013, under | No comments

ရန်ကုန်၊ ဇန်နဝါရီ ၂၉

မြန်မာနိုင်ငံမှ ပေးရန်ရှိသော ကြွေးမြီ ကန်ဒေါ်လာ သန်းပေါင်း ၆ဝဝဝ ကျော်ကို ပါရီကလပ် မြီရှင်နိုင်ငံ များက လျှော်ပေးလိုက်ပြီဟု သမ္မတ၏ စီးပွားရေး အကြံပေး ဦးဇော်ဦးက ပြော သည်။

၁၉၈၈ နောက်ပိုင်း မပေးဆပ်ဘဲ နေလာခဲ့သော အဆိုပါကြွေးမြီများကို နိုင်ငံတကာ အဖွဲ့အစည်းတစ်ခုဖြစ် သော ပါရီကလပ်အဖွဲ့က လျှော်ပေး ခဲ့ခြင်းဖြစ်ပြီး ဘဏ္ဍာ/ အခွန် ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့ သွားရောက် ညှိနှိုင်းစဉ် သဘောတူ လက်ခံခဲ့ကြခြင်း ဖြစ် သည်ဟု ၎င်းက ဆိုသည်။

''ဇန်နဝါရီလ ၂၄ရက်နေ့ မနက် ၉ နာရီကတည်းက ဆွေးနွေးခဲ့ တာ၊ နောက်တစ်နေ့ မနက် ၄ နာရီကျမှ သဘော တူခဲ့တယ်''ဟု အဖွဲ့ဝင်အဖြစ် လိုက်ပါခဲ့သူဦးဇော်ဦးကပြောသည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု နည်းဥပဒေ ဇန်နဝါရီ ၃၁ တွင် ပြဋ္ဌာန်းမည်

Posted by drmyochit Wednesday, January 30, 2013, under | No comments

ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံသူများ မျှော်လင့်နေသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု နည်းဥပဒေကို ဇန်နဝါရီ ၃၁ ရက်တွင် ထုတ်ပြန်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ သတင်းရရှိသည်။ “နောက်ဆုံးအဆင့် အားလုံးပြီးနေပြီ။ ထွက်ဖို့ပဲ ရှိတော့တယ်။ နိုင်ငံခြားသား လုပ်ငန်းရှင်တွေက ဒါကို စောင့်နေကြတာ” ဟု ကော်မရှင်မှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ဆိုသည်။ 

မြန်မာအစိုးရက SE-ME-WE-5 အတွက် ကန်သန်း ၄၀ ၀န်းကျင် အကုန်ခံမည်

Posted by drmyochit Wednesday, January 30, 2013, under | No comments

မြန်မာ့ဆက်သွယ်ရေးအနေဖြင့် အင်တာနက်ဆက်ကြောင်းလိုင်းသစ် တစ်ခုဖြစ်သည့် SE-ME-WE-5 တည်ဆောက်မှုလုပ်ငန်းများအတွက် ကုန်ကျငွေ အမေရိကန် ဒေါ်လာ ၃၅ သန်း ကနေ သန်း ၄၀ ကြား ကုန်ကျခံကာ ချိတ်ဆက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရှိရသည်။

“ဒီလိုတည်ဆောက်ရာမှာတော့ ကုန်းတွင်းပိုင်း ဖိုင်ဘာလိုင်းတွေကို အရင်ဆုံး ပြုလုပ်ရမှာ ဖြစ်ပြီး SE-ME-WE-5 ဆက်ကြောင်းကို မူဆယ်မှ ချောင်းသာအထိ သွယ်တန်းမှာ ဖြစ်တယ်လို့ သိရပါတယ်။” မြန်မာ့ဆက်သွယ်ရေးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မြန်မာတိုင်းမ် အယ်ဒီတာချုပ် ရော့စ်ဒန်ကလေကို တရားစွဲပြီဟု ရှယ်ယာပိုင်ရှင်ကဆို


မြန်မာတိုင်းမ်ရဲ့ ရှယ်ယာအများဆုံးပိုင်ဆိုင်သူ ဒေါက်တာဒေါ်ခင်မိုးမိုးက ဂျာနယ်ရဲ့ အမှုဆောင်အရာရှိချုပ် ရော့စ်ဒန် ကလေကို ကိုယ်ထိလက်ရောက် စော်ကားမှုနဲ့ တရားစွဲလိုက်ပြီလို့ ဇန်နဝါရီ ၂၉ရက်နေ့မှာ ပြောဆို လိုက်ပါတယ်။

မသန်စွမ်းသူများ ဆောင်းရာသီအားကစားပွဲတော် ဒေါ်စုတက်ရောက်

Posted by drmyochit Wednesday, January 30, 2013, under | No comments

တောင်ကိုရီးယားနိုင်ငံက မသန်စွမ်းသူများရဲ့ဆောင်းရာသီ အိုလံပစ်ပွဲတော်မှာ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောနေစဉ်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့- တနင်္လာနေ့က လက်ရှိ တောင်ကို ရီးယား သမ္မတ အီမြောင်ဘက်နဲ့သာမက မကြာခင် သမ္မတသစ် ဖြစ် လာတော့မယ့် ရွေးကောက် တင်မြှောက် ခံထားရသူ မစ္စ် ဘက်ဂွန်ဟဲ တို့နဲ့ တွေ့ဆုံခဲ့ သလို နှစ်နိုင်ငံ ဆက်ဆံရေးနဲ့ စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင် ရွက်ရေး ကိစ္စတွေ ကို ပြောဆိုဆွေးနွေးခဲ့ကြပါတယ်။ အဲဒီနောက် တောင်ကိုရီးယား နိုင်ငံမှာ ကျင်းပတဲ့ မသန်စွမ်းသူများရဲ့ အထူး ဆောင်းရာသီအိုလံပစ် အားကစားဖွင့်ပွဲ အခမ်းအနား ကိုလည်း တက်ရောက်ခဲ့ပြီးတော့ အားကစားသမားတွေကို ချီးကူးစကား ပြောဆိုခဲ့ပါတယ်။ ကမ္ဘာတ၀ှမ်းက အားကစားရုံမှာ ပြုလုပ်တဲ့ မသန်စွမ်းသူများရဲ့ အားကစား ပြိုင်ပွဲဟာ လူသားတို့ရဲ့ စိတ်ဓာတ်ခွန်အားနဲ့ သွေးစည်းညီညွတ်မှု စွမ်းပကားကို ပြသနေတယ်လို့ အခမ်းအနားအဖွင့်မှာ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုပါတယ်။

ပိုက်လိုင်းစောင့်ကြည့်ရေးကော်မတီမှ သျှမ်းပြည်ဝန်ကြီးချုပ်ထံ စာတင်

Posted by drmyochit Wednesday, January 30, 2013, under | No comments

ရခိုင်ကမ်းလွန်မှ ဂက်စ်နှင့် ရေနံစိမ်းများကို မေလ ၁ ရက်နေ့တွင် တရုတ်ပြည်သို့ စတင်လွှတ်ပေးမည်ဟု သတင်းများ ထွက်ပေါ်နေ သည့်အပေါ် မြန်မာ- တရုတ်ပိုက်လိုင်း စောင့်ကြည့်ရေးကော်မတီ မှ ဂက်စ် ပိုက်လိုင်းဖြတ် သန်းသည့် မြို့ရွာမှ ဒေသခံများထံမှ စစ်တမ်းကောက်ယူကာ သျှမ်းပြည်ဝန်ကြီးချုပ်ထံ စာတင် ကန့်ကွက် မည်ဟု ဆိုသည်။

ဗင်နီဇွဲလား အကျဉ်းထောင် အဓိကရုဏ်း လူ ၅၀ ဦးသေဆုံး

Posted by drmyochit Wednesday, January 30, 2013, under | No comments


ဗင်နီဇွဲလားနိုင်ငံ အနောက်မြောက် ဘက်ရှိ အကျဉ်းထောင် တစ်ခုတွှင် ရုန့်ရင်းဆန်ခတ်ဖြစ်ပွားရာ၌ အနည်းဆုံး လူ ၅၀ ဦး သေဆုံး ကာ ၉၀ ဦး ထိခိုက် ဒဏ် ရာရရှိခဲ့ကြောင်း သိရသည်။

ပဋိပက္ခဖြစ်ပွားသည့် အကျဉ်း ထောင်မှာ လာရာပြည်နယ်ရှိ အူရီဘာနာ အကျဉ်းထောင်ဖြစ်ပြီး အများစုမှာ သေနတ်ထိ မှန်ကာ ဒဏ်ရာရရှိခဲ့ ခြင်း ဖြစ်ကြောင်း ဆေးရုံမှ တာဝန်ကျ အရာ ရှိတို့က ပြောကြားခဲ့သည်။ သတင်းမီ ဒီယာတို့၏ အဆိုအရ မွန်းလွှဲပိုင်း မတိုင်မီ ဒဏ်ရာ ရရှိထားသော အကျဉ်း သား ၁၄ဦး ဆေးရုံသို့ ရောက်ရှိ လာခဲ့ ပြီး ဒဏ္ဍ်ရာပြင်းထန် လှသည့်အတွက် ခွှဲစိတ် ကုသ ရမည်ဖြစ်ကြောင်း ဖော်ပြခဲ့ ကြသည်။

နေပူတောင်ကိစ္စ ဗီယက်နမ်သံအမတ်နှင့် ပြည်နယ်အစိုးရ ဆွေးနွေး

Posted by drmyochit Wednesday, January 30, 2013, under | No comments



ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ် ရိုးမတောင်ပေါ်ရှိ မာလ်ဘယ်ကျောက် ထုတ်လုပ်ရေး လုပ်ငန်းအား အလျှင် အမြန် လုပ်ကိုင်နိုင်ရန်အတွက် ဗီယက် နမ်နိုင်ငံမှ သံအမတ် Mr.NChu Cong Phung၊ MYSICO ကုမ္ပဏီ မန်နေဂျင်း ဒါရိုက်တာ Mr. Ngagen Cong Kun တို့မှာ ရခိုင်ပြည်နယ် အစိုးရနှင့် ဇန်နဝါရီလ (၂၈) ရက်နေ့ က ဆွေးနွေးခဲ့ကြသည်။

၂၀၁၂ အတွင်း လူသတ်မှုနှင့်မုဒိမ်းမှု အများဆုံးဖြစ်

Posted by drmyochit Wednesday, January 30, 2013, under | No comments

Photo: ၂၀၁၂ အတွင်း လူသတ်မှုနှင့်မုဒိမ်းမှု အများဆုံးဖြစ်
Wednesday, January 30, 2013

မြန်မာတစ်နိုင်ငံလုံးတွင် ၂၀၁၂ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သော အမှုကြီး ၁၀ မျိုးတွင် လူသတ်မှုနှင့်မုဒိမ်းမှုမှာ ယခင်နှစ်များကဲ့သို့ အများဆုံးဖြစ်ပွား
ခဲ့ကြောင်း သတင်းရရှိသည်။

အမှုကြီး ၁၀ မျိုး စုစုပေါင်း ၂၃၁၈ မှုဖြစ်ပွားခဲ့ရာတွင် လူသတ်မှု ၁၃၂၃၊ မုဒိမ်းမှု ၆၅၄ ရှိပြီး၊ ကျန်အမှုကြီးများထက် ထိုနှစ်မျိုးက လွန်စွာများပြား
ခဲ့သည်။

တစ်နိုင်ငံလုံး အမှုကြီး ၁၀ မျိုးဖြစ်ပွားမှုတွင် ၂၀၁၁ ခုနှစ်၌ ၂၂၉၀ မှုရှိ၍ ၂၀၁၂ က ၂၈ မှုပိုများခဲ့သည်။ စုစုပေါင်းမှုခင်းဖြစ်ပွားမှုများမှာ နှစ်အလိုက် တိုးလာသည်ကိုလည်း စာရင်းဇယားများအရ သိရှိရသည်။ အမှုကြီး ၁၀
မျိုးတွင် မပါသော ခိုးမှုများမှာလည်း တစ်နှစ်ထက်တစ်နှစ် ပိုများလာကြောင်း
မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်များတွင်ဖော်ပြထားသည်။

တစ်နိုင်ငံလုံးနည်းတူ ရန်ကုန်မြို့တွင် ဖြစ်ပွားခဲ့သော အမှုကြီး ၁၀ မျိုးတွင်လည်း လူသတ်မှုနှင့် မုဒိမ်းမှုက ပထမနှင့်ဒုတိယ အများဆုံး
ဖြစ်ခဲ့သည်။ 

ရန်ကုန်တွင် တစ်နှစ်တာအတွင်း ရာဇ၀တ်မှုပေါင်း ၃၅၆ မှုဖြစ်ပွား
ခဲ့ရာတွင် လူသတ်မှု ၁၆၄ မှုဖြစ်ပွားကာ ၁၅၄ မှုအား တရားစွဲဆိုနိုင်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မုဒိမ်းမှုမှာ ၁၃၅ မှုဖြင့် ဒုတိယအများဆုံးဖြစ်ပွားခဲ့သည်။ ထို့ကြောင့် အဆိုပါ ပြစ်မှုကြီးနှစ်ခု ဖြစ်ပွားနှုန်းမှာ တစ်နှစ်တာ ဖြစ်ပွားသော အမှုစုစုပေါင်း၏ ထက်ဝက်ကျော်ပင်ရှိသည်။ 

လုယက်မှု ၃၀၊ ဖောက်ထွင်းမှု ၁၈ မှု၊ တိရစ္ဆာန်ခိုးမှုနှင့် မတရားအသင်းသုံးမှု အသီးသီးဖြစ်ပွားခဲ့ကြောင်း ၎င်းတို့ကပြောသည်။ ပြီးခဲ့သည့် ဆယ်စုနှစ် (၂၀၀၁ မှ ၂၀၁၀)တွင်လည်း ပြစ်မှုကြီးများတွင် လူသတ်မှုနှင့် မုဒိမ်းမှုမှာ အများဆုံးဖြစ်ပွားခဲ့သည်။ ဆယ်နှစ်အတွင်း လူသတ်မှု ၁၁၇၇ မှု ဖြစ်ပွား
ခဲ့ပြီး မုဒိမ်းမှု ၇၅၅ ဖြစ်ပွားခဲ့ကြောင်း ပြစ်မှုမှတ်တမ်းများအရ သိရသည်။

ရန်ကုန်တွင် ခိုးမှု ၈၉၈ မှု ဖြစ်ပွားခဲ့ရာတွင် ၅၄၇ မှုသာ ဖော်ထုတ်နိုင်ခဲ့ပြီး ၃၅၁ မှုမှာမူ တရားခံမမိခဲ့ဘဲ ယာဉ်တိုက်မှု ၁၈၀၃မှု ဖြစ်ပွားခဲ့ရာတွင်လည်း ၁၅၀၉ မှုသာ ဖော်ထုတ်နိုင်ခဲ့ကြောင်း စာရင်းဇယားများအရ သိရှိရသည်။ ယာဉ်တိုက်မှုများတွင် ၂၀၁၁ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၆၃၄ မှု ပိုများသကဲ့သို့ ၂၀၁၀ပြည့်နှစ်နှင့် နှိုင်းယှဉ်ပါက ၁၀၀၈ မှု ပိုများလာသည်။

ရန်ကုန်တွင် အထက်ပါအမှုများ မဖြစ်ပွားစေရန် ကြိုတင်ကာကွယ်ခဲ့သော အမှုဆယ်မျိုးဖြစ်သည့် လောင်းကစား၊ လက်နက်ပုန်း၊ ယစ်မျိုး၊
ပြည့်တန်ဆာ၊ ခြေချုပ်၊ ရဲဘက်၊ ခိုးမှုမသင်္ကာ၊ ၅/ညနှင့် ဆင်ဆာမဲ့ရေဒီယို အမှုပေါင်း ၂၅၄၅၇ မှု ဖြစ်ပွားရာတွင် ၂၅၁၆၀ မှု တရားစွဲဆိုနိုင်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

တစ်နိုင်ငံလုံးတွင် လူကုန်ကူးမှုမှာ ၁၁၉ မှု အရေးယူနိုင်ခဲ့သောကြောင့် ၂၀၁၁ နှင့် နှိုင်းယှဉ်ပါက ၁၇ မှု လျော့နည်းကာ ၂၀၁၀ ထက် ၅၂ မှု 
လျော့နည်းပြီး ၂၀၀၉ ထက် ၃၆ မှု လျော့နည်းခဲ့ကြောင်း သတင်းရရှိသည်။

7Day News Journal
မြန်မာတစ်နိုင်ငံလုံးတွင် ၂၀၁၂ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သော အမှုကြီး ၁၀ မျိုးတွင် လူသတ်မှုနှင့်မုဒိမ်းမှုမှာ ယခင်နှစ်များကဲ့သို့ အများဆုံးဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

အမှုကြီး ၁၀ မျိုး စုစုပေါင်း ၂၃၁၈ မှုဖြစ်ပွားခဲ့ရာတွင် လူသတ်မှု ၁၃၂၃၊ မုဒိမ်းမှု ၆၅၄ ရှိပြီး၊ ကျန်အမှုကြီး များထက် ထိုနှစ်မျိုးက လွန်စွာများပြားခဲ့သည်။

တစ်နိုင်ငံလုံး အမှုကြီး ၁၀ မျိုးဖြစ်ပွားမှုတွင် ၂၀၁၁ ခုနှစ်၌ ၂၂၉၀ မှုရှိ၍ ၂၀၁၂ က ၂၈ မှုပိုများခဲ့သည်။ စုစုပေါင်း မှုခင်းဖြစ်ပွား မှုများမှာ နှစ်အလိုက် တိုးလာသည်ကိုလည်း စာရင်းဇယားများအရ သိရှိရသည်။ အမှုကြီး ၁၀မျိုးတွင် မပါသော ခိုးမှုများမှာလည်း တစ်နှစ်ထက်တစ်နှစ် ပိုများလာကြောင်းမြန်မာနိုင်ငံ ရဲတပ် ဖွဲ့၏ ထုတ်ပြန် ချက်များတွင်ဖော်ပြထားသည်။

ကချင်စစ်ပွဲနှင့်ပတ်သက်ပြီး အစိုးရဘက်ကပို၍တာဝန်ရှိဟု ဒေါက်တာမင်းစိုးလင်းပြော

Posted by drmyochit Wednesday, January 30, 2013, under | No comments

 မင်းလုံး၊ အေမီ – ကချင်ပြည်နယ် တွင် ဖြစ်ပွားနေသော တိုက်ပွဲများနှင့် ပတ်သက်၍ မြန်မာ အစိုး ရနှင့် ကချင်ပြည် လွတ်လပ်ရေး အဖွဲ့ KIO နှစ်ဘက်လုံးတွင် တာဝန် ရှိသော်လည်း နိုင်ငံတော် အစိုးရ ဘက်က ပို၍ တာဝန်ရှိသည်ဟု မွန် ဒီမိုကရေစီ ပါတီ အထွေထွေ အတွင်းရေးမှူး ဒေါက်တာမင်းစိုးလင်းက ပြော သည်။

မွန် ဒီမိုကရေစီ ပါတီ အထွေထွေ အတွင်းရေးမှူး ဒေါက်တာမင်းစိုးလင်း၎င်းက “ကချင်စစ် ပွဲပြဿနာ ဟာ နေ့ချင်း ညချင်း နာရီပိုင်းတွေမှာ တစ်ခုပြီး တစ်ခု ပြောင်းလဲနေ တယ်၊ ဒီလ ၁၈ ရက်နေ့ ကနေစပြီး နိုင်ငံတော် သမ္မတရုံးက တစ်ဖက်သတ် အပစ် အခတ် ရပ်စဲတယ် ဆိုပေမယ့် တကယ် တမ်းကျတော့ ဖြစ်မလာ ဘူး၊ တိုက်ပဲ ဆက်တိုက်နေတယ် ပိုတောင်ဆိုး လာသေးတယ်၊ တောင်ကုန်းတွေကို တစ်ခုပြီး တစ်ခု သိမ်းယူနေ တယ်၊ နိုင်ငံကိုအုပ်ချူပ်တဲ့ အစိုးရဟာ အင်အားကြီးမား သကဲ့သို့ သဘော ထားလည်းကြီး ရမယ်” ဟု ပြောသည်။

သြစတြေးလျတွင် ရေကြီးမှုများ ဆိုးရွားစွာဖြစ်ပေါ်

သြစတြေးလျနိုင်ငံတွင် ရေကြီးရေလျှံမှုများ ဆိုးရွားစွာ ဖြစ်ပေါ်နေပြီး ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင် ရွက် ရန်အတွက် စစ်တပ်ကို အကူအညီ တောင်းခံထားရကြောင်း သိရသည်။ 
သြစတြေးလျနိုင်ငံတွင် ရေကြီးရေလျှံမှုများ ဆိုးရွားစွာ ဖြစ်ပေါ်နေပြီး ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် စစ်တပ်ကို အကူအညီ တောင်းခံထားရကြောင်း သိရသည်။ သြစတြေးလျနိုင်ငံ ကွင်းစ်လန်းပြည်နယ်ရှိ Sunshine နှင့် Gold ကမ်းခြေဒေသများတွင် ယခုရက်ပိုင်းအတွင်းက Oswald မုန်တိုင်း ဝင်ရောက်တိုက်ခတ်ခဲ့သည်။ အဆိုပါ ကမ်းခြေများတွင် တက်ရောက်လာသော ရေလှိုင်းနှင့် မုန်တိုင်း၏ လေပြင်းတိုက်ခိုက်မှုတို့ ထိတွေ့ကာ ကမ်းခြေတစ်လျှောက် ရေမြှုပ်များမှာ ၄ ပေခန့် အမြင်အထိ ဖြစ်ပေါ်ခဲ့သည်။

U.S မှာ စရိတ်ငြိမ်း ၄ လကြာ ပညာသင်ချင်သူများအတွက်

Posted by drmyochit Wednesday, January 30, 2013, under | No comments

မြန်မာနိုင်ငံသားတွေအနေနဲ့ အမေရိကန် ပြည်ထောင်စုမှာ ၄ လ၊ ပညာသင်ကြားနိုင်မယ့် ( Community Solutions Program ) အစီအစဉ် တခုဖြစ်ပါတယ်။ 




မြန်မာနိုင်ငံတွင် လက်ရှိနေထိုင်လျှက်ရှိသူတွေကို လက်ခံမှာ ဖြစ်ပြီး နေထိုင်စားသောက်စရိတ် က အစ၊
လေယာဉ်လက်မှတ် အဆုံးအားလုံးတာဝန်ယူမှာ ဖြစ်တယ်လို့ The Best English 4 You မှာ ဖော်ပြထား တာတွေ့ရပါတယ်။ 

လိုင်ဇာ လမ်းလျှောက်အဖွဲ့ကို မိုးထိမိုးမိ ကိစ္စလို မဖြစ်စေရဟု တောင်ငူ ရဲမှူး ကတိပေး

Posted by drmyochit Wednesday, January 30, 2013, under | No comments



ငြိမ်းချမ်းရေး လိုလားသော လမ်းလျှောက်လူငယ်များအဖွဲ့အား မိုးထိမိုးမိ ရွှေလုပ်သားများ လမ်းလျှောက် ဆန္ဒပြခဲ့ စဉ်ကကဲ့သို့ ဖြိုခွဲမည်မဟုတ်ကြောင်း တောင်ငူခရိုင် ရဲမှူးဦးဇော်မင်း က ဇန်နဝါရီလ ၂၉ ရက်နေ့ တွင် ကတိပေး ခဲ့ကြောင်း လမ်းလျှောက်အဖွဲ့က ပြောသည်။

Myanmar Times ရှယ်ယာရှင်များ ကွဲပြီလား

Posted by drmyochit Wednesday, January 30, 2013, under | No comments


The Myanmar Times ဂျာနယ်အစည်းအဝေး ခန်းမတွင် မီဒီယာသမားများအား ရှင်းပြနေသည့် မစ္စတာ ရော့စ် ဒန်ကလေ (ဓာတ်ပုံ – ဂျေပိုင်/ ဧရာဝတီ)


 အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာဖြင့် ထုတ်ဝေနေသော The Myanmar Times အပတ်စဉ် သတင်းဂျာနယ်၏ အုပ်ချုပ်ရေး မှူး အဆင့်များနှင့် ရှယ်ယာ ပိုင်ဆိုင်ထားသူများ အပြန်အလှန် လူသိရှင်ကြား ပြဿနာ ဖြစ်ပွား ခဲ့ကြသောကြောင့် နေ့စဉ်သတင်းစာ ထုတ်ဝေမည့် ကိစ္စ မတိုင်မီ ရှယ်ယာခွဲဝေမှုများ ဖြစ်လာမည်လားဟု မေးခွန်းထုတ်စရာ ဖြစ်နေသည်။

လက်ပံတောင်းတောင် သပိတ်စခန်းဖြိုခွင်းမှုနှစ်လပြည့် ဆန္ဒထုတ်ဖော်

Posted by drmyochit Wednesday, January 30, 2013, under | No comments


လက်ပံတောင်းတောင် သပိတ်စခန်းများ ဖြိုခွင်း ခံရခြင်း နှစ်လ ပြည့်မြောက်သည့် ယနေ့ ဇန်နဝါရီလ၂၉ ရက်နေ့တွင် စီမံကိန်း ဒေသခံ ပြည်သူများ က မြန်မာဝမ်ပေါင် ကုမ္ပဏီရှေ့ ရှိ ပုသိမ်၊ မုံရွာ အဝေးပြေး လမ်းမကြီး ပေါ်တွင် ဆန္ဒ ထုတ်ဖော်ခဲ့ရာ လက်ပံတောင်းတောင် စီမံကိန်း ဖျက်သိမ်းရေး၊ ပုဒ်မ၁၄၄ ထုတ်ပြန်ထားမှုအား ပယ်ဖျက်ပေးရေး၊ ပြည်သူများ၏ နစ်နာချက် လွှတ်တော်က အမြန်ဆောင်ရွက်၊ သပိတ်စခန်း ဖြိုခွင်းမှုတွင် ပါဝင်ခဲ့သူ များအား အမြန်ဆုံး အရေးယူပေးရေး နှင့် လက်ပံတောင်းတောင် အရေး ဆောင်ရွက်သူ များအား ဖမ်းဆီး ထားမှုများ ချက်ချင်းလွှတ် စသည့် အချက် ၅ချက်အား တောင်းဆို ခဲ့ကြောင်း ယင်း ဆန္ဒထုတ်ဖော်မှုတွင် ပါဝင်ခဲ့သူ တစ်ဦးက ပြောကြားသည်။

အဲပုဂံလေယာဉ် ပျက်ကျမှုတွင် ရှာဖွေတွေ့ရှိခဲ့သည့် Black Box ၏ စစ်ဆေးတွေ့ရှိချက်များအား မီဒီယာ များသို့ ရှင်းလင်းပွဲပြုလုပ် အသိပေးသွားမည်

Posted by drmyochit Wednesday, January 30, 2013, under | No comments



အဲပုဂံလေယာဉ် ပျက်ကျမှုတွင် ရှာဖွေတွေ့ရှိခဲ့သည့် Black Box ၏ စစ်ဆေးတွေ့ရှိချက်များအား မီဒီယာ များသို့ ရှင်းလင်းပွဲပြုလုပ် အသိပေးသွားမည်ဖြစ်ကြောင်း စုံစမ်းစစ်ဆေးရေးအဖွဲ့ ခေါင်းဆောင်ဖြစ်သည့် လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ  ဦးဝင်းဆွေထွန်းက ပြောကြားခဲ့သည်။

Tuesday, January 29, 2013

ကွန်ပျူတာပိုးမွှားများနှင့်ခုခံမှုနည်းပညာ စာအုပ် မြန်မာလို

Posted by drmyochit Tuesday, January 29, 2013, under | No comments




ဆရာသန်းထိုက် (ရွှေရိပ်)ရဲ့..ကွန်ပျူတာပိုးမွှားများနှင့်ခုခံမှုနည်းပညာမြန်မာလို စာအုပ်လေးတင်ပေးလိုက် ပါတယ်..အရင်ကလည်း ကွန်ပျူတာရောဂါများနှင့်ကာကွယ်ဆေး စာအုပ်ထွက်ထားဖူး ပါတယ်...အခုတစ် အုပ်ကတော့ အသစ်ပါ..မရှိ သေးသူများ Download ရယူနိုင်ပါပြီ..

တပ်မတော်သား တစ်ဦးမှ တပ်မတော်၏ ဂုဏ်ကို ငြိုးနွမ်းအောင် ပြုလုပ်

Posted by drmyochit Tuesday, January 29, 2013, under , | No comments


ဆိပ်ဖြူ၊ ဇန်န၀ါရီလ ၁၃

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ် ကျောက်ကြီးကျေးရွာအုပ်စု ရွှေဘိုကျွန်းကျေးရွာ တွင် ရေခပ် ရာမှ ပြန်လာသည့် အသက် ၁၄ နှစ်အရွယ် မိန်းကလေးကို က.ပ.စ ၂၂ တပ် (ကာကွယ်ရေးပစ္စည်း ထုတ်လုပ် သည့် စက်ရုံ)မှ ဒုတပ်ကြပ်တစ်ဦးက ရိုက်နှက်၍ အဓမ္မပြုကျင့် သော ဒဏ်ရာများကြောင့် ဇန်န ၀ါရီလ ၁၅ ရက်နေ့တွင် မကွေးမြို့ ပြည်သူ့ဆေးရုံတွင် တင်ပို့ကု သနေစဉ် သေဆုံးခဲ့ကြောင်း သေဆုံးသူ၏ မိခင် ဒေါ်စန်းကြည်က ပြောကြားသည်။

ငါးယောက်ထက်ပို စုဝေးခွင့်၊ စီတန်းလှည့်လည်ခွင့် တားမြစ် အမိန့် ပျက်ပြယ်


၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်နေ့စွဲဖြင့် နိုင်ငံတော်သမ္မတက အမိန့်အမှတ် ၃/ ၂၀၁၃ဖြင့် ၁၉၈၈ ခုနှစ် စက်တင် ဘာ(၁၈)ရက်နေ့ က ထုတ်ပြန်ခဲ့တဲ့ အမိန့်အမှတ် ၂/ ၈၈ အား ပယ်ဖျက်လိုက်သည်။

အဆိုပါ အမိန့်အမှတ် ၂/ ၈၈ က ည ၈ နာရီ မှ မနက် လေးနာရီအထိ ညမထွက်ရ သတ်မှတ်ပြီး ဆူပူ လှုံ့ဆော် လိုသော ရည်ရွယ်ချက်ဖြင့် ငါးယောက်နှင့် ငါးယောက်အထက် စုဝေးခြင်း၊ လမ်းလျှောက်ခြင်း၊ စီတန်း လှည့်လည်ခြင်း၊ ဟောပြော ခြင်း၊ သပိတ် စခန်းဖွင့်ခြင်း၊ လမ်းပိတ်ဆို့ခြင်း၊ လုံခြုံရေး တာဝန် ထမ်းဆောင် သူများကို ဟန့်တားခြင်းများအား တားမြစ် ထားသည့် အမိန့်ဖြစ်သည်။

ဘီလျံနာအဖြစ် အမွေဆက်ခံရမည့် တရုတ်အမျိုးသမီး ချစ်သူအလိုရှိနေ

Posted by drmyochit Tuesday, January 29, 2013, under | No comments

မီဒီယာများ၏ အာရုံစိုက်မှုနှင့် အတုအယောင် စီခြယ်မှုများကြောင့် သူမသည် ချစ်သူတစ်ဦးမျှ မရှိဘဲ ဖြစ်နေကြောင်း တရုတ်ဘာသာဖြင့် ထုတ်ဝေသည့် Marie Claire မဂ္ဂဇင်းသို့ အသက်(၃၀)အရွယ် ဇွန်ဖူလီက ပြောကြားခဲ့သည်။

ဘီလျံနှင့်ချီသော ငွေကြေးများအတွက် အမွေဆက်ခံရမည့်သူ တစ်ဦးအတွက် ကြင်ရာဖက် ရရှိရန်မှာ ခက်ခဲသော ကိစ္စတစ်ခု မဟုတ်ဟု ယူဆရန် ရှိသည်။ သို့သော်လည်း တရုတ်နိုင်ငံ၏ အကြွယ်ဝ အချမ်းသာဆုံးဖြစ်သော သူဌေးကြီး၏ အမွေခံ သမီးကမူ သူမ၏ ဘဝသည် လူအများ ထင်မှတ်ထားသည်ထက် ခက်ခဲစွာ ရုန်းကန်နေရကြောင်း ဖွင့်ဟခဲ့သည်။ မီဒီယာများ၏ အာရုံစိုက်မှုနှင့် အတုအယောင် စီခြယ်မှုများကြောင့် သူမသည် ချစ်သူတစ်ဦးမျှ မရှိဘဲ ဖြစ်နေကြောင်း တရုတ်ဘာသာဖြင့် ထုတ်ဝေသည့် Marie Claire မဂ္ဂဇင်းသို့ အသက်(၃၀)အရွယ် ဇွန်ဖူလီက ပြောကြားခဲ့သည်။ ဇွန်က သူမသည် ချမ်းသာပြီး အဖော်မဲ့နေကြောင်း ညည်းညူသွားခဲ့သည်။

အစိုးရစစ်တပ် လိုင်ဇာသိမ်းပိုက်လျင် ဒုက္ခသည်များတရုတ်ပြည်သို့ခိုလှုံရန်ပြင်ဆင်


ကချင်ပြည်နယ် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဗဟိုဌာနချုပ် လိုင်ဇာ (Laiza) ဒေသရှိ ဒေသခံများနှင့် ဒုက္ခ သည်များသည် မြန်မာအစိုးရစစ်တပ်မှ လိုင်ဇာသို့တိုက်ခိုက်သိမ်းပိုက်လာလျင် တရုတ်ပြည်သို့ ထွက်ပြေး ခိုလှုံရန်ပြင် ဆင်နေကြသည်။

အစိုးရတပ်မှ လိုင်ဇာ (Laiza) ဌာနချုပ်နယ်မြေရှိ KIO ၏အရေးကြီးသော တပ်စခန်းများအားလုံးကို တိုက်ခိုက် သိမ်းပိုက်ပြီးနောက် ဆက်လက်၍ လိုင်ဇာတွင်းသို့ဝင်ရောက်လာလျင် ဒုက္ခသည်လူထုများ ဆက် လက်၍ လုံခြုံရာသို့ခိုလှုံနိုင်ရန် စီစဉ်နေခြင်းဖြစ်ကြောင်း လိုင်ဇာ (Laiza) အုပ်ချုပ်ရေးမှူး ဒူကဘာ ကရဲန်နော်အောန် (Dukaba Kareng Naw Awn) KNG ကချင်သတင်းဌာနသို့ပြောသည်။

Samsune Glaxy Tab 2 ကို Root လုပ်နည်း

Posted by drmyochit Tuesday, January 29, 2013, under | No comments


Samsune glaxy tab 2 ကို Root လုပ်နည်း 


Galaxy Tab 2 7″ ကို Root ချင်ပါတယ် ဆိုတဲ့ သူတွေအတွက် ဒီနေရာလေးမှာ သေချာတင်ပေး လိုက်ပါ တယ်...။ 


Galaxy Tab 2 မှာက Model အမျိုးမျိုး ရှိလို့ သင့်တော်ရာ ClockworkMod ကိုရွေးချယ်ပါ...။ 




တစ်ခုခု မှားသွားခဲ့ရင် ပြင်နိုင်ဖို့ အတွက် အောက်မှာကတော့ Roms တွေကို အရံသင့်ပေးထားပါတယ်။

ဖြေရှင်းရမည့် ဒုက္ခအပိုင်းအစများ

Posted by drmyochit Tuesday, January 29, 2013, under | No comments

မောင်အေးချမ်း (ယင်းမာမြေ)

“မလေးရှားနှင့် စင်ကာပူတို့တွင် အလုပ်သမား သံအရာရှိများ ထားတော့မည်။ အလုပ်သမား များ၏ ဒုက္ခ အခက်အခဲ များကို ဖြေရှင်း ပေးနိုင်ရန် ဖြစ်သည်။” 

ထိုသတင်းကို The Voice Weekly မှာ ဖတ်ရတော့ ၂၀၀၃မှ ၂၀၀၈ အထိ မလေးရှားတွင် နေထိုင် လုပ်ကိုင်ဖူးသော ကျွန်တော် ယင်းအကြောင်း အနည်းငယ် ဆွေးနွေးလိုပါသည်။ သက်ဆိုင်ရာ လူကြီးမင်းတို့ ပမာဒလေခမှာ စိုး၍ ဖြစ်ပါသည်။

ထိုင်းနိုင်ငံသို့ စေလွတ်နေသော လိုင်စင်ရ အေဂျင်စီများမှာ လိုက်နာရမည့် အချက်များနှင့် ကိုက်ညီမှု မရှိပါက အလုပ်သမားများမှလည်း တိုင်ကြားနိုင်ပြီး ယင်းအေဂျင်စီများကို ဥပဒေအရ အရေးယူသွားမည်

Posted by drmyochit Tuesday, January 29, 2013, under | No comments

ထိုင်းနိုင်ငံသို့ စေလွှတ်နေသော လိုင်စင်ရ အေဂျင်စီများမှာ လိုက်နာရမည့် အချက်များနှင့် ကိုက်ညီမှု မရှိ ပါက အလုပ်သမားများမှလည်း တိုင်ကြားနိုင်ပြီး မလိုက်နာသော အေဂျင်စီများကို ဥပဒေအရ အရေး ယူသွား မည်ဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာန၏ သတင်း ထုတ်ပြန် ချက်အရ သိရှိရသည်။

မောင်တောတွင် အစိုးရ အဆောင်တစ်ခု မီးရှို့ခံရ

Posted by drmyochit Tuesday, January 29, 2013, under | 2 comments


ထွန်းထွန်း

မြန်မာနိုင်ငံ အနောက်ဘက် နယ်စပ် မောင်တောမြို့တွင် အစိုးရ အဆောင်တစ်ခု ယနေ့နေ ၉ နာရီခန့်က မီးရှို့ခံရသည်ဟု သတင်း ရရှိသည်။

မီးရှို့ခံရသည့် အဆောင်မှာ မောင်တောသုံးမိုင် ဂေါက်ကွင်းအနီးရှိ ဂျီအီး ပစ္စည်းများ သိုလှောင်ရုံ ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံပေးရမယ့် ကန်ဒေါ်လာ သန်း ၆ ထောင်ကို မြီရှင်နိုင်ငံတွေ လျှော်ပစ်

Posted by drmyochit Tuesday, January 29, 2013, under | No comments



မြန်မာနိုင်ငံက တခြားနိုင်ငံတွေ နဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေ ကို ပေးဖို့ရှိနေတဲ့ ကြွေးမြီအားလုံးရဲ့ ၆ဝ ရာခိုင်နှုန်း၊ အမေရိကန်ဒေါ်လာ သန်း ၆ ထောင်နီးပါးကို အထူးအစီအစဉ်တရပ် အဖြစ် ကြွေးမြီရှင်နိုင် ငံတွေ က လျှော်ပေးတော့မယ့်အကြောင်း ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

ပုဒ်မ ၁၄၈/၅၀၆(ဒု)ဖြင့် အရေးယူခံထားရသော ဘင်္ဂလီ(၇)ဦး တရားသေပြန်လွတ်

Posted by drmyochit Tuesday, January 29, 2013, under | No comments


ဇွန်လ (၈)ရက်နေ့က ရခိုင်ပြည်နယ် မောင်တောမြို့တွင် ဒေသခံများအား အကြမ်းဖက်ရာတွင်ပါဝင်သည့် အဓိကဦးဆောင်သူ ဘင်္ဂလီ (၇)ဦးကို ဖမ်းဆီးတရားစွဲဆိုထားရာမှ ဇန္န၀ါရီလ၊ (၂၃)ရက်၊ (၂၀၁၃)ခုနှစ်တွင် မောင်တောခရိုင် တရားရုံးမှတရားသေ ပြန်လွှတ်ပေးခဲ့ကြောင်း သတင်းရရှိသည်။

ကချင်ပြည်နယ် ငြိမ်းချမ်းရေး အတွက် ကာကွယ်ရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်





ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

ကာကွယ်ရေးဝန်ကြီးဌာန

သတင်းထုတ်ပြန်ချက်

၁။ ကချင်ပြည်နယ်တွင် ဖြစ်ပွားလျက်ရှိသော လက်နက်ကိုင်ပဋိပက္ခများနှင့် စပ်လျဉ်း၍ ပြည်တွင်းပြည်ပမှ အဖွဲ့ အစည်းအချို့ သံဃာအချို့နှင့် စာနယ်ဇင်းအချို့တို့မှ မမှန်မကန်သတင်း များနှင့် အစိုးရနှင့် တပ်မတော်အပေါ် ပြည်သူလူထု အထင်အမြင်လွဲမှားစေမည့် သတင်းနှင့် ကြေညာချက်များ ထုတ်ပြန်ခဲ့ ပါသည်။

၂။ အဆိုပါသတင်းနှင့် ကြေညာချက်တို့တွင် မြန်မာ့တပ်မတော်သည် KIA ဌာနချုပ်တည်ရှိရာ လိုင်ဇာ အနီးဝန်း ကျင်ကို ဆက်လက်၍ စစ်ရေးအရ ထိုးစစ်ဆင်နေကြောင်း သတင်းများကိုသာ တစ်ဖက်သတ် ဇောင်းပေး၍ ဖော်ပြနေပါသည်။ တရားဝင်မီဒီယာများတွင် KIA ဘက်မှ အကြမ်းဖက် တိုက်ခိုက်မှုများနှင့် အပြစ်မဲ့ပြည်သူများ၏ အသက်အိုးအိမ် ဖျက်ဆီးမှုများ၊ ဖမ်းဆီး ခေါ်ဆောင်မှုများ၊ စစ်ရေးနှင့် မဆိုင်သော အရပ်ဘက် လမ်း၊ တံတားများစွာကို ဖျက်ဆီးခဲ့မှု သတင်းများ ထုတ်ပြန်ထားပါလျက် ယင်းအဖြစ်မှန် သတင်းများကို မျက်ကွယ်ပြုပြီး မမှန်မကန် သတင်းများကိုသာ ဖော်ပြနေကြောင်း တွေ့ရှိရပါသည်။ ယင်းသို့ တစ်ဖက်စောင်းနင်း ဖော်ပြချက်များသည် အများပြည်သူနှင့် နိုင်ငံတကာ၏ အထင်အမြင် လွဲမှားမှုများ ဖြစ်ပေါ်စေနိုင် ပါသည်။

လိုင်ဇာကို သိမ်းရုံနဲ့ ငြိမ်းချမ်းရေး မရနိုင်လို့ ဒေါ်ဒွဲဘူ တုံ့ပြန်ပြောဆို

Posted by drmyochit Tuesday, January 29, 2013, under | No comments


KIO ဌာနချုပ်ဖြစ်တဲ့ လိုင်ဇာကို သိမ်းပိုက်ပြီးမှ ငြိမ်းချမ်းရေးဆွေးနွေးမယ်ဆိုရင် ကချင်ပြည်သူ တယောက် အနေနဲ့ရော လွှတ်တော်ကိုယ်စားလှယ် တယောက်အနေနဲ့ပါ ကန့်ကွက်တယ်လို့ ကချင်တိုင်းရင်းသူ အင်ဂျန်း ယန် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဒွဲဘူက ဒီကနေ့ ဇန်န၀ါရီလ ၂၈ ရက်နေ့ ပြည်သူ့ လွှတ်တော် ကျင်းပပြီးချိန်မှာ သတင်းထောက်တွေကို ပြောကြားလိုက်ပါတယ်။

သင်္ဃန်းကျွန်းမြို့နယ်က ဒေသခံတွေ ဆန္ဒပြ

Posted by drmyochit Tuesday, January 29, 2013, under | No comments

သင်္ဃန်းကျွန်းမြို့နယ်က ဒေသခံတွေ ဆန္ဒပြ

ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ ဝေဇယန္တာလမ်းမရဲ့ ဘေးဘက်မှာရှိတဲ့ မိချောင်းကန် စိုက်ပျိုးရေးမြေ ကွက် အပိုင်း(၁)၊ (၂)၊ (၃) ကို ၁၉၉၂ ခုနှစ်တုန်းက စစ်တပ်ကနေ သိမ်းယူခဲ့တာနဲ့ ပတ်သက်ပြီး မြေသိမ်းခံ ထားရတဲ့ ဒေသခံ ၅၀၀ ကျော်ဟာ ဇန်နဝါရီလ ၂၇ ရက်နေ့ ဒီကနေ့ မနက်ပိုင်းမှာ ဆန္ဒဖော် ထုတ်ခဲ့ကြ ပါတယ်။

ရန်ကုန်တိုင်း ဒေသကြီး အဖျောက်မြို့နယ် အတွင်းရှိ ကြွေပန်းကန်ချောင်း ကျေးရွာတွင် ဧရာဝတီမြစ်ကမ်းပါး ပြိုကျမှုကြောင့် နေအိမ်များ ရွှေ့ပြောင်းနေရသဖြင့် ဒေသခံများအတွက် စားဝတ်နေရေး အဘက်ဘက်တွင် အခက်ကြုံ

Posted by drmyochit Tuesday, January 29, 2013, under | No comments

ကြွေပန်းကန်ချောင်းကျေးရွာရှိ ပြိုကျနေဆဲ မြစ်ကမ်းပါးများအား ဇန်န၀ါရီ ၂၇ ရက်က တွေ့ရစဉ်

ရန်ကုန်တိုင်းဒေသကြီး၊ အဖျောက်မြို့နယ်အတွင်းရှိ ကြွေပန်းကန်ချောင်း ကျေးရွာတွင် ဧရာဝတီမြစ်ကမ်းပါး ပြိုကျမှုကြောင့် နေအိမ်များ ရွှေ့ပြောင်းနေရသဖြင့် ဒေသခံများအတွက် စားဝတ်နေရေး၊ ပညာရေးနှင့် ကျန်းမာရေး အဘက်ဘက်တွင် အခက်ကြုံနေရကြောင်း ဒေသခံများ၏ ပြောကြားမှုအရ သိရှိရသည်။

KMSNano v.15.1 With TriggerKMS v8 (Window 8,Office 2013 Activator)

Posted by drmyochit Tuesday, January 29, 2013, under | No comments


Window 8, Office 2013/2010 တွေ Activate မဖြစ်သေးရင်သုံးဖို့ပါ နောက်ဆုံး Update Version ကိုတင်ပေးလိုက်ပါတယ်...။

KMSNano v.15.1 With TriggerKMS v8 For Office 2013 And W8 - adalah Aktivator yang saya gunakan untuk Office Professional Plus 2013 dan Windows 8 saya, dan sudah saya tes dan berhasil 100%, Saat menggunakan KMSnano ini anda harus terhubung ke Internet.

ငြိမ်းချမ်းရေး အလှမ်းမဝေးပါ

Posted by drmyochit Tuesday, January 29, 2013, under | No comments

ကျွန်တော့စားပွဲပေါ်က အယ်လ်ဘမ်အဟောင်းလေးထဲမှာ ဓာတ်ပုံတစ်ပုံရှိသည်။ ဓာတ်ပုံက အခမ်း အနားတွေ အပြီးမှာ ရိုက် လေ့ရှိသည့် စုပေါင်းဓာတ်ပုံ Group Photo ဖြစ်သည်။ ပုံထဲမှာ စစ်ဝတ်စုံဝတ်ထား သူတွေ ပါသလို အရပ်ဝတ် အရပ်စား နဲ့သူတွေလည်းပါသည်။ တစ်ချို့ကထိုင်၍တစ် ချို့က ရပ်လျှက်။ နှစ်နှစ် ဆယ်နီးပါးကြာခဲ့ပြီဖြစ်သည့်အတွက် ဓာတ်ပုံ က အရောင်ပျက် ချင်ချင်၊အရွယ် အစား ကလည်း ဟိုတုံးက အသုံးများ သည့်ပို့စ်စကဒ် ဆိုက်ဆိုတော့ မျက်နှာတွေ ကမ ထင်ရှား။ တကယ်လို့ ပုံကြီးချဲ့ ကြည့် လိုက်မယ် ဆိုရင်တော့ ပုံထဲကလူတွေ အားလုံးရဲ့ မျက်ဝန်းတွေထဲမှာ ကြီးမားသည့် လုပ်ငန်း တာဝန်တစ်ခုကို အောင်မြင်အောင် ဆောင်ရွက်နိုင်သူတွေဆီမှာ တွေ့ရမြဲဖြစ်သည့် ကျေနပ်ခြင်း၊ ဂုဏ်ယူခြင်း အရိပ်လက္ခဏာတွေကို တွေ့ရမည်မှာ သေချာပါသည်။

Monday, January 28, 2013

ဦးဆန်းဆင့်အား သာသနာရေးဝန်ကြီးအဖြစ် ခန့်အပ်

Posted by drmyochit Monday, January 28, 2013, under | No comments

ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးဆန်းဆင့်အား လစ်လပ်လျက်ရှိသော သာသနာရေး ၀န်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်ရန် ပြည်ထောင်စုလွှတ်တော်သို့ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ယနေ့ (ဇန်န၀ါရီ ၂၈ ရက်) တွင် ဇန်န၀ါရီ ၂၂ ရက်စွဲဖြင့် သ၀ဏ်လွှာပေးပို့ခဲ့ကြောင်း သတင်းရ ရှိသည်။

ယနေ့ ပြည်ထောင်စုလွှတ်တော်မရှိသော်လည်း လွှတ်တော်ကိုယ်စားလှယ်များကို အဆိုပါကိစ္စရပ်အား ပြည်ထောင် စုလွှတ်တော် ကျင်းပမည့်ရက်တွင် ဆွေးနွေးနိုင်ရန်အတွက် မိမိတို့အား ပေးဝေထား ပြီဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သူ ဒေါ်နန်းနုဝါက ဆိုသည်။

ကချင်ဒေသတွင်း ခံစစ်စခန်းများ ဆုံးရှုံး ခဲ့သော်လည်း လက်နက် သစ်များ ထပ်မံ ရရှိနေသော ကေအိုင်အေနှင့် နောက် ကွယ်မှ အထောက် အပံ့များ

၂၀၁၃ ဇန်န၀ါရီလ ၂၆ ရက်နေ့၌ ကေအိုင်အေတို့၏ ကချင်ဒေသ အတွင်း နောက်ဆုံး ခံစစ်စခန်းဟု ဆိုနိုင် သည့် ခယာဘွမ် တောင်ကုန်းအား သိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့သည်။ သို့သော်လ ည်း ကေအိုင်အေ အဖွဲ့များ သို့ ချပ် ၀တ် ကျည်ကာ ၀တ်စုံများ၊ ပေါက်ကွဲအား ပြင်းထန် သော လက်နက်များ၊ လေယာဉ်ပစ် ဒုံးလက် နက် သစ် များ ထပ်မံ ရောက်ရှိနေကြောင်း စုံစမ်းသိရှိခဲ့ရသည်။ ယခင်က ABSDF မြောက်ပိုင်း အဖွဲ့များ သာ ၀တ် ဆင် ခဲ့သည့် ကျည်ကာ ၀တ်စုံနှင့် ကျည်ကာ ဦးထုပ် များကို ယခု ကေအိုင်အေ အဖွဲ့များတွင်ပါ တွေ့မြင် လာရသည့် အပြင် လက်နက်သစ် များကိုလည်း ရွှေ့ပြောင်း မှုများ ပြုလုပ်နေသည့် သတင်းများ ရရှိေ နကြောင်းလည်း သတင်းများ အရ သိရှိရပါသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ မြန်မာ့တပ်မတော်မှ စစ်ဘက်ရာထူးကြီး ပုဂ္ဂိုလ်တစ်ဦးနှင့် တွေ့ဆုံစဉ် မေးမြန်း ခဲ့ရာ ဒါက ဖြစ်နိုင်ပါတယ်။ တရုတ်ကတော့ ၀နဲ့ ကေအိုင်အေ အဖွဲ့ကို သူ့ရဲ့ ၀ှက်ဖဲလို အသုံးချမှာပဲ။ မြန်မာနိုင် ငံနဲ့ နယ်စပ် တရုတ်ပြည် ယူနန်ဆိုတာ တရုတ်ပြည်မ အစိုးရနဲ့ အုပ်ချုပ်မှု ပုံစံ မတူဘူး။ ပြည် မကြီးက တစ်မျိုး ပြောနေ ပေမယ့် ယူနန် အစိုးရက ယူနန်က တရုတ် စီးပွားရေး သမားရဲ့ လုပ်ငန်းတွေကို အပြည့် အ၀ အကာ အကွယ်ပေးလိမ့်မည် ဖြစ်ကြောင်း သိရသည်။ ကိုးကန့် ပြဿနာ ဖြစ်ခဲ့စဉ်က တ ရုတ်ပြည် ယူနန်တပ်များ စစ်ရေး ပြင်ဆင်ခဲ့ ဖူးသည်ဟုလည်း ၄င်းမှ ရှင်းပြခဲ့သည်။

အင်ကာအမျိုးသမီး မံမီရုပ်အလောင်းစစ်ဆေးမှု ရလဒ်များ

Posted by drmyochit Monday, January 28, 2013, under | No comments

လွန်ခဲ့သည့် နှစ်ပေါင်း (၅၀၀)ခန့်က စတေး သတ်ဖြတ်ခြင်း ခံခဲ့ရသည့် အင်ကာ အမျိုးသမီးငယ် တစ်ဦး၏ မံမီ ရုပ်အလောင်းကို စစ်ဆေးပြီးနောက် သူမသည် အဆုတ်တွင် ပိုးမွှားဝင်ရောက်မှု ဝေဒနာ ခံစားနေခဲ့ရကြောင်း ဖော်ထုတ်နိုင်ခဲ့သည်။ လွန်ခဲ့သည့် နှစ်ပေါင်း (၅၀၀)ခန့်က စတေး သတ်ဖြတ်ခြင်း ခံခဲ့ရသည့် အင်ကာ အမျိုးသမီးငယ် တစ်ဦး၏ မံမီ ရုပ်အလောင်းကို စစ်ဆေးပြီးနောက် သူမသည် အဆုတ်တွင် ပိုးမွှားဝင်ရောက်မှု ဝေဒနာ ခံစားနေခဲ့ရကြောင်း ဖော်ထုတ်နိုင်ခဲ့သည်။ ခေတ်မီ သုတေသနပြုမှု ရလဒ်များက အသက်(၁၅)နှစ်အရွယ် မိန်းကလေး ရုပ်အလောင်းနှင့် ပတ်သက်သော နောက်ထပ် လျှို့ဝှက်ချက် အသစ်များကို ထွက်ပေါ်လာစေခဲ့သည်။ အဆိုပါ ဆယ်ကျော်သက်အရွယ် မိန်းကလေးသည် သတ်ဖြတ်ခြင်း မခံရမီ ကတည်းက အဆုတ်တွင် ဘက်တီးရီးယား ပိုးမွှား ဝင်ရောက် တိုက်ခိုက်မှုနှင့် ကြုံထားရကြောင်း သိရှိရသည်။ ပညာရှင်များသည် မံမီရုပ်အလောင်းထံမှ တစ်သျှူးစ အချို့ကို ထုတ်ယူ စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။ မိန်းကလေး၏ အဆုတ်ရောဂါသည် သူမအတွက် မည်သည့် အတိုင်းအတာထိ သက်ရောက်ခဲ့သည်ကိုမူ တိတိကျကျ မသိနိုင်သေးချေ။

တရုတ်အစိုးရက ကမ္ဘောဒီးယား စစ်တပ်ကို လက်နက်တပ်ဆင် လေ့ကျင့်ပေးမည်

Posted by drmyochit Monday, January 28, 2013, under | No comments


တရုတ်နိုင်ငံသည် ကမ္ဘောဒီးယားစစ်တပ်အား စစ်ရေးလေ့ကျင့်ပေးရန် နှစ်နိုင်ငံ သဘောတူ စာချုပ် ချုပ်ဆို ခဲ့ပြီး ကမ္ဘောဒီးယား အစိုးရအား နောက်ဆုံးပေါ်စစ်လက်နက်များထေက်ပံ့သွားရန် စီစဉ်ဆောင်ရွက် လျှက်ရှိ ရာ ပထမ အသုတ်အဖြစ် စစ်သုံးရဟတ်ယာဉ် ၁၂ စီးပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။

မလေးကို လှေဖြင့် ခိုးထွက်မည့်သူ ၃၇ ဦးကို ဘင်္ဂလာဒေခ်ျ့အာဏာပိုင်များက ဖမ်းဆီး

Posted by drmyochit Monday, January 28, 2013, under | No comments

မလေးရှားနိုင်ငံကို မော်တော်ဘုတ် တစ်စီးဖြင့် ခိုးထွက်မည့်ဆဲဆဲ လူအုပ်စု တစ်ခုကို မြန်မာနယ်စပ် အနီးတွင် တည်ရှိသော ကော့စ်ဘဇားမြို့တွင် ဘင်္ဂလာဒေခ်ျ့ အာဏာပိုင်များက ယမန်နေ့က ဖမ်းဆီးလိုက်သည်။

နော်ဝေးအစိုးရမှ ကချင်စစ်ရပ်စဲရေး ကြားဝင်ဆောင်ရွက်ရန် မြန်မာတိုင်းရင်းသားများ ဆန္ဒထုတ်ဖော်

Posted by drmyochit Monday, January 28, 2013, under | No comments

 လက်ရှိကချင်ပြည်နယ်တွင်ဖြစ်ပွားနေသောစစ်ပွဲများ အမြန်ဆုံးရပ်စဲရေးနှင့် စစ်ပြေးဒုက္ခသည်များ၏ အသက်အိုးအိမ်လုံခြုံရေး အတွက် နော်ဝေးအစိုးရကကြားဝင်ဆောင်ရွက်ပေးရန် နော်ဝေးနိုင်ငံရောက် ကချင်တိုင်းရင်းသားများက ပြီးခဲ့သည့် စနေနေ့က နော်ဝေပါလီမန်နှင့်နိုင်ငံခြားရေး ၀န်ကြီးရုံးရှေ့တွင် ဆန္ဒပြတောင်းဆိုခဲ့သည်။

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်