Wednesday, January 30, 2013

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု နည်းဥပဒေ ဇန်နဝါရီ ၃၁ တွင် ပြဋ္ဌာန်းမည်

Posted by drmyochit Wednesday, January 30, 2013, under | No comments

ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံသူများ မျှော်လင့်နေသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု နည်းဥပဒေကို ဇန်နဝါရီ ၃၁ ရက်တွင် ထုတ်ပြန်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ သတင်းရရှိသည်။ “နောက်ဆုံးအဆင့် အားလုံးပြီးနေပြီ။ ထွက်ဖို့ပဲ ရှိတော့တယ်။ နိုင်ငံခြားသား လုပ်ငန်းရှင်တွေက ဒါကို စောင့်နေကြတာ” ဟု ကော်မရှင်မှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ဆိုသည်။ 

ယခင်က နိုင်ငံခြားကုမ္ပဏီများ လုပ်ငန်းလုပ်ကိုင်ရန် ကမ်းလှမ်းအဆိုပြုမှုမှာ သုံးလမှာ ကုမ္ပဏီ တစ်ခုလောက်သာ ရှိသော်လည်း ဥပဒေထွက်ပြီးနောက်ပိုင်း အပတ်စဉ် အစည်းအဝေးတိုင်းတွင် ကုမ္ပဏီနှစ် ခုမှ သုံးခုကြားရှိသည်။ ယခုနှစ်ဆန်းပိုင်းမှစ၍ နည်းဥပဒေထွက်ရန် နီးစပ်လာချိန်တွင် ပိုများ လာကြောင်း အထက်ပါပုဂ္ဂိုလ်က ရှင်းပြသည်။ “နည်းဥပဒေထွက်လာမှုပေါ် မူတည်ပြီး ဘာဆက် လုပ်ရ မယ်ဆိုတာ ကွက်ကွက်ကွင်းကွင်းသိမှ ရင်းနှီးမြှုပ်နှံမှုက ဝင်လာမှာ။ လောလောဆယ် ကောလာ ဟလတွေ သို့လော သို့လောနဲ့ပဲ ဝင်မလာကြသေးဘူး” ဟု မြန်မာနိုင်ငံ ကုန်သည်စက်မှု အသင်းချုပ် (UMFCCI) မှ ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးက ဆိုသည်။

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု နည်းဥပဒေ ထွက်လာပါက ပြည်တွင်း သို့ ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာပြီး အလုပ် အကိုင် အခွင့်အလမ်းများ ပိုမို ရရှိလာနိုင်မည် ဖြစ်သော်လည်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေတွင် ပြည်ပ လုပ်ငန်းရှင် များအတွက် အခွန်ကင်းလွတ်ခွင့်များ ရှိနေသဖြင့် ပြည်တွင်းတိုင်းရင်းသား လုပ်ငန်း ရှင်များ အတွက် အကာအကွယ်များလည်း လိုအပ်ကြောင်း လှိုင်သာယာစက်မှုဇုန် စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ဦးမြတ်သင်းအောင်က ရှင်းပြသည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေကို အခန်း (၂၀)နှင့် နိုဝင်ဘာ ၂ ရက်က ၂၀၁၂ ခုနှစ် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် (၂၁)ဖြင့် ပြဋ္ဌာန်းခဲ့သည်။ 

ဥပဒေမှာ အကျဉ်းချုပ်သာ ဖော်ပြထားပြီး နည်းဥပဒေတွင် အသေးစိတ် အချက်အလက်များ ပါဝင်မည်ဖြစ် သည်။ တိုင်းရင်းသား လုပ်ငန်းရှင်များ အကျိုးအတွက် ပြဋ္ဌာန်းရန် လိုအပ်နေသည့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံ မှု ဥပဒေကြမ်းကို ဇန်နဝါရီ ၂၃ ရက်တွင် လွှတ်တော်က အတည်ပြုခဲ့ကြောင်း ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့ထုတ် 7 Day News ဂျာနယ်တွင် ဖော်ပြထားပါသည်။ 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်