Wednesday, January 30, 2013

ဗင်နီဇွဲလား အကျဉ်းထောင် အဓိကရုဏ်း လူ ၅၀ ဦးသေဆုံး

Posted by drmyochit Wednesday, January 30, 2013, under | No comments


ဗင်နီဇွဲလားနိုင်ငံ အနောက်မြောက် ဘက်ရှိ အကျဉ်းထောင် တစ်ခုတွှင် ရုန့်ရင်းဆန်ခတ်ဖြစ်ပွားရာ၌ အနည်းဆုံး လူ ၅၀ ဦး သေဆုံး ကာ ၉၀ ဦး ထိခိုက် ဒဏ် ရာရရှိခဲ့ကြောင်း သိရသည်။

ပဋိပက္ခဖြစ်ပွားသည့် အကျဉ်း ထောင်မှာ လာရာပြည်နယ်ရှိ အူရီဘာနာ အကျဉ်းထောင်ဖြစ်ပြီး အများစုမှာ သေနတ်ထိ မှန်ကာ ဒဏ်ရာရရှိခဲ့ ခြင်း ဖြစ်ကြောင်း ဆေးရုံမှ တာဝန်ကျ အရာ ရှိတို့က ပြောကြားခဲ့သည်။ သတင်းမီ ဒီယာတို့၏ အဆိုအရ မွန်းလွှဲပိုင်း မတိုင်မီ ဒဏ်ရာ ရရှိထားသော အကျဉ်း သား ၁၄ဦး ဆေးရုံသို့ ရောက်ရှိ လာခဲ့ ပြီး ဒဏ္ဍ်ရာပြင်းထန် လှသည့်အတွက် ခွှဲစိတ် ကုသ ရမည်ဖြစ်ကြောင်း ဖော်ပြခဲ့ ကြသည်။


ဗင်နီဇွဲလား နိုင်ငံ၏ အချုပ်ခန်းနှင့် အကျဉ်းထောင်များ ဆိုင်ရာ တာဝန်ရှိ အစိုးရ ၀န်ကြီး အိုင်ရစ်ဗာရီလာ၏ အ ဆိုအရ အကျဉ်းထောင် အာဏ္ဍာပိုင် တို့က အကျဉ်းထောင်တွင်းရှိ အကျဉ်း သားများထံတွင် သိုဝှက် ထားသော သေနတ်များရှိ မရှိ စစ်ဆေးမှုပြုချိန်တွင် အကျဉ်းသား တို့က ပုန်ကန်မှုပြုရာမှ ရုန့်ရင်း ဆန်ခတ်ဖြစ် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဓိကရုဏ်း ဖြစ်ပွားရာတွင် သေကျေ ဒဏ်ရာရရှိသူ အကျဉ်းသားအရေ အတွက် အတိအကျကို ဖော်ပြနိုင်သေး ခြင်းမရှိကြောင်း မစ္စတာ ဗာရီလာ က ပြောကြားခဲ့သည်။ ဗင်နီဇွဲလားနိုင်ငံရှိ အကျဉ်းထောင်များမှာ အကျဉ်းထောင် အဆောက်အအုံနှင့် အကျဉ်းသားဦးရေမျှ တမှုမရှိဘဲ အကျဉ်းသား ၁၄၀၀၀ ဆံ့အကျဉ်းထောင်များတွင် အကျဉ်း သား ၅၀၀၀၀ နီးပါးခန့်ထားရှိကြောင်း သိရသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်