Wednesday, January 30, 2013

နေပူတောင်ကိစ္စ ဗီယက်နမ်သံအမတ်နှင့် ပြည်နယ်အစိုးရ ဆွေးနွေး

Posted by drmyochit Wednesday, January 30, 2013, under | No comments



ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ် ရိုးမတောင်ပေါ်ရှိ မာလ်ဘယ်ကျောက် ထုတ်လုပ်ရေး လုပ်ငန်းအား အလျှင် အမြန် လုပ်ကိုင်နိုင်ရန်အတွက် ဗီယက် နမ်နိုင်ငံမှ သံအမတ် Mr.NChu Cong Phung၊ MYSICO ကုမ္ပဏီ မန်နေဂျင်း ဒါရိုက်တာ Mr. Ngagen Cong Kun တို့မှာ ရခိုင်ပြည်နယ် အစိုးရနှင့် ဇန်နဝါရီလ (၂၈) ရက်နေ့ က ဆွေးနွေးခဲ့ကြသည်။

လာမည့် ၂၀၁၃ ခုနှစ် နိုဝင်ဘာလတွင် ပထမတန်းစားကုန်ပစ္စည်းများ ထုတ်လုပ်နိုင်ရန်နှင့် ထုတ်ကုန် များကို ပြည်ပသို့ တင်ပို့နိုင်သည့် အဆင့် အထိ လုပ်ဆောင်သွားမည်ဖြစ်ကြောင်းကိုလည်း သိရသည်။

“နေပူတောင်ကျောက်ထုတ်လုပ်ငန်းစီမံကိန်းကို  စလုပ်တဲ့အချိန်မှာသတ္တုတွင်း သုတေသနနဲ့ မြန်မာ့ ရင်းနှီးမြုပ်နှံမှု ကော်မရှင်မှာ ကျွန်တော်တို့အတွက် လုပ်ငန်းလိုင်စင်ပေးထားခဲ့ပါတယ်။ အခုလေ့လာစီစဉ်တဲ့ အပိုင်း ကို ကူးသွားပြီး (၁၁) လပိုင်းမှာ ပထမတန်းစား ကုန်ပစ္စည်းများ ထုတ်လုပ်သွားမယ် ’’ ဟု သံအမတ်နှင့် အတူ လိုက်ပါလာသည့် MYSICO ကုမ္ပဏီမှ ဦးရဲသီဟက ပြောသည်။

နေပူတောင် ကျောက်ထုတ်လုပ်ရေးစီမံကိန်းအား ပြီးခဲ့သည့် ၂၀၁၂ခုနှစ်မှစတင်ကာ  MYSICO ကုမ္ပဏီမှ  လုပ်ငန်း စတင်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ကျောက်များကို အိမ်တွင်းအလှဆင်ပစ္စည်းအဖြစ် အသုံးပြုနိုင်သလို ပန်းပု ဆင်းတုတော်များ အဖြစ်လည်း ထုဆစ်နိုင်ကြောင်း သိရသည်။

“ဒီကျောက်တွေကို ကြမ်းခင်း၊ နံရံမှာ ကပ်တယ်။ သူက မပူဘူး။ အေးမြတယ်” ဟု နေပူတောင် ဒေသခံ တစ်ဦးက ပြောသည်။

နေပူတောင်သည် တောင်ကုတ်မြို့နယ်တောင်ကုတ် တောင်ကြားလမ်း (၂၉) မိုင် (၄) ဖာလုံတွင်တည်ရှိရာ ရိုးမတောင်ပေါ် တွင်ရှိပြီး ရခိုင်ရိုးမ၏  တစ်ခုတည်းသော အလှဆင်ကျောက် (မာဘယ်လ်) ထွက်ရှိရာတောင် ကြီးဖြစ်သည်။ ပင်လယ်ရေပြင်မှ (၂၂၂၃) ပေမြင့်ပြီး  တောင်၏သက်တမ်းမှာ  (၇၅) သန်းကျော် ရှိသည်။

၎င်းမှ ထွက်ရှိသည့်ကျောက်များကို ဗီယက်နမ်နိုင်ငံ MYSICO ကုမ္ပဏီမှ ရန်ကုန်မြို့သို့ တင်ပို့လျှက်ရှိပြီး (၂၅) နှစ် စီမံကိန်း လုပ်ဆောင်ရန် မြန်မာ့ ရင်းနှီးမြုပ်နှံမှုကော်မရှင်က လုပ်ငန်းလိုင်စင် ထုတ်ပေး ခဲ့ခြင်းဖြစ် သည်။

Myit Ma Kha

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်