
ဂျန်ီဖာ အနစ္စတန်က သူမအနေဖြင့် သားသမီး မရှိခြင်းကို စိတ်ပျက်စရာဟု လုံးဝ မယူဆကြောင်း ထုတ်ဖော် ပြောကြားလိုက်သည်။ ယခင်က ဟောလီးဝုဒ် နာမည်ကျော်မင်းသား ဘရတ်ပစ်တ်နှင့် အိမ်ထောင်ကျဖူးသလို လတ်တလောတွင် မင်းသား ဂျက်စတင် သောရက်စ်နှင့် စေ့စပ်ထားသည့်တိုင် အနစ္စတန် အနေဖြင့် ကလေးယူရန် လုံးဝ မစဉ်းစားသေးချေ။ သူမအသက်သည် (၄၄)နှစ် ရှိနေပြီ ဖြစ်ခြင်းကြောင့် မိသားစု တစ်ခုကို သိုက်သိုက်ဝန်းဝန်း ထူထောင်ရန် အချိန်အခါ သင့်နေပြီဟု ဝေဖန် အကြံပြုမှုများ ရှိနေသော်လည်း အနစ္စတန် ကိုယ်တိုင်ကမူ...