စက်ယန္တရားယာဉ်များ ထုတ်လုပ်သည့် ကမ္ဘာ့ဒုတိယ အကြီးဆုံး ကုမ္ပဏီဖြစ်သော ဂျပန်နိုင်ငံမှ Komatsu ကုမ္ပဏီ အနေဖြင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် လာရောက်ဆွေးနွေးခဲ့ပြီး အင်္ဂလန် အခြေစိုက် ယန္တရားယာဉ်များ ထုတ်လုပ်သည့် ကုမ္ပဏီမှလည်း မြန်မာနိုင်ငံတွင် မြှုပ်နှံရန်အတွက် ဆွေးနွေးမှု ပြုလုပ်ခဲ့သည်ဟု သိရသည်။
ဂျပန်နိုင်ငံမှ Komatsu ကုမ္ပဏီမှာ ယခင်က လက်နက်များ ထုတ်လုပ်သည့် ကုမ္ပဏီတစ်ခု ဖြစ်ပြီးနောက်ပိုင်းတွင် တည်ဆောက်ရေးသုံး စက်ယန္တရားနှင့် ယာဉ်များ၊ သတ္တုတူးဖော်ရေး လုပ်ငန်းသုံး ယန္တရားယာဉ်များကိုသာ ထုတ်လုပ်သည့် ကုမ္ပဏီ ဖြစ်သည်။
Komatsu ကုမ္ပဏီ အနေဖြင့် ဇန်န၀ါရီလ ၂၅ ရက်နေ့က နေပြည်တော်ရှိ အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနသို့ လာရောက်ကာ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမည့် အခွင့်အလမ်းများ၊ မြန်မာနိုင်ငံ၏ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့် လုပ်ထုံးလုပ်နည်းများ အကြောင်း ဆွေးနွေးခဲ့သည်ဟု သိရသည်။
ယင်းအပြင် ဗြိတိန်နိုင်ငံမှ Cargotec UK Co.,Ltd မှလည်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန တာဝန်ရှိသူများနှင့် ဇန်န၀ါရီလ ၂၃ ရက်နေ့က လာရောက်တွေ့ဆုံပြီး မြန်မာနိုင်ငံ၏ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဥပဒေနှင့် လုပ်ထုံးလုပ်နည်းများ အကြောင်း ဆွေးနွေးခဲ့သည်ဟု သိရသည်။
Cargotec UK Co.,Ltd မှာလည်း တည်ဆောက်ရေး လုပ်ငန်းသုံး ယန္တရားယာဉ်များ ထုတ်လုပ်သည့် ကုမ္ပဏီ ဖြစ်သည်။မြန်မာနိုင်ငံ အနေဖြင့် နှစ်စဉ် စက်ယန္တရား၊ ယာဉ်နှင့် စက်ပစ္စည်း ကိရိယာများကို အမေရိကန်ဒေါ်လာ ဘီလျံဖြင့်ချီကာ တင်သွင်း အသုံးပြုနေရသည်။
Eleven
Time in Rangoon


0 comments:
Post a Comment