ရန်ကုန်၊ ဇန်နဝါရီ ၂၉
မြန်မာနိုင်ငံမှ ပေးရန်ရှိသော ကြွေးမြီ ကန်ဒေါ်လာ သန်းပေါင်း ၆ဝဝဝ ကျော်ကို ပါရီကလပ် မြီရှင်နိုင်ငံ များက လျှော်ပေးလိုက်ပြီဟု သမ္မတ၏ စီးပွားရေး အကြံပေး ဦးဇော်ဦးက ပြော သည်။
၁၉၈၈ နောက်ပိုင်း မပေးဆပ်ဘဲ နေလာခဲ့သော အဆိုပါကြွေးမြီများကို နိုင်ငံတကာ အဖွဲ့အစည်းတစ်ခုဖြစ် သော ပါရီကလပ်အဖွဲ့က လျှော်ပေး ခဲ့ခြင်းဖြစ်ပြီး ဘဏ္ဍာ/ အခွန် ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့ သွားရောက် ညှိနှိုင်းစဉ် သဘောတူ လက်ခံခဲ့ကြခြင်း ဖြစ် သည်ဟု ၎င်းက ဆိုသည်။
''ဇန်နဝါရီလ ၂၄ရက်နေ့ မနက် ၉ နာရီကတည်းက ဆွေးနွေးခဲ့ တာ၊ နောက်တစ်နေ့ မနက် ၄ နာရီကျမှ သဘော တူခဲ့တယ်''ဟု အဖွဲ့ဝင်အဖြစ် လိုက်ပါခဲ့သူဦးဇော်ဦးကပြောသည်။
ပါရီကလပ် မြီရှင်နိုင်ငံများက လွယ်လွယ်ကူကူ သဘောတူ လက်ခံခဲ့ခြင်းမျိုး မဟုတ် ဘဲ မြန်မာဘက်မှ အကြိတ် အနယ် ဆွေးနွေးမှသာ သဘောတူမှုရရှိခဲ့ခြင်း ဖြစ်သည်ဟု သိရှိရသည်။
ဦးဇော်ဦးက ''မြန်မာက အထီး ကျန်နိုင်ငံအဖြစ်ကနေ အခု ပြုပြင်ပြောင်းလဲနေပြီ၊ အသွင်လည်း ကူးပြောင်းနေပြီ၊ ဒီတော့ အကူအညီလို တယ်၊ ကြွေးတွေကိုသာ မချိမဆံ့ ဆပ်နေရမယ်ဆိုရင် တိုးတက် ဖို့ကလမ်းစ မရှိဘူး။ နောက်ပြီး ကျွန်တော်တို့ က နိုင်ငံတကာနဲ့ ဆက်ဆံရမှာ။ ဒီတော့ ကြွေးရှိနေရင် ဘယ်ဖြစ် မလဲ။ ဒီလိုပေါ့၊ ဟိုဘက်က ပြောတာက မင်း တို့ကို လျှော်ပစ်ရင် အခြားနိုင်ငံတွေကလည်း ပြောလာကြ မယ်တဲ့။ သူ့ဘက်ကလည်း ပြော မှာပဲ။ ဒါပေမဲ့ ကျွန်တော်တို့အဖွဲ့ သမိုင်းဝင် ဆောင် ရွက် နိုင်ခဲ့ ပါတယ်''ဟု ဆက်ပြောသည်။
လက်ရှိတွင် ပြည်ပနိုင်ငံများ အပေါ် ကြွေးကျန်ရှိမှုများ ယခင် ကြွေး စုစုပေါင်း၏ ၄ဝ ရာခိုင်နှုန်း လောက်သာ ရှိတော့ပြီး၊ ညှိနှိုင်းမှုနှင့် မေတ္တာရပ် ခံမှုများကြောင့် ယင်းမှာ လည်း ပြဿနာတစ်ရပ် မဟုတ် နိုင်တော့ကြောင်း ၄င်းက သုံးသပ်သည်။
ထို့အပြင် ဂျပန်အနေဖြင့် မြန် မာအပေါ်တင်ရှိနေသည့် ကြွေးမြီကန် ဒေါ်လာ ၃ ဘီလျံကျော် ကို လျှော်ပေးခဲ့ပြီးသည့်အပြင် ယခုအခါ ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင် ရွက်ရေးဘဏ်မှ မြန်မာမှ ကမ္ဘာ့ဘဏ် သို့ ပေးရန်ရှိသော ကြွေးမြီကန်ဒေါ် လာသန်း ၄၄ဝ နှင့် အာရှဖွံ့ဖြိုးရေး ဘဏ်သို့ ပေးရန်ရှိသည့် ကန်ဒေါ်လာ ၅၁၂ သန်းတို့ကို ပေါင်းကူး ချေးငွေ အဖြစ် ကူညီပေးဆပ်ခဲ့သည်။
နှစ် ၃ဝ ခန့်ကြာ ယင်းကြွေးမြီ များမဆပ်နိုင်ခဲ့ခြင်းကြောင့် ကြွေးမြီသစ်များချေးမည့် အစီအစဉ်ကို ရပ်ဆိုင်း ထားခြင်း ခံရပြီး ယခုအခါ ဂျပန် ၏ ပေါင်းကူးချေးငွေဖြင့် ကူညီပေး ဆပ်မှုကြောင့် ကမ္ဘာ့ဘဏ်နှင့် အာရှ ဖွံ့ဖြိုးရေး ဘဏ်မှ ငွေထပ်ချေးခွင့်ရရှိ မည်ဟု သိရသည်။
ကြွေးမြီ များကြောင့် ဖွံ့ဖြိုးမှုလုပ် ငန်းများလုပ်ရာတွင် ဝန်ထုပ်ဝန်ပိုးများ ရှိနေခဲ့ကြောင်း၊ ယခုမရှိတော့၍ ဖွံ့ဖြိုးမှု လုပ်ငန်းများကို အင်အား ထည့် ဆောင်ရွက်နိုင်တော့ မည် ဖြစ်ကြောင်း သမ္မတစီးပွားရေး အကြံပေး က သုံးသပ်သည်။
ပါရီကလပ်မြီရှင်နိုင်ငံများ အဖွဲ့ ကို အဖွဲ့ဝင် ၁၉ နိုင်ငံဖြင့် ၁၉၅၆ ခုနှစ်တွင် စတင် ဖွဲ့စည်းခဲ့ပြီး သြစ တြေးလျ၊ ဖင်လန်၊ ဒိန်းမတ်၊ ကနေဒါ၊ တောင် ကိုရီးယား၊ ဂျပန်၊ စပိန်၊ အမေရိကန်၊ ပြင်သစ် စသော နိုင်ငံများပါဝင် ပြီး မြန်မာနိုင်ငံ၏ နိုင်ငံခြား ကြွေးမြီစုစုပေါင်း မှာ ကန်ဒေါ်လာ ၁ဝ ဒသမ ၃၃ ဘီလျံ ရှိသည်။
Popular Myanmar News Journal
Time in Rangoon

0 comments:
Post a Comment