မြန်မာတိုင်းမ်ရဲ့ ရှယ်ယာအများဆုံးပိုင်ဆိုင်သူ ဒေါက်တာဒေါ်ခင်မိုးမိုးက ဂျာနယ်ရဲ့ အမှုဆောင်အရာရှိချုပ် ရော့စ်ဒန် ကလေကို ကိုယ်ထိလက်ရောက် စော်ကားမှုနဲ့ တရားစွဲလိုက်ပြီလို့ ဇန်နဝါရီ ၂၉ရက်နေ့မှာ ပြောဆို လိုက်ပါတယ်။
မြန်မာတိုင်းမ်ဂျာနယ်တိုက်ကို ဇန်နဝါရီ ၂၈ရက်နေ့ညနေမှာ သွားရောက်တဲ့အခါ အယ်ဒီတာချုပ်လည်းဖြစ်၊ အမှုဆောင် အရာရှိချုပ်လည်းဖြစ်တဲ့ သြစတြေးလျနိုင်ငံသား ရော့စ်ဒန်ကလေက မောင်းထုတ်ခဲ့ကြောင်း၊ ဒါ့အပြင် သူ့ကို တွန်းဖယ်ပြီး လက်ရောက် စော်ကားခဲ့တာကြောင့် ကျောက်တံတားရဲစခန်းမှာ အမှုဖွင့်ထား တယ်လို့ ပြည်မြန်မာဂျာနယ်တိုက်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
By Kamayut Media
Time in Rangoon

0 comments:
Post a Comment